လိဒ္စ္ ေတာင္ပံ ကစားသမား အလီယုိစကီကေတာ့ အက္ဖ္ေအ ဖလား တတိယ အဆင့္ ပဲြစဥ္မွာ အာဆင္နယ္အသင္းနဲ႔ ကစားရမွာ ျဖစ္လုိ႔ အထူးပဲြစဥ္ မဟုတ္ဘူးလုိ႔ စိန္ေခၚ ေျပာသြားခဲ့ပါတယ္။ လိဒ္စ္ အသင္းဟာ ခ်န္ပီယံရွစ္ျပိဳင္ပဲြက ျဖစ္ၿပီး ခ်န္ပီယံရွစ္ ပဲြစဥ္ (၂၆) ပဲြ ကစားၿပီးတဲ့ အခ်ိန္မွာ ဝက္စ္ဘရြန္းအသင္းနဲ႔ ရမွတ္ (၅၂) မွတ္တူ၊ ဂိုးကြာျခားခ်က္နဲ႔ ထိပ္ဆုံးက ဦးေဆာင္ေနပါတယ္။

Photo Credit: Allfootball

အလီယုိစကီဟာ အာဆင္နယ္ အိမ္ကြင္း အိမ္းမရိတ္ကြင္းကုိ သြားေရာက္ ကစားရမွာ ျဖစ္ေပမဲ့ အာဆင္နယ္အသင္း ျဖစ္တာေၾကာင့္ ဒီပဲြစဥ္က အထူးပဲြစဥ္ မဟုတ္ဘူးလုိ႔ ေျပာသြားခဲ့ပါတယ္။ သူဟာ လက္ရွိရာသီမွာ လိဒ္စ္အသင္းအတြက္ ခ်န္ပီယံရွစ္ ပဲြစဥ္ (၂၂) ပဲြ ကစားၿပီးတဲ့ အခ်ိန္မွာ သြင္းဂုိး (၄) ဂုိး နဲ႔ ဂုိးဖန္တီးမႈ (၄) ႀကိမ္ ျပဳလုပ္ထားသလုိ အဝါကဒ္ (၄) ႀကိမ္ ထိထားပါတယ္။

Photo Credit: Allfootball

အလီယုိစကီက “အဲဒီကြင္းက သိပ္ေကာင္းတဲ့ ကြင္းပါ။ အဲဒီအသင္းက အသင္းႀကီးပါပဲ။ ဒါေပမဲ့ အဲဒီကုိ သြားၿပီး ကစားရမွာက အထူးပဲြစဥ္ မဟုတ္ဘူး။ ဘာလုိ႔လဲဆုိရင္ အာဆင္နယ္ အသင္း ျဖစ္လုိ႔ပါ။ ဒီလိုေတြးတဲ့ အခ်ဳိ႕ ကစားသမားေတြ ရွိမွာပါ။ ဒါေပမဲ့ “ဝုိး အာဆင္နယ္အသင္းပဲ”လုိ႔ မေတြးသင့္ပါဘူး။ ဘာလုိ႔လဲဆုိရင္ ကြ်န္ေတာ္တုိ႔လည္း အသင္းေကာင္းပါ”လုိ႔ ေျပာခဲ့ပါတယ္။

{Unicode}

လိဒ်စ် တောင်ပံ ကစားသမား အလီယိုစကီကတော့ အက်ဖ်အေ ဖလား တတိယ အဆင့် ပွဲစဉ်မှာ အာဆင်နယ်အသင်းနဲ့ ကစားရမှာ ဖြစ်လို့ အထူးပွဲစဉ် မဟုတ်ဘူးလို့ စိန်ခေါ် ပြောသွားခဲ့ပါတယ်။ လိဒ်စ် အသင်းဟာ ချန်ပီယံရှစ်ပြိုင်ပွဲက ဖြစ်ပြီး ချန်ပီယံရှစ် ပွဲစဉ် (၂၆) ပွဲ ကစားပြီးတဲ့ အချိန်မှာ ဝက်စ်ဘရွန်းအသင်းနဲ့ ရမှတ် (၅၂) မှတ်တူ၊ ဂိုးကွာခြားချက်နဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

Photo Credit: Allfootball

အလီယိုစကီဟာ အာဆင်နယ် အိမ်ကွင်း အိမ်းမရိတ်ကွင်းကို သွားရောက် ကစားရမှာ ဖြစ်ပေမဲ့ အာဆင်နယ်အသင်း ဖြစ်တာကြောင့် ဒီပွဲစဉ်က အထူးပွဲစဉ် မဟုတ်ဘူးလို့ ပြောသွားခဲ့ပါတယ်။ သူဟာ လက်ရှိရာသီမှာ လိဒ်စ်အသင်းအတွက် ချန်ပီယံရှစ် ပွဲစဉ် (၂၂) ပွဲ ကစားပြီးတဲ့ အချိန်မှာ သွင်းဂိုး (၄) ဂိုး နဲ့ ဂိုးဖန်တီးမှု (၄) ကြိမ် ပြုလုပ်ထားသလို အဝါကဒ် (၄) ကြိမ် ထိထားပါတယ်။

Photo Credit: Allfootball

အလီယိုစကီက “အဲဒီကွင်းက သိပ်ကောင်းတဲ့ ကွင်းပါ။ အဲဒီအသင်းက အသင်းကြီးပါပဲ။ ဒါပေမဲ့ အဲဒီကို သွားပြီး ကစားရမှာက အထူးပွဲစဉ် မဟုတ်ဘူး။ ဘာလို့လဲဆိုရင် အာဆင်နယ် အသင်း ဖြစ်လို့ပါ။ ဒီလိုတွေးတဲ့ အချို့ ကစားသမားတွေ ရှိမှာပါ။ ဒါပေမဲ့ “ဝိုး အာဆင်နယ်အသင်းပဲ”လို့ မတွေးသင့်ပါဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်တို့လည်း အသင်းကောင်းပါ”လို့ ပြောခဲ့ပါတယ်။