နာပိုလီအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ဖာဘီယန်ရုဇ်ဟာ သူရဲ့ ကွင်းလယ်ပိုင်း ကစားပုံ ကောင်းမွန်မှု နည်းစနစ်ပိုင်း ကြွယ်ဝမှုနဲ့ အလိမ်အခေါက် စွမ်းရည်တွေကြောင့် ဥရောပထိပ်တန်း ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ပိုင်ဆိုင်နေရတာဖြစ်ပြီး လက်ရှိမှာတော့ သူနဲ့ နာပိုလီအသင်းတို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာလည်း final year ကို ရောက်ရှိလာတော့မှာဖြစ်လို့ ဖာဘီယန်ရုဇ်ကို cut-price တန်ကြေးနဲ့ပါ ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Arsenal, Newcastle pursuit of midfield star Fabian Ruiz forces Napoli into  drastic action, claims report

Photo Credit : TEAMtalk

အသက်(၂၆)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် central midfielder ဖာဘီယန်ရုဇ်ဟာ လာလီဂါကလပ် ရီးယဲလ်ဘက်တစ်အသင်းရဲ့ လူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်မှာပဲ ဘက်တစ်ကနေ နာပိုလီအသင်းဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ နာပိုလီအသင်းဆီ (၅)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ ဖာဘီယန်ရုဇ်ဟာ အသင်းကို ရောက်ရောက်ချင်းနှစ်မှာပဲ အဓိက ကစားသမားအဖြစ်နဲ့ ပွဲအများအပြား ပါဝင်ခဲ့ရသလို စပိန်လက်ရွေးစင်အသင်းမှာပါ စတင်ရွေးချယ်ခံလာရတဲ့အထိ တဖြည်းဖြည်း တောက်ပလာခဲ့ရပါတယ်။

Napoli midfielder Fabian Ruiz linked with move to Real Madrid - Football  España

Photo Credit : Football Espana

လက်ရှိမှာ နာပိုလီအသင်းနဲ့ (၄)ရာသီ ဖြတ်သန်းထားပြီးတဲ့ ဖာဘီယန်ရုဇ်ဟာ အသင်းအတွက် ပွဲပေါင်း (၁၆၆)ပွဲ ကစားပေးထားခဲ့သလို အသင်းနဲ့လည်း ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာပါ ကိုပါအီတလီယာဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုတော့ ဖာဘီယန်ရုဇ်က အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့သလို အသင်းနဲ့လည်း ဆက်လက် သက်တမ်းတိုးဖွယ်လည်း မရှိတော့တာကြောင့် လာမယ့်နှစ် ဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရစေဖို့ အခုဈေးကွက်ကတည်းက cut-price နဲ့ ရောင်းချသွားဖို့ လိုအပ်နေပါတယ်။ နာပိုလီအသင်းဟာ ဖာဘီယန်ရုဇ်ကို cut-price တန်ကြေးအဖြစ် ပေါင်(၂၅.၈)သန်းတည်းနဲ့သာ ရောင်းချသွားရဖွယ် ရှိနေတဲ့အတွက် ဒီအခွင့်အရေးကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ကောင်းကောင်းအသုံးချသွားဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ ဖာဘီယန်ရုဇ်ကို မန်ချက်စတာအသင်းနှစ်သင်းအပြင် လီဗာပူးလ် အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားနေပြီး လက်ရှိအနေအထားအရတော့ အာဆင်နယ်နဲ့ နယူးကာဆယ်တို့က ရုဇ်ကို ခေါ်ယူနိုင်ဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေရတယ်လို့ သိရပါတယ်။