အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ မန်ချက်စတာစီးတီးအသင်းရဲ့ ယူကရိန်း ဘယ်နောက်ခံကစားသမား အိုလက်ဇန်ဒါးဇင်ချန်ကို ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)ဝန်းကျင်နဲ့ ခေါ်ယူသွားဖို့အတွက် မန်စီးတီးအသင်းနဲ့ မူအရ နှုတ်အားနဲ့ သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ ဖာဘရီဇီယိုရိုမာနိုကနေ ဖော်ပြလာခဲ့ပါတယ်။

We're all with Zinchenko, playing football is best for him"

Photo Credit : BeSoccer

အာဆင်နယ်အသင်းဟာ အိုင်းယတ်စ်အသင်းရဲ့ အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို ခေါ်ယူပြီး ဘယ်ခြမ်းမှာ အသုံးပြုဖို့ စီစဉ်ထားခဲ့ပေမယ့် ကစားသမားက လက်ရှိမှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့တော့မှာဖြစ်လို့ မာတီနက်ဇ်အစား ဇင်ချန်ကို ကိုပဲ ပြောင်းလဲ ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိ ယူကရိန်းလက်ရွေးစင် ဘယ်နောက်ခံလူ ဇင်ချန်ကိုဟာ ၂၀၁၆ခုနှစ်ကမှ ရုရှားကလပ် Ufa အသင်းကနေ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ကြေး ပေါင်(၁.၇)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး မန်စီးတီးက ဇင်ချန်ကို ကို ခေါ်ယူပြီးချင်းမှာပဲ နယ်သာလန်ကလပ် PSV အသင်းဆီ အငှားချခဲ့ပါတယ်။

Image

Photo Credit : Twitter

ဘယ်ခြမ်းခံစစ် ကွင်းလယ်ဘယ်ခြမ်းနဲ့ central midfield နေရာတွေမှာ ပါဝင်ကစားတတ်သူ ဇင်ချန်ကိုဟာ ယူကရိန်းထိပ်တန်းကလပ် ရှက်တာဒိုးနက်အသင်းရဲ့ လူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး Ufa အသင်းမှာ သူရဲ့ ကစားသမားဘဝကို စတင်ခဲ့ရပါတယ်။ လက်ရှိမှာ မန်စီးတီးအသင်းနဲ့ ဘောလုံးရာသီ (၆)ရာသီထိ ဖြတ်သန်းထားခဲ့ပြီး ပြိုင်ပွဲစုံပွဲပေါင်း (၁၂၈)ပွဲအထိ ပါဝင်ထားခဲ့သလို အသင်းနဲ့လည်း ပရီးမီးယားလိဂ်ချန်ပီယံဆု (၄)ကြိမ် အက်အေဖလား (၁)ကြိမ် လိဂ်ဖလား (၃)ကြိမ်နဲ့ ကွန်မြူနတီဒိုင်း (၁)ကြိမ်စီ ဆွတ်ခူးထားခဲ့ပါတယ်။ ဇင်ချန်ကိုဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် အသင်းမှာ ပုံမှန်နေရာ တစ်နေရာ ရရှိဖို့ ရုန်းကန်နေရသလို မန်စီးတီးက ဘရိုက်တန် နောက်ခံလူ ကူကူရယ်လာကိုပါ ခေါ်ယူဖွယ် ရှိနေတဲ့အတွက် ဇင်ချန်ကိုက အသင်းနဲ့ လမ်းခွဲချင်လာခဲ့သလို မန်စီးတီးကလည်း ဇင်ချန်ကို ကို ရောင်းထုတ်ဖို့ ဆန္ဒရှိနေပါတယ်။ ဖာဘရီဇီယိုရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ဇင်ချန်ကို ကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)ဝန်းကျင်နဲ့ သဘောတူညီမှု ရယူထားခဲ့ပေမယ့် ကစားမားနဲ့ကတော့ လစာကိစ္စတွေ စာချုပ်သက်တမ်း ကိစ္စတွေ ဆက်လက်ဆွေးနွေးနေရဆဲဖြစ်ပြီး ဇင်ချန်ကိုနဲ့ အာဆင်နယ်နည်းပြ အာတီတာတို့ကြား ယခင်ကတည်းက တွဲဖက်လုပ်ကိုင်ဖူးတဲ့ အခြေအနေတွေကြောင့် မကြာခင်မှာပဲ ကစားသမားနဲ့ သဘောတူညီမှုကိုပါ ရရှိနိုင်ဖွယ် ရှိနေပါတယ်။