ပြီးခဲ့တဲ့ ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ မန်ချက်စတာစီးတီးအသင်းအတွက် သွင်းဂိုး(၄)ဂိုးထိ သွင်းယူနိုင်ခဲ့တဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးဟာ အသင်းမှာ အနာဂတ် မရေမရာ ဖြစ်နေသလို သူ့ကို အာဆင်နယ်အသင်းဘက်ကလည်း ခေါ်ယူသွားဖို့ ပြင်ဆင်လျက် ရှိနေပြီး လာမယ့်နွေစျေးကွက်ထဲမှာပဲ အရခေါ်ယူနိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်လို့နေပါတယ်။

Gabriel Jesus is refusing to commit his future to Man City

Photo Credit : The Sun

မန်စီးတီးအသင်းရဲ့ ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂျေဇူးဟာ ၂၀၁၇ခုနှစ်ကတည်းက ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်အသင်းကနေ မန်စီးတီးအသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး အသင်းအတွက် ပွဲပေါင်း(၂၃၀) ပါဝင်ကစားခဲ့သလို သွင်းဂိုးစုစုပေါင်း (၉၃)ဂိုးထိ သွင်းယူခဲ့တဲ့အပြင် ပရီးမီးယားလိဂ်ချန်ပီယံဆု (၃)ကြိမ် လိဂ်ဖလား(၃)ကြိမ်နဲ့ အက်အေဖလား (၁)ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဂျေဇူးဟာ လာမယ့် ၂၀၂၃ခုနှစ်မှာပဲ စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်က ဂျေဇူးကို သက်တမ်းထပ်တိုးဖို့ အစီအစဉ် မရှိသလို ဖြစ်နေတာကြောင့် အာဆင်နယ်ဘက်က အသင်းတိုက်စစ်ပိုင်း လိုအပ်ချက်ကို ဖြည့်ဆည်းသွားဖို့ ဂျေဇူးကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

Gabriel Jesus sends transfer message with Man City future in doubt - Stuart  Brennan - Manchester Evening News

Photo Credit : Manchester Evening News

မန်စီးတီးအသင်းဟာ လာမယ့်စျေးကွက်ထဲ ဒေါ့မွန်အသင်းရဲ့ နော်ဝေကြယ်ပွင့် တိုက်စစ်မှူး အာလင်းဟာလန်းကို ခေါ်ယူသွားဖို့ အသေအချာ စီစဉ်နေလျက်ရှိရာ ဟာလန်းသာ အသင်းဆီ ရောက်ရှိလာခဲ့မယ်ဆိုရင် ဂျေဇူးရဲ့ အနာဂတ်က ဝေဝါးလာနိုင်ဖွယ် ရှိနေတဲ့အတွက် ဂျေဇူးအနေနဲ့ စီးတီးနဲ့ လက်တွဲဖြုတ်ဖွယ် ရှိလာနိုင်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အနာဂတ် မရေမရာ ဖြစ်နေရတဲ့ ဂျေဇူးကို အာဆင်နယ်အသင်းဘက်က စိတ်ဝင်စားလာခဲ့ပြီး နွေစျေးကွက်ထဲမှာပဲ ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ နည်းပြပတ်ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်ခဲ့ဖူးပြီး လက်ရှိ အာဆင်နယ်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြအာတီတာက ဂျေဇူးကို အသင်းရဲ့ အဓိက ပစ်မှတ်အဖြစ်နဲ့ သတ်မှတ်ထားတာဖြစ်ပြီး ဂျေဇူးကတော့ ဝက်ဖို့ဒ်နဲ့ ပွဲစဉ်အပြီးမှာ သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းလာသမျှတွေကို ပြန်လည်ဖြေဆိုသွားဖို့ ပယ်ချထားခဲ့ပြီး လက်ရှိရာသီကိုသာ အာရုံစိုက်ထားချင်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေပေမယ့် အာဆင်နယ်အသင်းဘက်ကတော့ သူတို့ရဲ့ ပစ်မှတ်ဖြစ်တဲ့ ဂျေဇူးကို အရခေါ်ယူသွားနိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်လျက် ရှိနေပြီး ဒီအပြောင်းအရွှေ့ ဖြစ်လာနိုင်ဖို့ကိုလည်း အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အီဒူးက ကြိုးပမ်းလျက် ရှိနေပါတယ်။