လက်ရှိမှာ ဘောလုံးကလပ်အသင်းတွေ ကစားသမားအပြောင်းအရွှေ့လုပ်နိုင်ဖို့အတွက် ဆောင်းရာသီစျေးကွက်ကို ဖွင့်လှစ်ထားခဲ့ပြီး စျေးကွက်ပိတ်သိမ်းဖို့ကလည်း ၅ရက်ပဲ ကျန်ရှိတော့တာဖြစ်လို့ ဒီအချိန်မှာ ဘယ်အသင်းတွေက ကစားသမားခေါ်ယူမှုတွေ လုပ်ဆောင်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလို့နေပါတယ်။  လတ်တလောမှာ ထွက်ပေါ်လို့နေတဲဲ့ အပြောင်းအရွှေ့သတင်းတွေထဲကမှ အာဆင်နယ် အဲဗာတန်အသင်းတွေနဲ့ သတင်းတွေ ထွက်လို့နေတဲဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ သတင်းအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။
Photo Credit : Getty Images
အသက်၂၈နှစ်အရွှယ်ရှိ ကိုလံဘီယာလက်ရွေးစင် ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဒီနှစ်နွေစျေးကွက်ကမှ ၂ရာသီအငှားနဲ့ သွားရောက်ကစားလို့နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၁၁ပွဲ ပါဝင်ကစားခဲ့ရပေမယ့်လည်း အဲ့ဒီထဲကမှ ၄ပွဲဲပဲ ပွဲထွက်ကစားခဲ့ရသလို အောက်တိုဘာလနောက်ပိုင်းတကည်းကနေ ဒဏ်ရာပြသာနာကြောင့်ဆိုပြီး အသင်းမှာ ပါဝင်ခွင့်မရတော့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ အသင်းမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ ဂျိမ်းစ်ကို အာဆင်နယ်နဲ့ အဲဗာတန်အသင်းတို့က အခုဆောင်းစျေးကွက်မှာ အငှားခေါ်ယူမှုနဲ့ ကမ်းလှမ်းဖို့အတွက် ကြိုးပမ်းလျက်ရှိုလို့နေပါတယ်။
Photo Credit : Getty Images
ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ အာဆင်နယ်အသင်းရဲ့ကာလရှည်ပစ်မှတ်ဖြစ်ပြီး ရီးရဲလ်ကနေ ဘိုင်ယန်ကို အငှားနဲ့သွားမကစားခင်ကတည်းက အာဆင်နယ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူဖြစ်ပေမယ့်လည်း ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ကာ ညှိနှိုင်းမရခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်ခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အဆင့်၁၀ထိ ရောက်ရှိလို့နေပြီး ရလဒ်တည်ငြိမ်မှုလည်း မရှိတာကြောင့် စျေးကွက်မပိတ်ခင်မှာ ဂျိမ်းစ်ကို အငှားနဲ့ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဂျိမ်းစ်နဲ့ ရီးရဲလ်မှာရော ဘိုင်ယန်မှာပါ လက်တွဲခဲ့ဖူးတဲ့ အန်စလော့တီကလည်း သူရဲ့လက်ရှိကလပ် အဲဗာတန်အသင်းအတွက် ဂျိမ်းစ်ကို ရာသီကုန်အငှားနဲ့ ကမ်းလှမ်းဖို့ အစီအစဉ်ရှိနေပြီး အာဆင်နယ်နဲ့အပြိုင် ကမ်းလှမ်းဖွယ်ရှိနေပါတယ်။ အန်စလော့တီဟာ ဂျိမ်းစ်ကို နာပိုလီအသင်းမှာ ကိုင်တွယ်နေစဉ်တုန်းကလည်း ကမ်းလှမ်းခဲ့ဖူးသေးပြီး အဲ့ဒီတုန်းကတော့ ကမ်းလှမ်းမှုက အဆင်မပြေခဲဲ့လို့ အပြောင်းအရွှေ့ မဖြစ်ပေါ်ခဲ့ရပါဘူး။
(Zawgyi)
ဈေးကွက်မပိတ်ခင် ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို အပြိုင်ကမ်းလှမ်းကြမယ့် အာဆင်နယ်နဲ့ အဲဗာတန်
လက်ရှိမှာ ဘောလုံးကလပ်အသင်းတွေ ကစားသမားအပြောင်းအရွှေ့လုပ်နိုင်ဖို့အတွက် ဆောင်းရာသီဈေးကွက်ကို ဖွင့်လှစ်ထားခဲ့ပြီး ဈေးကွက်ပိတ်သိမ်းဖို့ကလည်း ၅ရက်ပဲ ကျန်ရှိတော့တာဖြစ်လို့ ဒီအချိန်မှာ ဘယ်အသင်းတွေက ကစားသမားခေါ်ယူမှုတွေ လုပ်ဆောင်လာမလဲဆိုတာ စိတ်ဝင်စားစရာကောင်းလို့နေပါတယ်။  လတ်တလောမှာ ထွက်ပေါ်လို့နေတဲ့ အပြောင်းအရွှေ့သတင်းတွေထဲကမှ အာဆင်နယ် အဲဗာတန်အသင်းတွေနဲ့ သတင်းတွေ ထွက်လို့နေတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ရဲ့ သတင်းအကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။
အသက်၂၈နှစ်အရွှယ်ရှိ ကိုလံဘီယာလက်ရွေးစင် ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ ဒီနှစ်နွေဈေးကွက်ကမှ ၂ရာသီအငှားနဲ့ သွားရောက်ကစားလို့နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ၁၁ပွဲ ပါဝင်ကစားခဲ့ရပေမယ့်လည်း အဲ့ဒီထဲကမှ ၄ပွဲပဲ ပွဲထွက်ကစားခဲ့ရသလို အောက်တိုဘာလနောက်ပိုင်းတကည်းကနေ ဒဏ်ရာပြသာနာကြောင့်ဆိုပြီး အသင်းမှာ ပါဝင်ခွင့်မရတော့တာဖြစ်ပါတယ်။ ဒါကြောင့်မို့ အသင်းမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ ဂျိမ်းစ်ကို အာဆင်နယ်နဲ့ အဲဗာတန်အသင်းတို့က အခုဆောင်းဈေးကွက်မှာ အငှားခေါ်ယူမှုနဲ့ ကမ်းလှမ်းဖို့အတွက် ကြိုးပမ်းလျက်ရှိုလို့နေပါတယ်။