နည္းျပသစ္အာတီအာလက္ေအာက္မွာ ကစားပုံတုိးတတ္ေကာင္းမြန္လာခဲ႔ေပမယ့္လုိ႔ ရလဒ္ပုိင္းေတြ မေကာင္းႏုိင္ေသးတဲ႔ အာဆင္နယ္အသင္းဟာ ဒီေန႔မွာ သူတုိ႔ရဲ႕ၿပိဳင္ဘက္အသင္းႀကီးတစ္သင္းျဖစ္တဲ႔ မန္ခ်က္စတာယူႏုိက္တက္နဲ႔ အိမ္ကြင္းအမ္းမရိတ္ဒ္မွာ အႀကိတ္အနယ္ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး ပထမပုိင္းအတြင္းမွာ သြင္းယူခဲ႔တဲ႔ သြင္းဂုိးေတြနဲ႔ ယူႏုိက္တက္အသင္းကုိ အာဆင္နယ္က ၂ဂုိး ဂုိးမရွိနဲ႔ အႏုိင္ရသြားခဲ႔ပါတယ္။

အိမ္ကြင္း၃ပြဲဆက္တုိက္ အေရးနိမ့္ထားခဲ႔ရတဲ႔ အာဆင္နယ္အသင္ဟာ ဒီကေန႔ပြဲစဥ္မွာ ၄-၂-၃-၁ ကစားကြက္ကုိပဲ ဆက္လက္အသုံးျပဳလာခဲ႔သလုိ လူစာရင္းထဲမွာလည္ ေပေပ ခ်ာကာ ကုိလာစီနက္ရွ္ ဆုိကရာတစ္တုိ႔ကုိ အုိေဇး အူဘာမီယန္း လာကာဇက္တုိ႔နဲ႔ ျပန္လည္တြဲဖက္အသုံးျပဳလာခဲ႔ပါတယ္။ ယူႏုိက္တက္အသင္းကေတာ့ ေပါ့ဘာ တြမ္မီေနးတုိ႔ မပါႏိုင္လုိ႔ ကြင္းလယ္ပုိင္းမွာ မာတစ္နဲ႔ဖရက္ဒ္တုိ႔ကုိ ဆက္လက္သုံးခဲ႔ရသလုိ ရပ္ဖုိဒ့္ မာစီယဲလ္ ဒင္နီရယ္ဂ်ိမ္းစ္တုိ႔ ၃ေယာက္တြဲတုိက္စစ္နဲ႔ပဲ ပြဲထြက္လာခဲ႔ပါတယ္။  ပထမပုိင္း ပြဲကစားခ်ိန္ေတြအတြင္းမွာ အာဆင္နယ္ကစားဟန္က အေတာ္ေလးကုိ ေသသပ္ေကာင္းမြန္ခဲ႔ၿပီး အာဆင္နယ္ေခတ္ေကာင္းခဲ႔ခ်ိန္တုန္းက ကစားခဲ့သလုိမ်ိဳးကုိ ျပန္လည္ျမင္ေတြ႕ခဲ႔ရတာျဖစ္ပါတယ္။ ဒါေပမယ့္ ယူႏုိက္တက္ကေတာ့ ပထမပုိင္းမွာ အာဆင္နယ္ရဲ႕ကစားပုံေအာက္မွာသာ ေရာက္ေနခဲ႔ရလုိ႔ ဘာမွမလုပ္ေဆာင္ႏိုင္ခဲ့ပဲ အိမ္ရွင္အာဆင္နယ္ကသာ ၈မိနစ္နဲ႔ ၄၂မိနစ္ေတြမွာ ေပေပ ဆုိကရာတစ္တုိ႔ သြင္းယူခဲ႔တဲ႔သြင္းဂုိးေတြနဲ႔ ျပတ္ျပတ္သားသား ဦးေဆာင္ခြင့္ရရွိခဲ႔ပါတယ္။

ဒုတိယပုိင္းမွာ ယူႏုိက္တက္အသင္းဘက္ကေန လင္ဂတ္ ဒင္နီရယ္ဂ်ိမ္းစ္တုိ႔အစား ပရဲရားနဲ႔ ဂရင္းဝုဒ္တုိ႔ ဝင္ေရာက္လာခဲ႔ၿပီးေနာက္ ယူႏုိက္တက္တုိက္စစ္က လုံးဝကုိ အသြင္ေျပာင္းလဲသြားၿပီး ျပန္လည္ဖိအားေပးလာႏုိင္ခဲ႔ေပမယ့္လည္း အာဆင္နယ္ရဲ႕ခံစစ္ ပုံစံေကာင္းျပေနမႈေၾကာင့္ ေခ်ပဂုိးေတြရဖုိ႔ကုိ အေတာ္ေလးရုန္းကန္ခဲ႔ရပါတယ္။ အာဆင္နယ္ကလည္း ခ်ယ္လ္ဆီးနဲ႔ပြဲမွာ သူတုိ႔ရင္ဆုိင္ခဲ႔ရသလုိမ်ိဳး ေပးဆပ္မႈႀကီးမားခဲ႔ရတဲ႔ အမွားေတြကေန သင္ခန္းစာယူႏုိင္ခဲ႔ၿပီး ပြဲကစားခ်ိန္ ေနာက္ဆုံးမိနစ္နားေလာက္ထိ ယူႏုိက္တက္တုိက္စစ္ကုိ အေကာင္းဆုံးေတာင့္ခံသြားခဲ႔ၿပီး ၂ဂုိး ဂုိးမရွိနဲ႔ အႏုိင္ယူႏုိင္ခဲ႔ပါတယ္။

(Unicode)

ယူနိုက်တက်ကို ဂိုးပြတ်အနိုင်ယူပြီး နှစ်သစ်မှာ မျက်နှာပန်းလှခဲ့ရတဲ့ အာဆင်နယ်

နည်းပြသစ်အာတီအာလက်အောက်မှာ ကစားပုံတိုးတတ်ကောင်းမွန်လာခဲ့ပေမယ့်လို့ ရလဒ်ပိုင်းတွေ မကောင်းနိုင်သေးတဲ့ အာဆင်နယ်အသင်းဟာ ဒီနေ့မှာ သူတို့ရဲ့ပြိုင်ဘက်အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အိမ်ကွင်းအမ်းမရိတ်ဒ်မှာ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ရပြီး ပထမပိုင်းအတွင်းမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေနဲ့ ယူနိုက်တက်အသင်းကို အာဆင်နယ်က ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်

အိမ်ကွင်း၃ပွဲဆက်တိုက် အရေးနိမ့်ထားခဲ့ရတဲ့ အာဆင်နယ်အသင်ဟာ ဒီကနေ့ပွဲစဉ်မှာ ၄-၂-၃-၁ ကစားကွက်ကိုပဲ ဆက်လက်အသုံးပြုလာခဲ့သလို လူစာရင်းထဲမှာလည် ပေပေ ချာကာ ကိုလာစီနက်ရှ် ဆိုကရာတစ်တို့ကို အိုဇေး အူဘာမီယန်း လာကာဇက်တို့နဲ့ ပြန်လည်တွဲဖက်အသုံးပြုလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းကတော့ ပေါ့ဘာ တွမ်မီနေးတို့ မပါနိုင်လို့ ကွင်းလယ်ပိုင်းမှာ မာတစ်နဲ့ဖရက်ဒ်တို့ကို ဆက်လက်သုံးခဲ့ရသလို ရပ်ဖိုဒ့် မာစီယဲလ် ဒင်နီရယ်ဂျိမ်းစ်တို့ ၃ယောက်တွဲတိုက်စစ်နဲ့ပဲ ပွဲထွက်လာခဲ့ပါတယ်။  ပထမပိုင်း ပွဲကစားချိန်တွေအတွင်းမှာ အာဆင်နယ်ကစားဟန်က အတော်လေးကို သေသပ်ကောင်းမွန်ခဲ့ပြီး အာဆင်နယ်ခေတ်ကောင်းခဲ့ချိန်တုန်းက ကစားခဲ့သလိုမျိုးကို ပြန်လည်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ ပထမပိုင်းမှာ အာဆင်နယ်ရဲ့ကစားပုံအောက်မှာသာ ရောက်နေခဲ့ရလို့ ဘာမှမလုပ်ဆောင်နိုင်ခဲ့ပဲ အိမ်ရှင်အာဆင်နယ်ကသာ ၈မိနစ်နဲ့ ၄၂မိနစ်တွေမှာ ပေပေ ဆိုကရာတစ်တို့ သွင်းယူခဲ့တဲ့သွင်းဂိုးတွေနဲ့ ပြတ်ပြတ်သားသား ဦးဆောင်ခွင့်ရရှိခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ယူနိုက်တက်အသင်းဘက်ကနေ လင်ဂတ် ဒင်နီရယ်ဂျိမ်းစ်တို့အစား ပရဲရားနဲ့ ဂရင်းဝုဒ်တို့ ဝင်ရောက်လာခဲ့ပြီးနောက် ယူနိုက်တက်တိုက်စစ်က လုံးဝကို အသွင်ပြောင်းလဲသွားပြီး ပြန်လည်ဖိအားပေးလာနိုင်ခဲ့ပေမယ့်လည်း အာဆင်နယ်ရဲ့ခံစစ် ပုံစံကောင်းပြနေမှုကြောင့် ချေပဂိုးတွေရဖို့ကို အတော်လေးရုန်းကန်ခဲ့ရပါတယ်။ အာဆင်နယ်ကလည်း ချယ်လ်ဆီးနဲ့ပွဲမှာ သူတို့ရင်ဆိုင်ခဲ့ရသလိုမျိုး ပေးဆပ်မှုကြီးမားခဲ့ရတဲ့ အမှားတွေကနေ သင်ခန်းစာယူနိုင်ခဲ့ပြီး ပွဲကစားချိန် နောက်ဆုံးမိနစ်နားလောက်ထိ ယူနိုက်တက်တိုက်စစ်ကို အကောင်းဆုံးတောင့်ခံသွားခဲ့ပြီး ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ယူနိုင်ခဲ့ပါတယ်။