စက္တင္ဘာလအတြင္း ဝင္ေရာက္က်င္းပျဖစ္တဲ႔ ႏုိင္ငံတကာရက္သတၱပတ္ရဲ႕ ႏုိင္ငံအသင္း ပြဲစဥ္ေတြကေတာ့ ၿပီးဆုံးသြားေတာ့မွာျဖစ္ပါတယ္။ ဒီေန႔ မနက္ခင္းအေစာပုိင္းမွာပဲ ယူရုိ-၂၀၂၀ ေျခစစ္ပြဲေတြနဲ႔အတူ ႏုိင္ငံတကာခ်စ္ၾကည္ေရး ေျခစမ္းပြဲေတြကုိလည္း က်င္းပျဖစ္ခဲ့ၾကၿပီး ေတာင္အေမရိကရဲ႕ အင္အားႀကီးအသင္းေတြျဖစ္တဲ႔ အာဂ်င္တီးနားက ဂုိးျပတ္အႏုိင္ရခဲ႔ကာ ဘရာဇီးကေတာ့ ပီရူးအသင္းကုိ ကပ္အေရးနိမ့္ခဲ႔ရပါတယ္။

Photo Credit : Getty Images

ေနမာ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္လာျခင္းမရွိတဲ႔ ဘရာဇီးအသင္းဟာ သူတုိ႔ ကုိပါအေမရိကဗုိလ္လုပြဲမွာ သက္ေတာင့္သက္သာ ကစားခဲ႔ၿပီး အႏုိင္ယူခဲ့တဲ့ ၿပိဳင္ဘက္ေဟာင္းပီရူးကုိ ဒုတိယပုိင္းၿပီးခါနီးေလးမွာ ခြင့္ျပဳလုိက္ရတဲ႔ သြင္းဂုိးတစ္ဂုိးနဲ႔ အေရးနိမ့္ခဲ႔ရပါတယ္။ ဘရာဇီးက ေကာ္တင္ဟုိ ရစ္ခ်ာလီဆင္ နီရက္စ္ ဖာမီႏုိ ကတ္စ္မဲလ္ရုိးလ္ မာကြင္ဟုိ အီဒါဆင္တုိ႔နဲ႔ ပြဲထြက္လာခဲ႔ၿပီး ေနမာကုိေတာ့ ၆၃မိနစ္ေရာက္မွာ လူစားဝင္ခုိင္းခဲ႔တာျဖစ္ပါတယ္။ ဘရာဇီးအသင္းကေတာ့ ဒီတစ္ပတ္အတြင္းမွာ ေျခစမ္းပြဲ၂ပြဲ ကစားခဲ႔ေပမယ့္လည္း ကုိလံဘီယာကုိ ၂ဂုိးစီသေရက်ခဲ႔သလုိ ပီရူးအသင္းကုိလည္း ၁ဂုိးနဲ႔ ကပ္ရွုံးခဲ႔ၿပီး ႏုိင္ပြဲေပ်ာက္ဆုံးခဲ႔ရပါတယ္။

Photo Credit : Getty Images

ဘရာဇီးအသင္းရဲ႕ မဟာၿပိဳင္ဘက္ အသင္ႀကီးတစ္သင္းျဖစ္တဲ့ အာဂ်င္တီးနားအသင္းကေတာ့ ေျမာက္အေမရိက ေဘာလုံးနယ္ပယ္ထဲမွာ အင္အားအႀကီးဆုံးျဖစ္တဲ႔ မကၠဆီကိုအသင္းနဲ႔ ရင္ဆုိင္ခဲ့ၿပီး မက္ဆီ ဒီဘားလား ဒီမာရီယာ အစရွိတဲ႔ နာမည္ေက်ာ္ကစားသမားေတြ မပါဝင္ပဲနဲ႔ မကၠဆီကုိအသင္းကုိ ၄ဂုိး ဂုိးမရွိနဲ႔ပင္ ျပတ္ျပတ္သားသား အႏုိင္ယူခဲ႔ပါတယ္။ မကၠဆီကုိဘက္မွာ ရာအူးဂ်ီမီနက္ဇ္ လုိဇာႏုိ ဟက္တာဟာရဲရားတုိ႔လုိ နာမည္ေက်ာ္ ကစားသမားေတြ ပါဝင္ခဲ႔ေပမယ့္လည္း အာဂ်င္တီးနားဘက္မွာ အင္တာမီလန္တုိက္စစ္မွဴး လူသာႏုိမာတီနက္ဇ္ အေတာ္ေလးကုိ ေျခစြမ္းျပသႏုိင္ခဲ႔ၿပီး အသင္းအတြက္ ဟက္ထရစ္သြင္းယူႏုိင္ခဲ႔သလုိ သြင္းဂုိးအားလုံးကုိလည္း ပထမပုိင္းပြဲကစားခ်ိန္အတြင္းမွာ သြင္းယူခဲ႔တာျဖစ္ပါတယ္။

Photo Credit : Getty Images

အေမရိကန္အသင္းနဲ႔ ဥရုေဂြးအသင္းတုိ႔ရဲ႕ ေျခစမ္းပြဲမွာကေတာ့ တစ္ဖက္ကုိ ၁ဂုိးစီနဲ႔ သေရက်ခဲ႔ရသလုိ ယူကရိန္းနဲ႔ ႏုိင္ဂ်ီးရီးယားအသင္းတုိ႔ရဲ႕  ႏုိင္ဂ်ီးရီးယားအသင္းက ပထမပုိင္းမွာကတည္းက ၂ဂုိးျပတ္နဲ႔ ဦးေဆာင္ေနခဲ႔တာကုိ ယူကရိန္းဘက္ကေန ဒုတိယပုိင္းမွ လုိက္လံေခ်ပရင္း ၂ဂုိးစီး သေရက်ခဲ႔ရတာျဖစ္ပါတယ္။

(Unicode)

စက်တင်ဘာလအတွင်း ဝင်ရောက်ကျင်းပဖြစ်တဲ့ နိုင်ငံတကာရက်သတ္တပတ်ရဲ့ နိုင်ငံအသင်း ပွဲစဉ်တွေကတော့ ပြီးဆုံးသွားတော့မှာဖြစ်ပါတယ်။ ဒီနေ့ မနက်ခင်းအစောပိုင်းမှာပဲ ယူရို-၂၀၂၀ ခြေစစ်ပွဲတွေနဲ့အတူ နိုင်ငံတကာချစ်ကြည်ရေး ခြေစမ်းပွဲတွေကိုလည်း ကျင်းပဖြစ်ခဲ့ကြပြီး တောင်အမေရိကရဲ့ အင်အားကြီးအသင်းတွေဖြစ်တဲ့ အာဂျင်တီးနားက ဂိုးပြတ်အနိုင်ရခဲ့ကာ ဘရာဇီးကတော့ ပီရူးအသင်းကို ကပ်အရေးနိမ့်ခဲ့ရပါတယ်။

Photo Credit : Getty Images

နေမာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခြင်းမရှိတဲ့ ဘရာဇီးအသင်းဟာ သူတို့ ကိုပါအမေရိကဗိုလ်လုပွဲမှာ သက်တောင့်သက်သာ ကစားခဲ့ပြီး အနိုင်ယူခဲ့တဲ့ ပြိုင်ဘက်ဟောင်းပီရူးကို ဒုတိယပိုင်းပြီးခါနီးလေးမှာ ခွင့်ပြုလိုက်ရတဲ့ သွင်းဂိုးတစ်ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဘရာဇီးက ကော်တင်ဟို ရစ်ချာလီဆင် နီရက်စ် ဖာမီနို ကတ်စ်မဲလ်ရိုးလ် မာကွင်ဟို အီဒါဆင်တို့နဲ့ ပွဲထွက်လာခဲ့ပြီး နေမာကိုတော့ ၆၃မိနစ်ရောက်မှာ လူစားဝင်ခိုင်းခဲ့တာဖြစ်ပါတယ်။ ဘရာဇီးအသင်းကတော့ ဒီတစ်ပတ်အတွင်းမှာ ခြေစမ်းပွဲ၂ပွဲ ကစားခဲ့ပေမယ့်လည်း ကိုလံဘီယာကို ၂ဂိုးစီသရေကျခဲ့သလို ပီရူးအသင်းကိုလည်း ၁ဂိုးနဲ့ ကပ်ရှုံးခဲ့ပြီး နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။

Photo Credit : Getty Images

ဘရာဇီးအသင်းရဲ့ မဟာပြိုင်ဘက် အသင်ကြီးတစ်သင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းကတော့ မြောက်အမေရိက ဘောလုံးနယ်ပယ်ထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ မက္ကဆီကိုအသင်းနဲ့ ရင်ဆိုင်ခဲ့ပြီး မက်ဆီ ဒီဘားလား ဒီမာရီယာ အစရှိတဲ့ နာမည်ကျော်ကစားသမားတွေ မပါဝင်ပဲနဲ့ မက္ကဆီကိုအသင်းကို ၄ဂိုး ဂိုးမရှိနဲ့ပင် ပြတ်ပြတ်သားသား အနိုင်ယူခဲ့ပါတယ်။ မက္ကဆီကိုဘက်မှာ ရာအူးဂျီမီနက်ဇ် လိုဇာနို ဟက်တာဟာရဲရားတို့လို နာမည်ကျော် ကစားသမားတွေ ပါဝင်ခဲ့ပေမယ့်လည်း အာဂျင်တီးနားဘက်မှာ အင်တာမီလန်တိုက်စစ်မှူး လူသာနိုမာတီနက်ဇ် အတော်လေးကို ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက် ဟက်ထရစ်သွင်းယူနိုင်ခဲ့သလို သွင်းဂိုးအားလုံးကိုလည်း ပထမပိုင်းပွဲကစားချိန်အတွင်းမှာ သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Images

အမေရိကန်အသင်းနဲ့ ဥရုဂွေးအသင်းတို့ရဲ့ ခြေစမ်းပွဲမှာကတော့ တစ်ဖက်ကို ၁ဂိုးစီနဲ့ သရေကျခဲ့ရသလို ယူကရိန်းနဲ့ နိုင်ဂျီးရီးယားအသင်းတို့ရဲ့  နိုင်ဂျီးရီးယားအသင်းက ပထမပိုင်းမှာကတည်းက ၂ဂိုးပြတ်နဲ့ ဦးဆောင်နေခဲ့တာကို ယူကရိန်းဘက်ကနေ ဒုတိယပိုင်းမှ လိုက်လံချေပရင်း ၂ဂိုးစီး သရေကျခဲ့ရတာဖြစ်ပါတယ်။