အာဆင်နယ်အသင်းဟာ အသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ နီကိုလာပေပေကို အသင်းကနေ ရှင်းထုတ်နိုင်ခဲ့မယ်ဆိုရင် သူ့နေရာမှာ ပြန်လည် အစားထိုးသွားဖို့အတွက် ဝုလ်ဗ်ရဲ့ ပေါ်တူဂီ တောင်ပံကစားသမား ပတ်ဒရိုနက်တိုကို အဓိက ပစ်မှတ်ထားနေလျက် ရှိတယ်လို့ ဗြိတိန်နာမည်ကြီး သတင်းမီဒီယာ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

PSG Siapkan Rencana untuk Datangkan Pedro Neto dari Wolverhampton Wanderers

Photo Credit : 90Min

အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင်နဲ့ အသင်းရဲ့ biggest flop player ဖြစ်သူ ပေပေဟာ အသင်းမှာ ဘယ်လိုမှ ခြေစွမ်းပြသနိုင်ခြင်း မရှိတဲ့အတွက် အာဆင်နယ်အနေနဲ့ ပေပေကို အခု ဈေးကွက်ထဲမှာပဲ အငှား ဒါမှမဟုတ် အပြီးသတ် ရောင်းထုတ်သွားချင်သလို သူ့နေရာမှာလည်း အခြားသော တောင်ပံကစားသမားတစ်ဦးနဲ့ ပြန်လည် အစားထိုးချင်နေပါတယ်။ လတ်တလောမှာတော့ အာဆင်နယ်ဟာ ပေပေနေရာမှာ ဝုလ်ဗ်အသင်းရဲ့ တောင်ပံကစားသမား နက်တိုနဲ့ အစားထိုးဖို့ စိတ်ဝင်စားလို့နေပြီး နက်တိုကို ခေါ်ယူနိုင်ဖို့အတွက် ကစားသမားရဲ့အေးဂျင့်နဲ့ရော ဝုလ်ဗ်အသင်းနဲ့ပါ ချိတ်ဆက်မှုတွေ လုပ်ဆောင်လို့နေတယ်လို့ The Athletic က သတင်းဖော်ပြထားခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၂၂)နှစ်အရွယ်ရှိ ပေါ်တူဂီ left-winger နက်တိုဟာ ပေါ်တူဂီကလပ် စပို့တင်းဘရာဂါမှာ စီနီယာကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ ဝုလ်ဗ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ပွဲပေါင်း (၇၆)ပွဲ ကစား (၉)ဂိုးသွင်းယူပြီး (၁၀)ဂိုး ဖန်တီးထားနိုင်ခဲ့တဲ့ နက်တိုဟာ တောင်ပံနှစ်ဖက်လုံးအပြင် နောက်ချန်တိုက်စစ်နဲ့ တိုက်စစ်မှူးတွေအထိပါ ကစားတတ်သူဖြစ်သလို လက်ရှိမှာလည်း ဝုလ်ဗ်အသင်းရဲ့ အဓိက ကစားသမားအဖြစ် ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲဆက်တိုက်လုံးမှာ ပွဲထွက်ကစားသမား နေရာကနေ ပါဝင်ထားခဲ့ရပါတယ်။ ဒီကစားသမားကို အာဆင်နယ်ဘက်က အလိုရှိနေပြီး ပေပေသာ အသင်းကနေ ထွက်ခွာဖြစ်မယ်ဆိုရင် နက်တိုကို အရ ခေါ်ယူသွားဖို့အထိ ပစ်မှတ်ထားနေတဲ့အပြင် နက်တိုရဲ့အေးဂျင့်ဖြစ်တဲ့ ဟိုဂေမန်ဒက်စ်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ထားခဲ့တာပင် တစ်လလောက်အထိ ရှိနေပြီလို့ သိရပါတယ်။ နက်တိုရဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် ကစားသမား အေးဂျင့်နဲ့ ဆွေးနွေးလို့အပြီးမှာ ဝုလ်ဗ်အသင်းနဲ့ ဆက်လက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပေမယ့် ဝုလ်ဗ်အသင်းဘတော့ သူတို့ရဲ့ အဓိက ကစားသမားကို ရောင်းချသွားဖို့ အစီအစဉ် မရှိသေးပဲ အသင်းမှာသာ ဆက်ထိန်းထားချင်နေပါတယ်။ နက်တိုဟာ လွန်ခဲ့တဲ့ ၂၀၂၀ခုနှစ်တုန်းက အင်တာဗျူးတစ်ခုမှာ သူ့အနေနဲ့ အင်္ဂလန် ကလပ်အသင်းတွေမှာဆိုရင် အာဆင်နယ်အသင်းကို အကြိုက် အနှစ်သက်ဆုံးပဲလို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။