MySport Myanmar

သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘာကိုမှ ထုတ်ပြောမှာ မဟုတ်ဘူးလို့ အာနိုး ဖွင့်ဟ

လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံကစားသမား ထရန့် အလက်ဆန်းဒါး အာနိုးက လတ်တလောမှာ သူနဲ့ ပတ်သက်ပြီး ကောလဟာလတွေ ထွက်ပေါ်နေခဲ့ပေမယ့် အာနိုးကိုယ်တိုင်တော့ သူရဲ့ အနာဂတ် အခြေအနေတွေအကြောင်းကို လူသိရှင်ကြား ပြောဆိုမှာ မဟုတ်ဘူးလို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

အသက် (၂၆)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံကစားသမား အာနိုးဟာ လီဗာပူးလ် အကယ်ဒမီထွက် ဖြစ်သလို လက်ရှိ လီဗာပူးလ်မှာလည်း ဗန်ဒိုက်ပြီးရင် လက်ထောက် အသင်းခေါင်းဆောင် ဖြစ်နေသလို လီဗာပူးလ်အတွက် အဓိကကျလှတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အာနိုးက လီဗာပူးလ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်ပြီး လီဗာပူးလ်ဘက်က အာနိုးအပါအဝင် ဆာလာ ဗန်ဒိုက်တို့ အားလုံးကို စာချုပ်ကမ်းလှမ်းမှုတွေ ကမ်းလှမ်းထားတယ်လို့ သတင်းထွက်နေသလို တကယ်လို့ အာနိုးနဲ့ လီဗာပူးလ်တို့ သက်တမ်းမတိုးနိုင်ဘူးဆိုရင်လာ်း အာနိုးကို ရီးယဲလ် မက်ဒရစ်က ခေါ်ယူသွားဖို့လည်း ရှိနေပါတယ်။

ထွက်ပေါ်နေတဲ့ သတင်းတွေမှာတော့ အာနိုးက လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုဖို့အတွက် သူရဲ့လုပ်ခလစာကိုပါ တိုးမြှင့် တောင်းဆိုနေတာဖြစ်ပြီး ဒါဟာ အဓိက ကစားသမား (၃)ဦးအထိ သက်တမ်းတိုးသွားရမယ့် လီဗာပူးလ်အသင်းအတွက်တော့ ခက်ခဲရနိုင်ပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အာနိုးက “ကျွန်တော်က ဒီကလပ်အသင်းမှာ ရှိနေတာ အနှစ် (၂၀)လောက် ရှိနေပါပြီ။ ကျွန်တော် ဒီအသင်းနဲ့ (၄)နှစ် (၅)နှစ်အထိ စာချုပ်သက်တမ်းတိုပြီး လက်မှတ်ရေးထိုးခဲ့ပေမယ့် ဒါတွေ တစ်ခုမှာ လူသိရှင်ကြား ထွက်ပေါ်လာတာ မရှိခဲ့ပါဘူး။ အခု တစ်ကြိမ်လည်း ဒီအတိုင်းပါပဲ။” လို့ ပြောဆိုလိုက်ပါတယ်။

အာနိုးဟာ ၂၀၀၄ခုနှစ်ကတည်းက လီဗာပူးလ်အသင်းရဲ့ လူငယ် အကယ်ဒမီဆီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး ၂၀၁၆ခုနှစ်က စတင်ကာ လီဗာပူးလ် စီနီယာအသင်းအတွက် စတင် ကစားလာခဲ့ရတာ ဖြစ်ပါတယ်။ အခုဆိုရင် အာနိုးက လီဗာပူးလ်အတွက် ပွဲပေါင်း (၃၂၈)ပွဲအထိ ကစားထားခဲ့ပြီး အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ချန်ပီယံလိဂ်ဖလား ကလပ်ကမ္ဘာ့ဖလား ဥရောပစူပါဖလား အက်ဖ်အေဖလား လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးခဲ့ပါတယ်။

Exit mobile version