တူရကီစူပါလိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့ အစ္စတန်ဘူလ်ဘတ်ကီးရှားအသင်းမှာ အငှားကစားသမားအဖြစ် ပါဝင်ကစားလို့နေတဲ့ ဝါရင့်တူရကီတိုက်စစ်ကစားသမား အဒါတူရန်ကတော့ အခုဆိုရင် အငှားစာချုပ်မပြည့်မြောက်သေးခင်မှာပဲ အစ္စတန်ဘူလ်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာကြောင့် မကြာခင်မှာ သူရဲ့မိခင်ကလပ် ဘာစီလိုနာအသင်းဆီကို ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပေမယ့်လည်း အခြားအသင်းတစ်သင်းကို အလျင်အမြန် ပြောင်းရွှေ့ဖို့ကိုလည်း စီစဉ်ရလိမ့်မယ်လို့ သိရှိရပါတယ်။




အဒါတူရန်ဟာ လက်ရှိမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရတယ်ဆိုပေမယ့် အသက်လက်တီကိုအသင်းသားအဖြစ် ရှိနေစဉ်တုန်းကတော့ သူရဲ့အတောက်ပဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့ချိန်လို့ သတ်မှတ်ရမှာဖြစ်ပြီး အသင်းနဲ့အတူ စပိန်လာလီဂါဖလား ယူရိုပါလိဂ်ဖလား ကိုပါဒယ်ရေးနဲ့ ဥရောပစူပါဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ အသက်လက်တီကိုအသင်းနဲ့အတူ ဘောလုံးရာသီတိုင်းလိုလိုမှာ အနည်းဆုံးပွဲပေါင်း၄၀လောက် ကစားခွင့်ရသူဟာ ဘာစီလိုနာကို ပြောင်းရွှေ့ကစားခဲ့တဲ့နောက်မှာ သူရဲ့ပုံမှန်ခြေစွမ်းတွေ ပျောက်ဆုံးခဲ့ရပြီး တူရကီမြေအတွင်း ပြန်လည်ကစားရချိန်မှာလည်း ခြေစွမ်းမပြနိုင်တဲ့အပြင် စည်းကြပ်ဒိုင်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မိခဲ့လို့ ၁၆ပွဲအထိတောင် ကာလရှည်ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရပါသေးတယ်။ ဒီလို စည်းကမ်းပိုင်းအားနည်းတဲ့ အဒါတူရန်ကို ဘာစီလိုနာအသင်းကလည်း အသင်းမှာ ဆက်ထားဖို့ ဆန္ဒမရှိတော့တာကြောင့် အခုဈေးကွက်မှာ နောက်ထပ်အသင်းတစ်ခုဆီ အငှားချခံ ဒါမှမဟုတ် ရောင်းထုတ်ခံရဖွယ် ရှိနေပါတယ်။

(Unicode)

အငှားစာချုပ်မပြည့်သေးခင်မှာပဲ ဘာစီလိုနာကို ပြန်လည်ရောက်လာခဲ့တဲ့ တူရကီကစားသမား

တူရကီစူပါလိဂ်အသင်းကြီးတစ်သင်းဖြစ်တဲ့ အစ္စတန်ဘူလ်ဘတ်ကီးရှားအသင်းမှာ အငှားကစားသမားအဖြစ် ပါဝင်ကစားလို့နေတဲ့ ဝါရင့်တူရကီတိုက်စစ်ကစားသမား အဒါတူရန်ကတော့ အခုဆိုရင် အငှားစာချုပ်မပြည့်မြောက်သေးခင်မှာပဲ အစ္စတန်ဘူလ်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲဲ့တာကြောင့် မကြာခင်မှာ သူရဲ့မိခင်ကလပ် ဘာစီလိုနာအသင်းဆီကို ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပေမယ့်လည်း အခြားအသင်းတစ်သင်းကို အလျင်အမြန် ပြောင်းရွှေ့ဖို့ကိုလည်း စီစဉ်ရလိမ့်မယ်လို့ သိရှိရပါတယ်။

Photo Credit : Yahoo News

သိပ်မကြာခင်မှာ အသက်၃၃နှစ် ပြည့်မြောက်သွားတော့မယ့် အဒါတူရန်ဟာ ဘာစီလိုနာအသင်းကို ၂၀၁၅ခုနှစ်မှာ အသက်လက်တီကိုမက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ကြေး ယူရို၃၄သန်းနဲ့ ရောက်ရှိခဲ့တာဖြစ်ပေမယ့်လည်း ဘာစီလိုနာရဲ့အပြောင်းအရွှေ့ပိတ်ပင်ခံရမှုကြောင့် ၂၀၁၆ခုနှစ်မှသာ ပါဝင်ကစားခဲ့ရပြီး အဲ့ဒီနောက် ပွဲထွက်ခွင့်တွေ နည်းပါးလာခဲ့ရင်းနဲ့ အစ္စတန်ဘူလ်အသင်းဆီ နှစ်ရာသီခွဲ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒါပေမယ့် အငှားစာချုပ် မပြည့်ခင်မှာပဲ အခုလို နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီး မိခင်ကလပ် ဘာစီလိုနာအသင်းဆီ ပြန်လည်ရောက်ရှိလာခဲ့ရတာဖြစ်ပါတယ်။

Photo Credit : AS English-Diario AS

အဒါတူရန်ဟာ လက်ရှိမှာ ပုံမှန်ခြေစွမ်းပြဖို့ ရုန်းကန်နေရတယ်ဆိုပေမယ့် အသက်လက်တီကိုအသင်းသားအဖြစ် ရှိနေစဉ်တုန်းကတော့ သူရဲ့အတောက်ပဆုံးခြေစွမ်းတွေကို ပိုင်ဆိုင်ခဲ့ချိန်လို့ သတ်မှတ်ရမှာဖြစ်ပြီး အသင်းနဲ့အတူ စပိန်လာလီဂါဖလား ယူရိုပါလိဂ်ဖလား ကိုပါဒယ်ရေးနဲ့ ဥရောပစူပါဖလားတွေကို ပိုင်ဆိုင်နိုင်ခဲဲ့ရပါတယ်။ အသက်လက်တီကိုအသင်းနဲ့အတူ ဘောလုံးရာသီတိုင်းလိုလိုမှာ အနည်းဆုံးပွဲပေါင်း၄၀လောက် ကစားခွင့်ရသူဟာ ဘာစီလိုနာကို ပြောင်းရွှေ့ကစားခဲ့တဲ့နောက်မှာ သူရဲဲ့ပုံမှန်ခြေစွမ်းတွေ ပျောက်ဆုံးခဲ့ရပြီး တူရကီမြေအတွင်း ပြန်လည်ကစားရချိန်မှာလည်း ခြေစွမ်းမပြနိုင်တဲဲ့အပြင် စည်းကြပ်ဒိုင်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မိခဲဲ့လို့ ၁၆ပွဲအထိတောင် ကာလရှည်ပွဲပယ်ပြစ်ဒဏ်ခံခဲ့ရပါသေးတယ်။ ဒီလို စည်းကမ်းပိုင်းအားနည်းတဲ့ အဒါတူရန်ကို ဘာစီလိုနာအသင်းကလည်း အသင်းမှာ ဆက်ထားဖို့ ဆန္ဒမရှိတော့တာကြောင့် အခုစျေးကွက်မှာ နောက်ထပ်အသင်းတစ်ခုဆီ အငှားချခံ ဒါမှမဟုတ် ရောင်းထုတ်ခံရဖွယ် ရှိနေပါတယ်။