ပြီးခဲ့တဲ့ စနေနဲ့တနင်္ဂနွေနေ့ နှစ်ရက်အတွင်း အက်အေဖလား စတုတ္ထအဆင့်ပွဲစဉ်တွေ တော်တော်များများ ကျင်းပခဲ့ကြပြီး ဒီနေ့ တနင်းလာနေ့ညမှာတော့ တစ်ပွဲတည်းကျန်ရှိနေတော့ ဘုန်းမောက်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ အက်အေဖလားပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာမှာ ဧည့်သည်အာဆင်နယ်အသင်းက ချာတိတ်လေးတွေရဲ့သွင်းဂိုးတွေနဲ့ ၂ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့ကာ ပဥ္စမအဆင့်ကို တတ်လှမ်းနိုင်ခဲ့ရပါတယ်။

                  Photo Credit : Getty Images

အာဆင်နယ်အသင်းက ဒီနေ့ပွဲစဉ်မှာ စီနီယာကစားသမားအများစုကို အနားပေးခဲ့ပြီး လူငယ်ကစားသမားလေးများဖြစ်တဲ့ မာတင်နယ်လီ ဝီလော့ ဆာခါ အန်ကီတာယာတို့နဲ့အတူ ချာကာ ဂွန်ဒူဇီ ပေပေ မာတီနက်ဇ် မူစတာဖီ ဆိုကရာတစ် ဘယ်လာရင်တို့လည်း ပါဝင်ကစားခဲ့ကြပါတယ်။ အိမ်ရှင်ဘုန်းမောက်ကလည်း ဆိုလန်ကီ ဖရေဆာ ဟယ်ရီဝယ်လ်ဆင်တို့ကို တိုက်စစ်မှာ အသုံးပြုလာခဲ့ပြီး လူစုံနီးပါး ပါဝင်လာခဲ့ပါတယ်။ နောက်ပိုင်းပွဲတွေမှာ သရေပွဲတွေပဲ များပြားနေရတဲ့ အာဆင်နယ်အသင်းဟာ ဒီနေ့ပွဲစဉ်မှာတော့ လူငယ်ကစားသမားလေးတွေရဲ့လျင်မြန်မှုတွေနဲ့ ခြေစွမ်းပြကစားမှုတွေကြောင့် မိနစ်၂၀မပြည့်ခင်မှာပဲ ၂ဂိုး ဂိုးမရှိနဲ့ စတင်ဦးဆောင်နိုင်ခဲ့ရသလို ဘုန်းမောက်ကတော့ ၃၅မိနစ်နောက်ပိုင်းမှ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ စတင်ပြုလုပ်နိုင်တာဖြစ်ပါတယ်။ အာဆင်နယ်အတွက် သွင်းဂိုးတွေကို ချာတိတ်လေးတွေဖြစ်တဲ့ ဆာခါနဲ့ အန်ကီတာယာတို့ကနေ သွင်းယူခဲ့ကြတာဖြစ်ပြီး ဘုန်းမောက်အတွက် ဝယ်လ်ဆင်ရဲ့ကန်ချက်က ချေပဂိုးဖြစ်ဖို့ နီးစပ်ခဲ့ပေမယ့် ဂိုးသမားမာတီနက်ဇ် အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ နှစ်သင်းလုံး အပြန်အလှန်ထိုးဖောက်ကစားမှုတွေ ပွဲအရှိန်ကပိုတတ်လာခဲ့ရပြီး မိနစ်၆၀ခန့်မှာ မူစတာဖီ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့လို့ ကွင်းထဲကနေ ထမ်းစင်နဲ့ပါ ခေါ်ထုတ်သွားခဲ့ရကာ ဟိုးဒင်းနဲ့ လူစားလဲခဲ့ရပါတယ်။ ဘုန်းမောက်အသင်းကလည်း ကော်လမ်ဝီလ်ဆင် ဖရန်စစ်တို့ ပါဝင်လာချိန်မှာ အသင်းရဲ့တိုက်စစ်ပိုင်းက အရှိန်မြင့်လာခဲ့ရပြီး ဖိအားပေးမှုတွေကိုလည်း လုပ်ဆောင်လာနိုင်ခဲ့လို့ ချေပဂိုးတစ်ဂိုးကို ပိုင်ဆိုင်နိုင်ခဲ့ရပေမယ့်လည်း ပွဲပြီးခါနီး နာကျင်အချိန်ပိုကြမှ ရရှိခဲ့တဲ့ဂိုးဖြစ်လို့ ပြန်လာနိုင်ဖို့ အချိန်မမီတော့ပဲ အာဆင်နယ်ပဲ နိုင်ပွဲရသွားခဲ့ပါတယ်။

(Zawgyi)

လူငယ္ကစားသမားမ်ားရဲ႕ သြင္းဂုိးေတြနဲ႔ အေဝးကြင္းမွာ ႏုိင္ပြဲျပန္ရွာေတြ႕ခဲ႔တဲ႔ အာဆင္နယ္

ၿပီးခဲ႔တဲ႔ စေနနဲ႔တနဂၤေႏြေန႔ ႏွစ္ရက္အတြင္း အက္ေအဖလား စတုတၳအဆင့္ပြဲစဥ္ေတြ ေတာ္ေတာ္မ်ားမ်ား က်င္းပခဲ႔ၾကၿပီး ဒီေန႔ တနင္းလာေန႔ညမွာေတာ့ တစ္ပြဲတည္းက်န္ရွိေနေတာ့ ဘုန္းေမာက္အသင္းနဲ႔ အာဆင္နယ္အသင္းတုိ႔ရဲ႕ အက္ေအဖလားပြဲစဥ္ကုိ ဆက္လက္ယွဥ္ၿပိဳင္ကစားခဲ႔ရာမွာ ဧည့္သည္အာဆင္နယ္အသင္းက ခ်ာတိတ္ေလးေတြရဲ႕သြင္းဂုိးေတြနဲ႔ ၂ဂုိး ၁ဂုိးနဲ႔ အႏုိင္ရခဲ႔ကာ ပဥၥမအဆင့္ကုိ တတ္လွမ္းႏုိင္ခဲ႔ရပါတယ္။

Photo Credit : Getty Images

အာဆင္နယ္အသင္းက ဒီေန႔ပြဲစဥ္မွာ စီနီယာကစားသမားအမ်ားစုကုိ အနားေပးခဲ႔ၿပီး လူငယ္ကစားသမားေလးမ်ားျဖစ္တဲ့ မာတင္နယ္လီ ဝီေလာ့ ဆာခါ အန္ကီတာယာတုိ႔နဲ႔အတူ ခ်ာကာ ဂြန္ဒူဇီ ေပေပ မာတီနက္ဇ္ မူစတာဖီ ဆုိကရာတစ္ ဘယ္လာရင္တုိ႔လည္း ပါဝင္ကစားခဲ႔ၾကပါတယ္။ အိမ္ရွင္ဘုန္းေမာက္ကလည္း ဆုိလန္ကီ ဖေရဆာ ဟယ္ရီဝယ္လ္ဆင္တုိ႔ကုိ တုိက္စစ္မွာ အသုံးျပဳလာခဲ႔ၿပီး လူစုံနီးပါး ပါဝင္လာခဲ႔ပါတယ္။ ေနာက္ပုိင္းပြဲေတြမွာ သေရပြဲေတြပဲ မ်ားျပားေနရတဲ႔ အာဆင္နယ္အသင္းဟာ ဒီေန႔ပြဲစဥ္မွာေတာ့ လူငယ္ကစားသမားေလးေတြရဲ႕လ်င္ျမန္မႈေတြနဲ႔ ေျခစြမ္းျပကစားမႈေတြေၾကာင့္ မိနစ္၂၀မျပည့္ခင္မွာပဲ ၂ဂုိး ဂုိးမရွိနဲ႔ စတင္ဦးေဆာင္ႏုိင္ခဲ႔ရသလုိ ဘုန္းေမာက္ကေတာ့ ၃၅မိနစ္ေနာက္ပုိင္းမွ ဂုိးေပါက္ၿခိမ္းေျခာက္မႈေတြ စတင္ျပဳလုပ္ႏုိင္တာျဖစ္ပါတယ္။ အာဆင္နယ္အတြက္ သြင္းဂုိးေတြကုိ ခ်ာတိတ္ေလးေတြျဖစ္တဲ႔ ဆာခါနဲ႔ အန္ကီတာယာတုိ႔ကေန သြင္းယူခဲ႔ၾကတာျဖစ္ၿပီး ဘုန္းေမာက္အတြက္ ဝယ္လ္ဆင္ရဲ႕ကန္ခ်က္က ေခ်ပဂုိးျဖစ္ဖုိ႔ နီးစပ္ခဲ့ေပမယ့္ ဂုိးသမားမာတီနက္ဇ္ အေကာင္းဆုံးကာကြယ္ႏုိင္ခဲ့ပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္းျပန္လည္စတင္ခ်ိန္မွာ ႏွစ္သင္းလုံး အျပန္အလွန္ထုိးေဖာက္ကစားမႈေတြ ပြဲအရွိန္ကပုိတတ္လာခဲ႔ရၿပီး မိနစ္၆၀ခန္႔မွာ မူစတာဖီ ဒဏ္ရာျပင္းထန္စြာ ရရွိခဲ႔လုိ႔ ကြင္းထဲကေန ထမ္းစင္နဲ႔ပါ ေခၚထုတ္သြားခဲ႔ရကာ ဟုိးဒင္းနဲ႔ လူစားလဲခဲ႔ရပါတယ္။ ဘုန္းေမာက္အသင္းကလည္း ေကာ္လမ္ဝီလ္ဆင္ ဖရန္စစ္တုိ႔ ပါဝင္လာခ်ိန္မွာ အသင္းရဲ႕တုိက္စစ္ပုိင္းက အရွိန္ျမင့္လာခဲ႔ရၿပီး ဖိအားေပးမႈေတြကုိလည္း လုပ္ေဆာင္လာႏုိင္ခဲ႔လုိ႔ ေခ်ပဂုိးတစ္ဂုိးကုိ ပုိင္ဆုိင္ႏုိင္ခဲ႔ရေပမယ့္လည္း ပြဲၿပီးခါနီး နာက်င္အခ်ိန္ပုိၾကမွ ရရွိခဲ႔တဲ႔ဂုိးျဖစ္လုိ႔ ျပန္လာႏုိင္ဖုိ႔ အခ်ိန္မမီေတာ့ပဲ အာဆင္နယ္ပဲ နုိင္ပြဲရသြားခဲ႔ပါတယ္။