ဒီနေ့ညမှာတော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ကွာတားဖိုင်နယ် လက်ကျန်နောက်ဆုံးပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ လိုင်ယွန်အသင်းတို့ ထိပ်တိုက်တွေ့ဆုံတော့မှာဖြစ်ပြီး လက်ရှိအနေအထားတွေအရ မန်စီးတီးအသင်းက ဆီမီးဖိုင်နယ်ကို တတ်လှမ်းနိုင်ဖို့ ရေပန်းစားဆုံးအသင်းအဖြစ် အများက သတ်မှတ်နေကြပေမယ့် လိုင်ယွန်အသင်းရဲ့နောက်ခံကစားသမား မာဆယ်လိုကတော့ ကြားကွင်းမှာ ကျင်းပတဲ့ပွဲဖြစ်တာမို့ အသင်းနှစ်သင်းလုံးဆီမှာ အခွင့်အရေးဆတူသာ ရှိနေတယ်လို့ တုန့်ပြန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Youtube

မန်စီးတီးအသင်းဟာ (၁၆)သင်းအဆင့်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို နှစ်ကျော့စလုံး အနိုင်ယူပြီး ကွာတားဖိုင်နယ်အဆင့်ကို တတ်လှမ်းလာခဲ့တာဖြစ်သလို လိုင်ယွန်ကလည်း ဂျုဗင်တပ်စ်လို အသင်းမျိုးကို အဝေးဂိုးစည်းမျဉ်းနဲ့ ကျော်ဖြတ်ခဲ့တာဖြစ်လို့ ဒီနှစ်သင်းရဲ့ဆုံဆွေ့မှုက စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။ လတ်တလောအခြေအနေတွေမှာတော့ မန်စီးတီးက လိုင်ယွန်အသင်းထက် ကစားသမားအင်အား လက်ရှိ Form ကစားပုံ အားလုံးမှာ အသာစီးရယူထားနိုင်လို့ နောက်တစ်ဆင့်တတ်ဖို့ကိုလည်း လိုင်ယွန်အသင်းထက် မန်စီးတီးအသင်းက ပိုရေပန်းစားနေရတာဖြစ်ပါတယ်။

Photo Credit : Goal

ဒါပေမယ့် အသက်(၃၃)နှစ်အရွှယ်ရှိ လိုင်ယွန်အသင်းရဲ့ဘရာဇီးနောက်ခံကစားသမား မာဆယ်လိုကတော့ သူတို့အသင်းလည်း ဆီမီးဖိုင်နယ်ကို တတ်ရောက်နိုင်မယ့် အခွင့်အရေးတွေ ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ မာဆယ်လိုက “ဘောလုံးက အရမ်းကို အံ့မခန်းအားကစားနည်းတစ်ခုပါ။ တစ်ခါတစ်လေကျရင် လုံးဝမမျှော်လင့်ထားတဲ့ အရာတွေကလည်း ဖြစ်လေ့ဖြစ်ထရှိတတ်တယ်။ လစ္စဘွန်းမြို့က ပရိသတ်တွေ ပါဝင်ခွင့်ရတဲ့ ကြားကွင်းအတွင်း ကစားရမယ့်ပွဲမှာလည်း ဘာမဆိုဖြစ်သွားနိုင်တယ်။ နှစ်သင်းလုံးက ၅၀-၅၀ ပါပဲ။ ဒီဘရိုင်းနဲ့ ဂျေဆူးတို့ရဲ့နည်းစနစ်တွေနဲ့ နည်းဗျူဟာကောင်းမွန်မှုတွေအကြောင်းကို ကျွန်တော်သိထားနှင့်ပြီးသားပါ။ သူတို့က အခုအကောင်းဆုံးပုံစံမှာ ရှိနေကြတယ်ဆိုပေမယ့်လည်း အဲ့ဒီတိုက်စစ်ကို ကျွန်တော်တို့ ခံစစ်ကလည်း အကောင်းဆုံးဟန့်တားနိုင်မှာပဲ။ ပီအက်စ်ဂျီနဲ့ပွဲကလို ဂျုဗင်တပ်စ်နဲ့ပွဲကလို ကျွန်တော်တို့တွေ ကစားနိုင်ခဲ့မယ်ဆိုရင်တော့ မန်စီးတီးကို ဖြတ်ကျော်နိုင်ဦးမှာပဲ” လို့ ယုံကြည်စွာနဲ့ကို ပြောဆိုလို့သွားခဲ့ပါတယ်။ မန်စီးတီးနဲ့ လိုင်ယွန်တို့ပွဲကို စပို့တင်းလစ္စဘွန်းအသင်းရဲ့အိမ်ကွင်း Jose Alvalade stadium မှာ ကျင်းပစေမှာဖြစ်ပြီး ဘယ်အသင်း ဆီမီးကို တတ်လှမ်းသွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။