ဒီနှစ်ဘောလုံးရာသီမှာ ဘရိုက်တန်အသင်းအတွက် အထူးခြေစွမ်းပြသလို့နေတဲ့ ဘရိုက်တန်အသင်းရဲ့ မာလီကွင်းလယ်ကစားသမား ဘစ်ဆူးမားကို လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းကလပ်အသင်းတွေဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့က စိတ်ဝင်စားနေကြပြီး လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ ကမ်းလှမ်းမှုတွေ စတင်ပြုလုပ်လာဖွယ် ရှိနေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွှယ်ရှိ မာလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဘစ်ဆူးမားဟာ ပြင်သစ်လီဂူးကလပ် လိုင်လီကနေ ဘရိုက်တန်အသင်းဆီကို ၂၀၁၈ခုနှစ်ကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ ဘရိုက်တန်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၉)ပွဲ ပါဝင်ကစားထားခဲ့ကာ (၁)ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်အဖြစ် ပွဲတိုင်းပါဝင်ကစားထားခဲ့ပြီး ခြေစွမ်းလည်း ပြသထားနိုင်ခဲ့တဲ့ ဘစ်ဆူးမားကို လက်ရှိအချိန်မှာ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့က အပြိုင်အဆိုင်ကို စိတ်ဝင်စားလျက်ရှိနေကြပါတယ်။

Photo Credit : The Argus

လီဗာပူးလ်အသင်းကတော့ အသင်းရဲ့နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ကို ဒီရာသီအကုန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ရဖို့ သေချာသလောက် ရှိနေရတာကြောင့် သူရဲ့နေရာအတွက် ဘစ်ဆူးမားကို အလိုရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိအသင်းရဲ့ ကွင်းလယ်ခံစစ်ကစားသမား ဖာဘင်ဟိုကလည်း နောက်ခံလူဗန်ဒိုက်ရဲ့ ဒဏ်ရာပြသာနာကြောင့် ကွင်းလယ်ထက် ခံစစ်မှာပါ ဆင်းကစားနေရလို့ ကွင်းလယ်ပိုင်းမှာ လူအင်အားတောင့်တင်းစေနိုင်ဖို့ ဘစ်ဆူးမားလို အရည်အသွေးကောင်းတဲ့ ကွင်းလယ်လူကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းရဲ့ နည်းပြမီခဲလ်အာတီတာကလည်း ဘစ်ဆူးမားရဲ့ခြေစွမ်းတွေကို အထူးသဘောကျသူဖြစ်သလို အသင်းရဲ့ကွင်းလယ်ပိုင်း အားကောင်းလာဖို့အတွက် ဘစ်ဆူးမားကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ဟာ လက်ရှိမှာဆိုရင် ဘစ်ဆူးမားလို ခံစစ်ပိုင်းအားသာတဲ့ ကွင်းလယ်လူထက် အသင်းရဲ့တိုက်စစ်ကစားသမားတွေကို ပုံမှန်ပံ့ပိုးပေးနိုင်မယ့် နံပါတ်(၁၀)နေရာ ကွင်းလယ်လူကိုသာ အလိုရှိနေတာဖြစ်လို့ ဘစ်ဆူးမားထက် ဆာလ်ဇ်ဘာ့ဂ်ကွင်းလယ်ကစားသမား ဒိုမီနစ်ဆာဘော့ဇ်လိုင်းနဲ့ အီတလီမြေမှာ အခြေမကျ ဖြစ်လို့နေတဲ့ အင်တာမီလန် ကွင်းလယ်လူ ခရစ္စတီယန်အဲရစ်ဆင်တို့ကိုပဲ ဦးစားပေးကမ်းလှမ်းဖွယ် ရှိလာနိုင်ပါတယ်။