ပရီးမီးယားလိဂ် ပြန်လည်စတင်ကစားချိန်ကနေစပြီး နိုင်ပွဲတွေ တောက်လျှောက်ရယူနေပြီး ချန်ပီယံလိဂ်ဝင်ခွင့်အထိပါ မျှော်မှန်းလာခဲ့တဲ့ ဝုလ်ဗ်အသင်းကတော့ ဒီနေ့ညမှာ ခြေပြန်မှန်နေတဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၃) ပွဲကျပ်ပွဲစဉ်ကို ရင်ဆိုင်ကစားခဲ့ရကာ ဧည့်သည်အာဆင်နယ်အသင်းက (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်ဝုလ်ဗ်အသင်းဘက်မှာ ဂျီမီနက်ဇ် ထရာအိုရေး မော်တင်ဟို ဒိုဟာတီ နေးဗက်စ် ဂျွန်နီ ဒန်ဒွန်ကာ ဘိုလီ ဆာအိ ကိုအာဒီနဲ့ ပက်ထရစ်စီယိုတို့ ပါဝင်လာခဲ့သလို အာဆင်နယ်ကလည်း အူဘာမီယန်း  အန်ခီတီယက်ခ် ဆာခါ ဆွာရက်စ် စီဘယ်ယို့စ် ချာကာ ကိုလာစီနက် ဒေးဗစ်လူးဝစ်ဇ် မူစတာဖီနဲ့ မာတီနက်ဇ်တို့ကို အသုံးပြုခဲ့ပါတယ်။ ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ အာဆင်နယ်ရဲ့ခံစစ်နဲ့ ကွင်းလယ်ပိုင်းတွေ အမှားအယွင်းနည်းစွာ ကစားသွားခဲ့လို့ ဝုလ်ဗ်က အရင်ပွဲတွေကလို တိုက်စစ်ကို ထိထိရောက်ရောက်မဆင်နိုင်ခဲ့ပဲ ဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။ ပုံမှန်ထက် ပိုကောင်းအောင် ကစားပြနိုင်တဲ့ အာဆင်နယ်ကတော့ ပထမပိုင်းပြီးခါနီးမှာပဲ ဆာခါရဲ့မြေမကျကန်ချက်နဲ့ ဦးဆောင်ခွင့်စတင်ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်းမှာ ချေပဂိုးပြန်လည်သွင်းယူနိုင်ဖို့အတွက် ဝုလ်ဗ်အသင်းက ဒန်ဒွန်ကာကိုထုတ်ပြီး ဂျိုတာကို ထည့်သွင်းကာ တိုက်စစ်ကို မြင့်တင်လာခဲ့ပေမယ့်လည်း မိနစ်(၆၀)ကျော်လာချိန်ထိ ဂိုးပေါက်တည့်ကန်ချက်တွေ မရသေးသလို အာဆင်နယ်ခံစစ်ကလည်း ပုံစံကောင်းပြနိုင်ခဲ့ပါတယ်။ ပွဲတော်တော်များများ ဒုတိယပိုင်းမှ သွင်းဂိုးတွေရတတ်တဲ့ ဝုလ်ဗ်အသင်းဟာ ဒီပွဲမှာတော့ အာဆင်နယ်ရဲ့ခံစစ်ကို ကျော်လွှားဖို့ ခက်ခဲနေတဲ့အပြသ် (၈၅)မိနစ်မှာလည်း လူစားဝင် တိုက်စစ်မှူးလာကာဇက်က ဒုတိယဂိုးသွင်းယူနိုင်ခဲ့လို့ အာဆင်နယ်ရဲ့နိုင်ပွဲက ပြတ်သားသွားခဲ့ရပါတယ်။