ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ကျင်းပခဲ့တဲ့ လိုက်ပ်ဇစ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းအတွက် သွင်းဂိုး(၂)ဂိုး သွင်းယူပေးနိုင််ခဲ့တဲ့ ညာတောင်ပံက အသင်းခေါင်းဆောင်ကစားသမား မာဆယ်ဆာဘစ်ဇာကို လက်ရှိအချိန်မှာ အာဆင်နယ်အသင်းအပြင် သူရဲ့သွင်းဂိုးတွေကို ခွင့်ပြုပေးခဲ့ရတဲ့ စပါးအသင်းကပါ ဆာဘစ်ဇာကို ခေါ်ယူဖို့အတွက် လန်ဒန်မြို့ခံအသင်းအာဆင်နယ်နဲ့အပြိုင် စိတ်ဝင်တစားရှိလာခဲ့ပြီး လာမယ့်နွေရာသီစျေးကွက်မှာ ကမ်းလှမ်းမှုတွေကို စတင်လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

Photo Credit : Getty Image

အသက်၂၅နှစ်အရွှယ် သြစတြီးယား လက်ရွေးစင်ကွင်းလယ်ကစားသမား ဆာဘစ်ဇာဟာ လွန်ခဲ့တဲ့ ၂၀၁၅ခုနှစ် ကမှ ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းကနေ လိုက်ပ်ဇစ်အသင်းကနေ စတာလင်ပေါင်၃.၅သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် လိုက်ပ်ဇစ်အသင်းရဲ့ အသင်းခေါင်းဆောင်တစ်ယောက်တောင် ဖြစ်လို့နေကာ အသင်းရဲ့အမာခံကစားသမားတောင် ဖြစ်နေပါတယ်။ ဆာဘစ်ဇာဟာ ဒီနှစ်ဘောလုံးရာသီမှာ လိုက်ပ်ဇစ်အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၃၅ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပြီး ၁၅ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ၈ဂိုးတောင် ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ဒီကစားသမားကို အာဆင်နယ်အသင်းကလည်း သူတို့အသင်းရဲ့အသင်းခေါင်းဆောင်တိုက်စစ်ကစားသမား အူဘာမီယန်းရဲ့နေရာအတွက် အစားထိုးချင်နေတာဖြစ်ပြီး ကစားတဲ့နေရာချင်းမတူညီပေမယ့် အသင်းတစ်သင်းကို အကောင်းဆုံးဦးဆောင်နိုင်တတ်တဲ့ သူရဲ့အရည်အချင်းကောင်းတွေကြောင့် ဆာဘစ်ဇာကို အာဆင်နယ်ဘက်ကနေ အလိုရှိလာရတာဖြစ်ပါတယ်။ ဒီလိုပါပဲ စပါးအသင်းကလည်း ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဟယ်ရီကိန်းက အသင်းကနေ ထွက်ခွာသွားဖို့ ဟန်ပြင်နေတာဖြစ်လို့ အသင်းခေါင်းဆောင်တစ်ယောက်ရော တိုက်စစ်ကို လိုက်ပါကစားနိုင်တဲ့ ကစားသမားတစ်ယောက်ကိုပါ ပြန်လည်အစားထိုးနိုင်ဖို့အတွက် ဆာဘစ်ဇာကို ပစ်မှတ်ထားလာခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာ တန်ကြေးယူရိုသန်း၄၀အထိ ရှိလို့နေတဲ့ ဆာဘစ်ဇာဟာ သြစတြီးယားလက်ရွေးစင်အသင်းအတွက်ကိုလည်း ၄၂ပွဲအထိ ပါဝင်ကစားခဲ့ဖူးပြီး သွင်းဂိုးရဂိုး ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။