အာဆင်နယ်အသင်းနဲ့ ကမ္ဘာ့ဘောလုံးလောကရဲ့ ဂန္တဝင်နည်းပြကြီးတစ်ဦးဖြစ်တဲ့ ပြင်သစ်သားကြီး အာစင်ဝင်းဂါးကတော့ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ ပြင်သစ်နိုင်ငံရဲ့ ကလပ် အသင်းတစ်သင်းဖြစ်တဲ့ ရန်းနက်စ်အသင်းရဲ့ အသင်းဥက္ကဌရာထူးကို ရယူဖို့အတွက် နီးစပ်နေပြီလို့ သိရှိရပါတယ်။

Photo Credit: Mirror.com

အာစင်ဝင်းဂါးဟာ လက်ရှိမှာ ဖီဖာရဲ့အဖွဲ့ဝင် ဒါရိုက်တာတစ်ဦးဖြစ်ဖို့ နီးစပ်နေသူဖြစ်ပေမယ့် လက်ရှိအချိန်အထိတော့ အဆိုပါရာထူးကို လက်ခံခြင်းမရှိတာကို မြင်တွေ့နေရပါတယ်။ ပြင်သစ်သတင်းစာတွေရဲ့ ဖော်ပြမှုတွေအရ ရန်းနက်စ်အသင်းရဲ့ ပိုင်ရှင်မိသားစုဖြစ်တဲ့ ပီးနော့မိသားစုဟာ သူတို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့ အာစင်ဝင်းဂါးကို အသင်းရဲ့ ဥက္ကဌသစ်အဖြစ် မြင်တွေ့လိုနေကြောင်း သိရပါတယ်။

Photo Credit: Mirror.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ အာစင်ဝင်းဂါးကိုယ်တိုင်ကလည်း ဥက္ကဌရာထူးလို အသင်းတစ်သင်းကို ထိန်းကျောင်းကိုင်တွယ် နိုင်စွမ်းရှိတဲ့ ရာထူးမျိုးကို လက်ခံလိုနေကြောင်းနဲ့ လက်ရှိမှာလည်း ပီးနော့မိသားစုနဲ့ လက်ခံ ဆွေးနွေးဖို့အတွက် အသင့်ဖြစ်နေကြောင်း သိရှိထားရပါတယ်။

Photo Credit: Mirror.com

အာစင်ဝင်းဂါးကသာ ရန်းနက်စ်အသင်းရဲ့ ဥက္ကဌဖြစ်လာပါက ဒါဟာ ၂၂နှစ်ကြာအောင် အာဆင်နယ်အသင်းကို တာဝန်ယူခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် လုပ်ဆောင်တဲ့ ဘောလုံးနဲ့ သက်ဆိုင်တဲ့ အလုပ်ဖြစ်လာမှာပါ။