လန်ဒန်အခြေစိုက် အင်အားကြီး ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ် တော့တင်ဟမ်ဟော့စပါးအသင်းတွေရဲ့ ပစ်မှတ်ဖြစ်သူ အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားဟာ လက်ရှိမှာတော့ စီးရီးအေကလပ် အင်တာမီလန်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှု ပြုလုပ်သွားဖို့ စီစဉ်နေကြောင်း သိရှိရပါတယ်။

Journalist reveals why Paratici 'will never take' Paulo Dybala at Tottenham  - Spurs Web - Tottenham Hotspur Football News

Photo Credit : Spurs Web

အသက်(၂၈)နှစ်အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်ကစားသမား ဒီဘားလားဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို ဒီဘားလားကိုယ်တိုင်ကပါ ဂျုဗင်တပ်စ်နဲ့ လက်တွဲဖြုတ်သွားဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်တဲ့အတွက် သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေက ဒီဘားလားကို အရခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ဒီဘားလားလို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားမျိုးကို အသင်းများစွာက စိတ်ဝင်စားနေကြပြီး ဒီအသင်းတွေထဲမှာ မြောက်လန်ဒန်ကလပ် အာဆင်နယ်နဲ့ စပါးအသင်းတွေပါ ပါဝင်လို့နေပါတယ်။

Dybala to start Derby d'Italia as Allegri backs Juve decision to offload  Argentina star

Photo Credit : Yahoo Sports UK

ဒါပေမယ့် Gazzetta ကနေ ဖော်ပြလာခဲ့တဲ့ သတင်းတွေအရ လန်ဒန်အသင်းတွေရဲ့ပစ်မှတ် ဒီဘားလားရဲ့အေးဂျင့်နဲ့ အင်တာမီလန်အသင်းရဲ့ တာဝန်ရှိသူတွေရဲ့ကြားမှာ ဒီဘားလားရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ ဖော်ပြလာခဲ့တာကြောင့် ဒီသတင်းက အာဆင်နယ် စပါးတို့အတွက် သတင်းဆိုးတစ်ခု ဖြစ်လာနိုင်ပါတယ်။ Gazzetta သတင်းမီဒီယာရဲ့ ဖော်ပြချက်အရ ဒီဘားလားနဲ့ အင်တာမီလန်အသင်းတို့ကြား အဓိက ဆွေးနွေးဆောင်ရွှက်ပေးမယ့်သူဟာ လာမယ့်တစ်ပတ်မှာပဲ အီတလီနိုင်ငံကို လာရောက်ဖို့ ရှိနေပြီး အအပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် အသေအချာ ဆောင်ရွှက်ပေးဖွယ် ရှိနေပါတယ်။ ဒီအခြေအနေတွေကြောင့် အင်တာမီလန်အသင်းဟာ ဒီဘားလားရဲ့ ကလပ်အသင်းသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်လာခဲ့ရပြီး အင်တာဘက်ကလည်း ဒီဘားလားကို လက်ရှိအသင်းရဲ့ ကစားပုံမှာ ဘယ်လိုပုံစံနဲ့ အံ့ဝင်ခွင်ကျဖြစ်အောင် လုပ်ဆောင်ရမလဲဆိုတာ စဉ်းစားလျက် ရှိနေပြီဖြစ်ပါတယ်။ ဒီဘားလားကတော့ သူရဲ့အခန်းကဏ္ဍာ ပွဲကစားခွင့်တွေနဲ့ပတ်သက်ပြီး သူ့ကို ခေါ်ယူချင်နေတဲ့ အင်တာမီလန်အသင်းဘက်ကနေ သေချာတဲ့ အာမခံချက်ပေးတာကိုသာ အလိုရှိနေတယ်လို့ သိရှိရပါတယ်။