ေဘာလုံးရာသီတုိင္းလုိလုိမွာ အာဆင္နယ္အသင္းရဲ႕အားအနည္းဆုံးအပုိင္းျဖစ္ေနခဲ႔ရတဲ႔ ခံစစ္ပုိင္းအတြက္ ျပင္ဆင္မႈေတြကုိ ျပဳလုပ္သြားဖုိ႔အတြက္ လက္ရွိေဆာင္းရာသီေစ်းကြက္မွာ ကစားသမားသစ္ ေခၚယူျဖည့္တင္းမႈေတြ လုပ္ေဆာင္ဖြယ္ရွိလုိ႔ေနၿပီး ခံစစ္ကစားသမား ေတာ္ေတာ္မ်ားမ်ားကုိ ပစ္မွတ္ထားလ်က္ရွိကာ အခုအခါမွာေတာ့ အာဆင္နယ္နည္းျပ အာတီတာဟာ သူရဲ႕အသင္းေဟာင္း မန္စီးတီးအသင္းရဲ႕ေနာက္ခံကစားသမား ဂြ်န္စတုန္းကုိ ေခၚယူဖုိ႔ အထူးစိတ္ဝင္စားလာခဲ႔ၿပီး အငွားစာခ်ဳပ္နဲ႔ ကမ္းလွမ္းမႈေတြ လုပ္ေဆာင္လာဖြယ္ရွိေနတယ္လုိ႔ သတင္းမီဒီယာေတြကေန ေဖာ္ျပလာခဲ႔ပါတယ္။

Photo Credit : Metro

အသက္၂၅ႏွစ္အရႊယ္ရွိ အဂၤလန္လက္ေရြးစင္ ဗဟုိေနာက္ခံကစားသမား ဂြ်န္စတုန္းဟာ မန္စီးတီးအသင္းအတြက္လည္း အဓိကေနာက္ခံလူျဖစ္ေပမယ့္လည္း သူရဲ႕ဒဏ္ရာျပသာနာေတြေၾကာင့္ ပုံစံေကာင္းျပန္ရေအာင္ မနည္းႀကိဳးပမ္းေနရတဲ႔အျပင္ ဒီရာသီမွာလည္း မန္စီးတီးအသင္းအတြက္ ပြဲထြက္ကစားခြင့္ေတြ နည္းပါးေနတာေၾကာင့္ သူနဲ႔ေအးဂ်င့္အတူတူျဖစ္ေနတဲ႔အျပင္ မန္စီးတီးအသင္းမွာ လက္တြဲခဲ႔ဖူးတဲ႔ အာတီတာက စတုန္းကုိ အာဆင္နယ္အသင္းဆီ ေခၚေဆာင္သြားခ်င္ေနတာျဖစ္ပါတယ္။ ေနာက္ဆက္တြဲသတင္းေတြအရ မန္စီးတီးအသင္းဘက္ကေနသာ ခြင့္ျပဳမယ္ဆုိရင္ အာဆင္နယ္ဘက္ကေန ရာသီကုန္အငွားစာခ်ဳပ္နဲ႔ ေခၚယူဖြယ္ရွိေနတယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Fox Sports

ဂြ်န္စတုန္းဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြင္း ပြဲေပါင္း၁၀ပြဲကုိသာ ပါဝင္ကစားထားခဲ႔ရၿပီး ၿပိဳင္ပြဲစုံမွာလည္း ၁၄ပြဲပဲ ပါဝင္ကစားထားရတာျဖစ္လုိ႔ လာမယ့္ယူရုိ-၂၀၂၀ ေဘာလုံးၿပိဳင္ပြဲႀကီးအတြင္း အဂၤလန္လက္ေရြးစင္အသင္းအတြက္ ေရြးခ်ယ္ခံရဖုိ႔ အခြင့္အေရးေတြ နည္းပါးလာႏုိင္တာေၾကာင့္ စတုန္းအေနနဲ႔ သူရဲ႕ဆရာဟာင္းျဖစ္ခဲ႔ဖူးတဲ႔ အာတီတာနဲ႔ အာဆင္နယ္အသင္းမွာ ျပန္လည္လက္တြဲဖြယ္ရွိေနတယ္လုိ႔ ခန္႔မွန္းေျပာဆုိမႈေတြ ရွိလာခဲ႔ပါတယ္။ ဒါေပမယ့္လည္း မန္စီးတီးအသင္းဟာ လက္ရွိမွာ ခံစစ္ပုိင္းျပသာနာေတြနဲ႔ ဆက္လက္ရင္ဆုိင္ေနရၿပီး ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီျဖစ္တဲ႔ လာေပၚေတးမွာလည္း ျပန္လည္ပြဲထြက္ႏုိင္ျခင္းမရွိေသးတာေၾကာင့္ စတုန္းကုိ အသင္းကေန လက္လြတ္ဖုိ႔ဆုိတာ ျဖစ္ႏုိင္ေျခနည္းပါးေနပါတယ္။ ဒါေၾကာင့္ အာဆင္နယ္အသင္းဟာ ေနာက္ထပ္ခံစစ္ကစားသမားအျဖစ္ အခုေဆာင္းရာသီေစ်းကြက္မွာ ဘုိင္ယန္ျမဴးနစ္အသင္းကေန ထြက္ခြာဖုိ႔ ေသခ်ာသေလာက္ရွိေနတဲ႔ ဂ်ရုန္းဘုိတန္ကုိ ေခၚယူသြားဖုိ႔ကုိလည္း ေအစီမီလန္အသင္းနဲ႔အၿပိဳင္ ႀကိဳးပမ္းေနလ်က္ရွိေနပါတယ္။

(Unicode)

မန်စီးတီးခံစစ်မှူးကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်လာခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာ

ဘောလုံးရာသီတိုင်းလိုလိုမှာ အာဆင်နယ်အသင်းရဲ့အားအနည်းဆုံးအပိုင်းဖြစ်နေခဲ့ရတဲ့ ခံစစ်ပိုင်းအတွက် ပြင်ဆင်မှုတွေကို ပြုလုပ်သွားဖို့အတွက် လက်ရှိဆောင်းရာသီစျေးကွက်မှာ ကစားသမားသစ် ခေါ်ယူဖြည့်တင်းမှုတွေ လုပ်ဆောင်ဖွယ်ရှိလို့နေပြီး ခံစစ်ကစားသမား တော်တော်များများကို ပစ်မှတ်ထားလျက်ရှိကာ အခုအခါမှာတော့ အာဆင်နယ်နည်းပြ အာတီတာဟာ သူရဲ့အသင်းဟောင်း မန်စီးတီးအသင်းရဲ့နောက်ခံကစားသမား ဂျွန်စတုန်းကို ခေါ်ယူဖို့ အထူးစိတ်ဝင်စားလာခဲ့ပြီး အငှားစာချုပ်နဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာဖွယ်ရှိနေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Metro

အသက်၂၅နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဂျွန်စတုန်းဟာ မန်စီးတီးအသင်းအတွက်လည်း အဓိကနောက်ခံလူဖြစ်ပေမယ့်လည်း သူရဲ့ဒဏ်ရာပြသာနာတွေကြောင့် ပုံစံကောင်းပြန်ရအောင် မနည်းကြိုးပမ်းနေရတဲ့အပြင် ဒီရာသီမှာလည်း မန်စီးတီးအသင်းအတွက် ပွဲထွက်ကစားခွင့်တွေ နည်းပါးနေတာကြောင့် သူနဲ့အေးဂျင့်အတူတူဖြစ်နေတဲ့အပြင် မန်စီးတီးအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ အာတီတာက စတုန်းကို အာဆင်နယ်အသင်းဆီ ခေါ်ဆောင်သွားချင်နေတာဖြစ်ပါတယ်။ နောက်ဆက်တွဲသတင်းတွေအရ မန်စီးတီးအသင်းဘက်ကနေသာ ခွင့်ပြုမယ်ဆိုရင် အာဆင်နယ်ဘက်ကနေ ရာသီကုန်အငှားစာချုပ်နဲ့ ခေါ်ယူဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Fox Sports

ဂျွန်စတုန်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ပွဲပေါင်း၁၀ပွဲကိုသာ ပါဝင်ကစားထားခဲ့ရပြီး ပြိုင်ပွဲစုံမှာလည်း ၁၄ပွဲပဲ ပါဝင်ကစားထားရတာဖြစ်လို့ လာမယ့်ယူရို-၂၀၂၀ ဘောလုံးပြိုင်ပွဲကြီးအတွင်း အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရဖို့ အခွင့်အရေးတွေ နည်းပါးလာနိုင်တာကြောင့် စတုန်းအနေနဲ့ သူရဲ့ဆရာဟာင်းဖြစ်ခဲ့ဖူးတဲ့ အာတီတာနဲ့ အာဆင်နယ်အသင်းမှာ ပြန်လည်လက်တွဲဖွယ်ရှိနေတယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ရှိလာခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးအသင်းဟာ လက်ရှိမှာ ခံစစ်ပိုင်းပြသာနာတွေနဲ့ ဆက်လက်ရင်ဆိုင်နေရပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်တဲ့ လာပေါ်တေးမှာလည်း ပြန်လည်ပွဲထွက်နိုင်ခြင်းမရှိသေးတာကြောင့် စတုန်းကို အသင်းကနေ လက်လွတ်ဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါးနေပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းဟာ နောက်ထပ်ခံစစ်ကစားသမားအဖြစ် အခုဆောင်းရာသီစျေးကွက်မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့ သေချာသလောက်ရှိနေတဲ့ ဂျရုန်းဘိုတန်ကို ခေါ်ယူသွားဖို့ကိုလည်း အေစီမီလန်အသင်းနဲ့အပြိုင် ကြိုးပမ်းနေလျက်ရှိနေပါတယ်။