ပရီးမီးယားလိဂ် ပွဲစဉ်(၃၆)ရဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံးနဲ့ ရင်ခုန်စရာအကောင်းဆုံး အာဆင်နယ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ Big Match ပွဲကြီးပွဲကောင်းပွဲစဉ်မှာတော့ အိမ်ရှင်အာဆင်နယ်အသင်းက လီဗာပူးလ်ရဲ့ ခံစစ်အမှားတွေကို အခွင့်ကောင်းယူနိုင်ခဲ့ကာ (၂)ဂိုး(၁)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဥရောပဝင်ခွင့် မျှော်မှန်းချက်တွေ အားနည်းသွားခဲ့တဲ့ အာဆင်နယ်အသင်းက လာမယ့် Weekend မှာ မန်စီးတီးနဲ့ အက်အေဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ဆင်နွဲရဦးမှာဖြစ်လို့ လူစာရင်းပိုင်းကို အပြောင်းအလဲ လုပ်ဆောင်လာခဲ့ပြီး အူဘာမီယန်း စီဘယ်ယို့စ် မူစတာဖီ ကိုလာစီနက်တို့ကို အနားပေးလာခဲ့ပြီး လာကာဇက် ပေပေ ဆာခါ ချာကာ တော်ရဲရား ဆွာရက်စ် ဟိုးဒင်း ဒေးဗစ်လုဇ် တီယာနေး မာတီနက်ဇ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ လီဗာပူးလ်ကလည်း မန်စီးတီးရဲ့ ရမှတ်တစ်ရာကို အမှီလိုက်နိုင်ဖို့အတွက် သူတို့အသင်းရဲ့ အကောင်းဆုံးလူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး မာနေး ဆာလာ ဖာမီနို ဝိုင်နယ်ဒန် ဖာဘင်ဟို ချိန်ဘာလိန် ဂိုးမက်ဇ် အာနိုး ရောဘတ်ဆန် ဗန်ဒိုက် အယ်လီဆန်တို့ ပါဝင်လာခဲ့ပါတယ်။ မိနစ်(၂၀)မှာ ဖာမီနို ရောဘတ်ဆန် မာနေးတို့ရဲ့ ချိတ်ဆက်မှုကနေတစ်ဆင့် မာနေးက အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ကစားသမားတွေရဲ့ ပွဲအပေါ် အာရုံစိုက်မှု လျော့နည်းနေပြီး အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ရဲ့ ပေါ့ဆမှုကနေလည်း အာဆင်နယ်ဘက်ကနေ သွင်းဂိုး(၂)ဂိုး ပြန်လည်ခွင့်ပြုခဲ့ရာကာ လာကာဇက်နဲ့ နယ်လ်ဆင်တို့က သွင်းယူခဲ့ကြပါတယ်။

Photo Credit : Getty Image

ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ ခံစစ်အမှားတွေကနေ သွင်းဂိုးတွေ ခွင့်ပြုပေးထားရတဲ့ လီဗာပူးလ်အသင်းက တိုက်စစ်ကို အရှိန်မြင့်လာခဲ့ပြီး ပွဲကို ပိုမိုအာရုံစိုက် ကစားလာခဲ့ပါတယ်။ မိနစ်(၇၀)လောက်အတွင်းမှာပဲ လီဗာပူးလ်ရဲ့ဂိုးပေါက်ကန်ချက်တွေက ဆယ်ကြိမ်နီးပါးလောက်အထိကို ရှိခဲ့ပေမယ့် တစ်ကြိမ်လေးပဲ ဂိုးပေါက်တည့်မတ်ခဲ့ရပါတယ်။ ယခင်ပွဲတွေအတွင်းမှာ ခံစစ်ပိုင်းအမှားတွေ မကြာခဏ ကျူးလွန်တတ်လေ့ရှိတဲ့ အာဆင်နယ်အသင်းက လီဗာပူးလ်ရဲ့ တရစပ်တိုက်စစ်ဆင်မှုကို တောင့်ခံထားနိုင်လို့ ထိုက်တန်တဲ့ နိုင်ပွဲကိုပါ အရယူသွားနိုင်ခဲ့ပါတယ်။