MySport Myanmar

ငှက်ကျား တိုက်စစ်မှူး အီဆက်ခ်ကို အပြိုင်လုသွားကြမယ့် အာဆင်နယ်နဲ့ စပါး

ခါးသီးလွန်းလှတဲ့ မြောက်လန်ဒန်ဒါဘီ ပြိုင်ဘက်တွေဖြစ်သော အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ဟာ လာမယ့်နွေဈေးကွက်မှာတော့ နယူးကာဆယ်အသင်းရဲ့ ဆွီဒင် တိုက်စစ်ကစားသမား အလက်ဆန်းဒါး အီဆက်ခ်ကို အပြိုင်ကမ်းလှမ်းသွားကြဖွယ် ရှိနေပါတယ်။

အသက် (၂၄)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆွီဒင် လက်ရွေးစင် ကစားသမား အီဆက်ခ်ဟာ ဆိုစီဒက်ကနေ နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီးကတည်းက နယူးကာဆယ်ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Transfermarket

တိုက်စစ်နဲ့ ဘယ်တောင်ပံနေရာထိပါ ကစားတက်တဲ့ အီဆက်ခ်ကို နယူးကာဆယ်က ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး အီဆက်ခ်ကလည်း (၂)ရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ (၅၈)ပွဲ ကစားထားပြီး (၂၈)ဂိုးသွင်း (၄)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ နယူးကာဆယ်အသင်းဟာ ဒီရာသီထဲမှာ ဥရောပဝင်ခွင့်တွေနဲ့ လွဲချော်ခဲ့ရမယ်ဆိုရင် ပြီးခဲ့တဲ့နှစ်တွေက အရှုံးပေါ်ထားမှုတွေကြောင့် FFP စည်းမျဉ်းနဲ့ပါ ညှိစွန်းနိုင်တဲ့အတွက် အီဆက်ခ် ဂွီမာရေ့စ်တို့လို အသင်းရဲ့ထိပ်တန်း ကစားသမားတချို့ကို ရောင်းထုတ်ပြီး ငွေရှာရနိုင်ပါတယ်။

Photo Credit : Eurosport

လက်ရှိမှာတော့ ဒီအခြေအနေတွေကို တခြား ကလပ်အသင်းတွေက စောင့်ကြည့်လျက် ရှိနေကြပြီး အီဆက်ခ်ကိုလည်း အာဆင်နယ်နဲ့ စပါးတို့က ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားနေကြပါတယ်။ အီဆက်ခ်ကိုယ်တိုင်ကလည်း သူ့အနာဂတ်နဲ့ ပတ်သက်ပြီး အသေအချာ မသိရှိသေးဘူးလို့ ဖွင့်ဟထားပါသေးတယ်။

နယူးကာဆယ်နည်းပြ အက်ဒီဟောင်းကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားဟာ အသင်းရဲ့ ရောင်းကုန်မဟုတ်ပဲ အသင်းမှာသာ ဆက်လက် ရှိနေလိမ့်မယ်လို့ ပြောကြားထားခဲ့ပေမယ့် အသင်းဘက်က ဘဏ္ဍာရေး ပြသာနာတွေ ရှင်းလင်းနိုင်ဖို့အတွက် လိုအပ်လာရင်တော့ အီဆက်ခ်ကို ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ရောင်းထုတ်သွားရနိုင်ပါတယ်။

Exit mobile version