လီဗာပူးလ်အသင်းရဲ့ညာနောက်ခံကစားသမားလေး အာနိုးကတော့ လီဗာပူးလ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး ယာဂင်ကလော့ရဲ့လက်အောက်မှာ အရမ်းတိုးတတ်လာခဲ့ပြီး အခုဆိုရင် ကမ္ဘာ့အကောင်းဆုံး နောက်ခံအစွန်လူတွေထဲမှာ ပါဝင်လာခဲ့ရတဲ့အထိ အောင်မြင်လာခဲ့ပါတယ်။ အာနိုးဟာ လီဗာပူးလ်ရဲ့ခံစစ်အခြမ်းနှစ်ခုမှာ ရောဘတ်ဆန်နဲ့ပေါင်းပြီး ဘယ်ခြမ်းညာခြမ်းကနေ အသင်းရဲ့ခံစစ်တာဝန်ကိုရော တိုက်စစ်တာဝန်ကိုပါ အကျေပွန်ဆုံးထမ်းဆောင်ပေးခဲ့ပြီး ဒီရာသီမှာ လီဗာပူးလ်အသင်းရဲ့ပရီးမီးယားလိဂ် ချန်ပီယံခရီးလမ်းအတွက် အကောင်းဆုံးပံ့ပိုးမှုတစ်ခု ဖြစ်နေရပါတယ်။
အသက်၂၁နှစ်အရွှယ်ရှိ ညာခြမ်းခံစစ်ကစားသမားလေး အာနိုးကတော့ အခုလက်ရှိမှာ လီဗာပူးလ်အတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၂၁ပွဲ လုံးဝရှံးပွဲမရှိအောင် ကူညီထားနိုင်ခဲ့သလို  လာမယ့်တနင်္ဂနွေနေ့မှာဆိုရင်လည်း သူ့အတွက် အခက်အခဲတွေများစွာ ကြုံစေခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ကစားသွားရတော့မှာပဲဖြစ်ပါတယ်။ အာနိုးကိုယ်တိုင်က ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က သူရဲ့ကစားသမားဘဝအတွက် အခက်အခဲဆုံးအချိန်ဖြစ်ခဲ့တယ်လို့ပါ ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။
(Unicode)
လွန်ခဲ့တဲ့၂နှစ်က ယူနိုက်တက်နဲ့ပွဲဟာ သူ့အတွက် အခက်ခဲဆုံးဖြစ်စေခဲ့တယ်လို့ အာနိုးဖွင့်ဟ
လီဗာပူးလ်အသင်းရဲ့ညာနောက်ခံကစားသမားလေး အာနိုးကတော့ လီဗာပူးလ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး ယာဂင်ကလော့ရဲ့လက်အောက်မှာ အရမ်းတိုးတတ်လာခဲ့ပြီး အခုဆိုရင် ကမ္ဘာ့အကောင်းဆုံး နောက်ခံအစွန်လူတွေထဲမှာ ပါဝင်လာခဲ့ရတဲဲ့အထိ အောင်မြင်လာခဲ့ပါတယ်။ အာနိုးဟာ လီဗာပူးလ်ရဲ့ခံစစ်အခြမ်းနှစ်ခုမှာ ရောဘတ်ဆန်နဲဲ့ပေါင်းပြီး ဘယ်ခြမ်းညာခြမ်းကနေ အသင်းရဲ့ခံစစ်တာဝန်ကိုရော တိုက်စစ်တာဝန်ကိုပါ အကျေပွန်ဆုံးထမ်းဆောင်ပေးခဲ့ပြီး ဒီရာသီမှာ လီဗာပူးလ်အသင်းရဲ့ပရီးမီးယားလိဂ် ချန်ပီယံခရီးလမ်းအတွက် အကောင်းဆုံးပံ့ပိုးမှုတစ်ခု ဖြစ်နေရပါတယ်။
Photo Credit : Sportbible
အသက်၂၁နှစ်အရွှယ်ရှိ ညာခြမ်းခံစစ်ကစားသမားလေး အာနိုးကတော့ အခုလက်ရှိမှာ လီဗာပူးလ်အတွက် ဒီရာသီမှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၂၁ပွဲ လုံးဝရှံးပွဲမရှိအောင် ကူညီထားနိုင်ခဲ့သလို  လာမယ့်တနင်္ဂနွေနေ့မှာဆိုရင်လည်း သူ့အတွက် အခက်အခဲတွေများစွာ ကြုံစေခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲဲ့ ရင်ဆိုင်ကစားသွားရတော့မှာပဲဖြစ်ပါတယ်။ အာနိုးကိုယ်တိုင်က ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်က မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က သူရဲဲ့ကစားသမားဘဝအတွက် အခက်အခဲဆုံးအချိန်ဖြစ်ခဲ့တယ်လို့ပါ ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။
Photo Credit : Sportbible
အဲဲ့ဒီတုန်းက အာနိုးရဲ့လီဗာပူးလ်အသင်းဟာ အိုးထရက်ဖိုဒ့်ကွင်းမှာ ယူနိုက်တက်အသင်းကို သွားရောက်ရင်ဆိုင်ခဲ့ရပြီး မားကပ်ရပ်ဖိုဒ့်ရဲဲ့သွင်းဂိုးတွေနဲ့ ၂ဂိုး၁ဂိုးနဲ့ အရေးနိမ့်ခဲဲ့ရပါတယ်။ ထိုအချိန်က အာနိုးဟာ ရပ်ဖိုဒ့်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့လို့ သွင်းဂိုးတွေကို ခွင့်ပြုပေးခဲ့ရတာဖြစ်လို့ အာနိုးအတွက် ဒီပွဲက လေ့လာသင်ယူစရာတွေ များစွာရရှိခဲ့တဲ့ ပွဲတစ်ပွဲလိုဖြစ်ခဲ့ရပါတယ်။ အာနိုးက သူရဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး “ဟုတ်တယ်ဗျ အဲ့ဒီပွဲက ကျွန်တော့်အတွက်တော့ အခက်အခဲဆုံးပွဲပါပဲဲ။ ကျွန်တော် ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်ကစားသမားတစ်ယောက်ကြောင့် ကျွန်တော်ကစားရတာ အရမ်းခက်ခဲဲခဲဲ့ရပြီး အဲ့ဒီမခံချင်စိတ်နဲ့ကြိုးစားလာခဲ့ရတာပါ။ ဒါမျိုးတွေ ထပ်ဖြစ်မှာကို လုံးဝကို မလိုလားပါဘူး။ အဲ့ဒီပွဲက ကျွန်တော့်ရဲ့ လီဗာပူးလ်ကစားသမားဘဝမှာ အဆိုးရွှားဆုံးပွဲဲလို့တောင် သတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အဲဲ့ဒီပွဲကနေ ကျွန်တော်အတွက် သင်ယူစရာတွေက အများကြီးရခဲ့ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။