အာဆင်နယ် နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ မပျော်ရွှင်တော့တဲ့ နယ်သာလန် နောက်ခံကစားသမား ဒီလစ်ကို လာမယ့်နွေမှာ ခေါ်ယူသွားဖို့အတွက် အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေကြပါတယ်။

အေဂျက်စ် ကစားသမားဟောင်း ဒီလစ်ဟာ အေဂျက်စ်အသင်းမှာ ကစားနေစဉ်ကတည်းက အာဆင်နယ် ယူနိုက်တက်တို့ အပါအဝင် ဥရောပ ထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်က အားလုံးထက် လက်ဦးမှု ရယူပြီး ဒီလစ်ကို ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit : The Telegraph

အသက် (၂၄)နှစ်အရွယ် ဗဟိုခံစစ်မှူး ဒီလစ်က အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာခဲ့ရသလို ၂၀၁၈ခုနှစ်မှာလည်း အကောင်းဆုံး လူငယ် ကစားသမားဆုဖြစ်တဲ့ Golden Boy ဆုကိုပါ ဆွတ်ခူးခဲ့ပါသေးတယ်။

ဒီလစ်က ၂၀၁၉ခုနှစ်မှာပဲ အေဂျက်စ်ကနေ ဂျုဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ပြီး ဂျုဗင်တပ်စ်နဲ့ (၃)ရာသီ ဖြတ်သန်းပြီးချိန်မှာ ဂျုဗင်တပ်စ်ကနေ ထွက်ခွာကာ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြန်ပါတယ်။ ဒီလစ်ရဲ့ ဘိုင်ယန်ကစားသမားဘဝ ပွဲဦးထွက်ရာသီက ပွဲအများအပြား ကစားနိုင်ခဲ့ပေမယ့် အခု ဒုတိယရာသီမှာတော့ ဒီလစ်က ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်လာခဲ့ရပါတယ်။

Photo Credit : beIN SPORTS

ဒီလစ်က ဒီရာသီမှာ ခြေသလုံးဒဏ်ရာ ဒူးဒဏ်ရာတွေကြောင့် ဘိုင်ယန်ရဲ့ (၁၁)ပွဲခန့်အထိ လွဲချော်ခဲ့ရသလို ဘိုင်ယန်ကလည်း နာပိုလီ ခံစစ်မှူး ကင်မင်ဂျယ်ကိုပါ ခေါ်ယူလိုက်တာကြောင့် ဒီလစ်ရဲ့ ပွဲကစားခွင့်တွေ နည်းပါးလာခဲ့ပြီး အခုဆိုရင် ဒီလစ်က ဘိုင်ယန်မှာပါ မပျော်မရွှင် ဖြစ်နေရပါတယ်။

လက်ရှိ အခြေအနေတွေကြောင့် ဒီလစ်က လာမယ့်နွေမှာ ဘိုုင်ယန်မြူးနစ်ကနေ ထွက်ခွာသွားချင်နေပြီး သူ့ကိုလည်း သူ့ဆရာဟောင်း အဲရစ် တန်ဟက်ဂ်ရဲ့ ယူနိုက်တက် နဲ့ အာဆင်နယ်အသင်းကပါ ဒီလစ်ကို အလိုရှိလာခဲ့ပြီး လတ်တလောမှာတော့ ယူနိုက်တက်အသင်းက အခြေအနေ ကောင်းမွန်လျက် ရှိနေပါတယ်။