ဒီနေ့ ဇွန်လ(၂၅)ရက်နေ့ ကြာသပတေးနေ့ည (၁၁)နာရီခွဲအချိန်မှာတော့ ပရီးမီးယားလိဂ်(၃၁)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အမှတ်သိပ်မလိုအပ်တော့တဲ့ ဆောက်သမ်တန်အသင်းနဲ့ (၂)ပွဲဆက်တိုက် ရှံးပွဲတွေ့ထားရတဲ့ အာဆင်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပွဲစဉ်မှာတော့ ဧည့်သည်အာဆင်နယ်အသင်းက (၂)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အာဆင်နယ်အသင်းက ဒီနေ့ပွဲစဉ်မှာ ၄-၃-၃ ကစားကွက်ကို အသုံးပြုလာခဲ့ပြီး အူဘာမီယန်း ပေပေ အန်ကီတာယက် ဆာခါ ချာကာ စီဘယ်လော့စ် ဟိုဒင်း ဘယ်လာရင် မူစတာဖီ တီယာနေးနဲ့ မာတီနက်ဇ်တို့ကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းအသုံးပြုလာခဲ့ပါတယ်။ အိမ်ရှင်ဆောက်သမ်တန်အသင်းဘက်မှာလည်း ဒန်နီအင့်စ် ဟော့ဘတ်ချ် ဘတ်နာရတ်ဒ် ဘာထရန် အော့ဘဖီမီ ရက်ဒ်မွန် ဝက်စ်ပရောက် အမ်းစထရောင်း စတီဖင်စ် ဗယ်လာရီနဲ့ မက္ကာသီတို့ ပါဝင်လာခဲ့ပါတယ်။ အာဆင်နယ်က ပွဲအစပိုင်းမှာပဲ ဆောက်သမ်တန်ဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး ဂိုးရနိုင်လောက်မယ့် အခွင့်အရေးတွေလည်း ပိုင်ဆိုင်ခဲ့ပေမယ် ဂိုးကံနေခဲ့ရပါတယ်။ ပွဲချိန်မိနစ်(၂၀)မှာ ဆောက်သမ်တန်ဂိုးသမား မက္ကာသီရဲ့ မမှားသင့်တဲ့ အမှားကနေ အာဆင်နယ်တို့ အဖွင့်ဂိုးပိုင်ဆိုင်ခဲ့ပြီး ချာတိတ်လေး အန်ကီတီယက်က သွင်းယူခဲ့ပါတယ်။

Photo Credit : Getty Image

ပထမပိုင်းမှာ အာဆင်နယ်ခံစစ်ကို သိပ်မထိုးဖောက်နိုင်ခဲ့တာကြောင့် ဒုတိယပိုင်းအစမှာပဲ ဆောက်သမ်တန်က အော့ဘဖီမီအစား ရှိန်းလောင်းကို ထည့်သွင်းလာခဲ့ပါတယ်။ ကစားသမားအပြောင်းအလဲ ပြုလုပ်ပြီးနောက်မှာ ဆောက်သမ်တန်က အာဆင်နယ်ဘက်ကို ပြန်လည်ဖိအားပေးလာနိုင်ခဲ့ပေမယ့် အာဆင်နယ်ရဲ့ ကောင်တာတိုက်စစ်တွေလောက်တောင် ထိရောက်ခြင်းမရှိလို့ ဂိုးရဖို့က ရုန်းကန်နေခဲ့ရပါတယ်။ အာဆင်နယ်ကလည်း ဒီပွဲမှာ ခံစစ်ကို အမှားနည်းနိုင်သမျှနည်းအောင် ကစားခဲ့သလို အရန်ဂိုးသမား မာတီနက်ဇ်ကလည်း လက်စွမ်းပြနိုင်ခဲ့လို့ ပွဲပြီးခါနီးမှာ အူဘာမီယန်းကို အဝင်ကြမ်းခဲ့တဲ့ စတီဖင်စ် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံရပြီး ကစားသမားတစ်ယောက်ပါ အသာရသွားခဲ့ပါတယ်။ ဖရီးကစ်ကန်သွင်းရမှာတော့ လာကာဇက်ကန်ချက် ပြန်ထွက်လာတာကို ဝဲလ်လော့က ပြန်ပိတ်သွင်းရင်း (၂)ဂိုးပြတ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။