ဒီနေ့ တနင်းလာနေ့ညမှာတော့ အင်္ဂလန်နိုင်ငံ ရှံးထွက်ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ အက်အေဖလားပြိုင်ပွဲရဲ့ ပဥ္စမအဆင့်ပြိုင်ပွဲ ပထမဆုံးသောပွဲအဖြစ် လိဂ်ဝမ်းကလပ် ပို့စ်မောက်အသင်းနဲ့ ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းကြီးဖြစ်တဲ့ အာဆင်နယ်တို့ ဖရန်တန်ပတ်ကွင်းအတွင်းမှာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး ဧည့်သည်အာဆင်နယ်က ၂ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရခဲ့ကာ ကွာတားဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့ရပါတယ်။

Photo Credit : Getty Image

ပြီးခဲ့တဲ့ကြားရက်ကမှ အိုလံပီယာကော့စ်အသင်းကို အရေးနိမ့်ခဲ့ရပြီး ယူရိုပါလိဂ်ပြိုင်ပွဲကနေ စောစောစီးစီး ထွက်ခွာခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ အက်အေဖလားကို ပစ်မှတ်ထားလာခဲ့ကာ ဆောင်းရာသီစျေးကွက်ကမှ ခေါ်ယူထားခဲ့တဲ့ နောက်ခံလူသစ် ပါဘလိုမာရီကို စတင်ပွဲထုတ်လာခဲ့ကာ အန်ကီတီယာ မာတင်နယ်လီ ဝီလ်လော့ တော်ရဲရား နယ်ဆန် ဂွမ်ဒူဇီ ဆာခါ ဒေးဗစ်လုဇ်် ဆိုကရေးတစ်နဲ့ မာတီနက်ဇ်တို့ကို အသုံးပြုလာခဲ့ပါတယ်။ ပရီးမီးယားလိဂ်အသင်းဟောင်း ပို့စ်မောက်ကတော့ အိမ်ကွင်းမှာ ကစားရစဉ် အာဆင်နယ်ကို အခက်တွေ့အောင် ကစားဖို့ပြင်ဆင်ခဲ့ပေမယ့်လည်း အာဆင်နယ်ကတော့ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ကာ ပထမပိုင်းပြီးခါနီးမှာပဲ ခံစစ်အစွန်မှာ နေရာပြောင်းကစားလာခဲ့တဲ့ ဆိုကရေးတစ်က အာဆင်နယ်အတွက် အဖွင့်ဂိုးကို စတင်ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ပထမပိုင်းမှာကတည်းက အသာစီးရယူကစားနိုင်ခဲ့သလို ပြိုင်ဘက်အသင်းရဲ့ဂိုးကန်ချက်တွေကိုလည်း ဟန့်တားကာကွယ်နိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာလည်း ဒုတိယပိုင်းမှာ ပွဲကို ဆက်လက်စိုးမိုးထားခဲ့ပြီး ပို့စ်မောက်ဘက်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၅၁မိနစ်မှာတော့ လူငယ်တိုက်စစ်ကစားသမား အန်ခီတီယာက အသင်းအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ထပ်မံရယူနိုင်ခဲ့ပြီး အဲ့ဒီ၂ဂိုးတည်းနဲ့ပဲ အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ်ဟာ အခုလို ပို့စ်မောက်ကို အနိုင်ယူပြီး အက်အေဖလား ကွာတားဖိုင်နယ်ကို တတ်လှမ်းခဲ့ပေမယ့်လည်း အဓိက ကွင်းလယ်ကစားသမား တော်ရဲရား ဒဏ်ရာအကြီးအကျယ် ရသွားခဲ့တာကတော့ အသင်းကို နစ်နာစေခဲ့ရပါတယ်။