စပိန်နိုင်ငံရဲ့ နာမည်ကြီး သတင်းစာ Marca ရဲ့ ဖော်ပြချက်အရ ပေါ်တူဂီ စူပါစတား GOAT ကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ ဆော်ဒီအာရေဗျ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းဆီကို တစ်နှစ်လုပ်ခ ယူရိုသန်း(၂၀၀) (၂)နှစ်ခွဲစာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့အတွက် သဘောတူညီသွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Serbia Post English

မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်မှာ ရော်နယ်လ်ဒိုရဲ့ ကလပ်အသင်းသစ်က ဘယ်အသင်းများ ဖြစ်လာမလဲ ရော်နယ်လ်ဒို ဘယ်အသင်းဆီ ပြောင်းရွှေ့မလဲဆိုပြီး ဘောလုံးပရိသတ်များစွာက စိတ်ဝင်တစား ရှိနေခဲ့ကြချိန် ပရိသတ်တွေ သိပ်မထင်ထားလောက်တဲ့ ဆော်ဒီကလပ် အယ်လ်နာဆာနဲ့ သတင်းထွက်လာခဲ့ပါတယ်။ အယ်လ်နာဆာအသင်းနဲ့ သတင်းတွေကို စပိန်သတင်းစာ Marca ကနေ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကတည်းက စတင် ဖော်ပြလာခဲ့တာဖြစ်ပြီး အခုလည်း ရော်နယ်လ်ဒိုက ကြော်ငြာတွေ တခြားသော အကျိုးခံစားခွင့်တွေ အပါအဝင် တစ်နှစ်လုပ်ခ ယူရိုသန်း(၂၀၀)နဲ့ (၂)နှစ်ခွဲစာချုပ်ပါ ချုပ်ဆိုသွားဖို့ သဘောတူသွားခဲ့တယ်လို့ပါ Marca က ဖော်ပြလာခဲ့ပါတာယ်။

Ronaldo could consider Al-Nasr Club's $234 million offer after World Cup |  Arab News

Photo Credit : Arab News

လက်ရှိမှာ ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဆင်နွဲနေတဲ့ ရော်နယ်လ်ဒိုဟာ ဒီပြိုင်ပွဲကြီး မစတင်ခင် ရက်ပိုင်းလောက်အလိုမှာပဲ ယူနိုက်တက်အသင်းနဲ့ စာချုပ်ဖျက်သိမ်းခဲပြီး free agent player တစ်ဦး ဖြစ်ထားခဲ့ရပေမယ့် သူကိုယ်တိုင်ကတော့ အသင်းသစ်ကိစ္စတွေထက် ကမ္ဘာ့ဖလားကိုသာ အာရုံစိုက်ထားနေပါတယ်။ ယူနိုက်တက်နဲ့ လမ်းခွဲပြီးနောက်ပိုင်း အသင်းဟောင်း ရီးယဲလ်မက်ဒရစ် အပါအဝင် နယူးကာဆယ်အသင်းတွေနဲ့ပါ သတင်းထွက်ခဲ့တဲ့ ရော်နယ်လ်ဒိုဟာ Marca ရဲ့ ဖော်ပြချက်အရဆိုရင် အရှေ့အလယ်ပိုင်း ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ကစားဖို့က နီးစပ်နေသလို ဖြစ်နေရပေမယ့် ရော်နယ်လ်ဒိုကိုယ်တိုင်ကတော့ ငွေကြေးမက်လုံးတွေထက် အောင်မြင်မှုတွေကို လိုချင်တပ်မက်သူ အမြင့်မားဆုံး level တစ်ခုမှာ အချိန်တိုင်း ယှဉ်ပြိုင်ချင်သူ ဖြစ်တာကြောင့် Marca ရဲ့ ဖော်ပြချက်က တကယ် ဖြစ်လာနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပေမယ့် လက်ရှိ အခြေအနေမှာတော့ ရော်နယ်လ်ဒိုအနေနဲ့ သူရဲ့နောက်ဆုံးသော world cup အတွက်ကိုသာ စိတ်အာရုံတွေအားလုံး မြှပ်နှံထားမှာဖြစ်လို့ အခုထွက်ပေါ်နေတဲ့ သတင်းတွေကိုလည်း တုံ့ပြန်မှု တစ်စုံတစ်ရာ ပြုလုပ်ဖွယ် မရှိနိုင်လောက်ပါဘူး။