လက္ေဝွ႔ ကစားသမား အန္တုိနီ ေဂ်ာ္ရႈ (Anthony Joshua) က တကယ္လုိ႔မ်ား ဟယ္ရီကိန္း နဲ႔ အူဘားမိယန္း လက္ေဝွ႔ထုိးမယ္ဆုိရင္ ဟယ္ရီ ကိန္း အႏုိင္ရလိမ့္မယ္လုိ႔ ေျပာဆုိသြားခဲ့ပါတယ္။ အန္တီနီ ေဂ်ာ္ရႈဟာ ဟယ္ရီကိန္း နဲ႔ အူဘားမိယန္းတုိ႔ ႏွစ္ဦး လက္ေဝွ႔ထုိးမယ္ဆုိရင္ ဘယ္သူက အႏုိင္ရမလဲလုိ႔ အေမးခံလုိက္ရတဲ့ အခ်ိန္မွာ သူက ကိန္း အႏုိင္ရမယ္လုိ႔ ျပန္ေျဖသြားခဲ့ပါတယ္။

Photo Credit: Talksport

အန္တုိနီ ေဂ်ာ္ရႈက “ေကာင္းၿပီေလ။ တစ္ေယာက္ကုိ ေရြးဖုိ႔ကေတာ့ ခက္ခဲတယ္။ ဒါေပမဲ့လည္း ကြ်န္ေတာ္ကေတာ့ ဟယ္ရီကိန္းကုိ ေရြးပါတယ္”လုိ႔ ဘီဘီစီ သတင္းမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္ တုိက္စစ္မွဴး အူဘားမိယန္းဟာ အန္တိုနီ ေဂ်ာ္ရႈရဲ႕ အေျဖကုိ သိလုိက္တဲ့ အခ်ိန္မွာ ျပန္လည္ တုံ႔ျပန္သြားခဲ့ၿပီး၊ သူက လူမႈကြန္ရက္ တြစ္တာမွာ စာေရးၿပီး ျပန္တုံ႔ျပန္သြားခဲဲ့ပါတယ္။

Photo Credit: Talksport

အူဘားမိယန္းဟာ လႈမႈကြန္ရက္ တြစ္တာမွာ စာေရးၿပီး အန္တုိနီ ေဂ်ာ္ရႈကုိ ျပန္တုံ႔ျပန္သြားခဲ့ၿပီး၊ သူ ေရးခဲ့တာကေတာ့ “သားႀကီး ေဂ်ာ္ရႈ ငါ စိတ္ပ်က္တယ္ကြာ”လုိ႔ ေရးသား တုံ႔ျပန္သြားတာပါ။ အူဘားမိယန္းဟာ အန္တုိနီ ေဂ်ာ္ရႈကုိသာမက ေနာ္ဝွစ္အသင္းကုိ (၂-၂) သေရက်ခဲ့တဲ့ ပဲြစဥ္မွာ ကေလးကုိ ႏႈတ္မဆက္ဘဲ ေက်ာ္သြားခဲ့ၾကတဲ့ အသင္းေဖာ္ေတြကုိလည္း ေဝဖန္သြားခဲ့ပါတယ္။

Photo Credit: Talksport

အာဆင္နယ္ ကစားသမားေတြဟာ ေနာ္ဝွစ္အသင္းနဲ႔ ပဲြစဥ္ မတုိင္ခင္ အခန္းထဲကုိ ဝင္လာၾကတဲ့ အခ်ိန္မွာ နံရံေဘးမွာ မတ္တပ္ရပ္ေနတ့ဲ ကေလးကို မႏႈတ္ဆက္ဘဲနဲ႔၊ ေက်ာ္သြားခဲ့ၾကပါတယ္။ သူတုိ႔ရဲ႕လုပ္ရပ္က ဗီဒီယုိနဲ႔ အြန္လုိင္းေပၚမွာ ပ်ံ႕သြားတဲ့ အခ်ိန္မွာ အာဆင္နယ္ ပရိသတ္ေတြ နဲ႔ အျခား ေဘာလုံး ပရိသတ္ေတြက အလြန္ ေဒါသထြက္ခဲ့ၾကၿပီး သူတုိ႔ကုိ ေဝဖန္ခဲ့ၾကပါတယ္။

{Unicode}

လက်ဝှေ့ ကစားသမား အန်တိုနီ ဂျော်ရှု (Anthony Joshua) က တကယ်လို့များ ဟယ်ရီကိန်း နဲ့ အူဘားမိယန်း လက်ဝှေ့ထိုးမယ်ဆိုရင် ဟယ်ရီ ကိန်း အနိုင်ရလိမ့်မယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အန်တီနီ ဂျော်ရှုဟာ ဟယ်ရီကိန်း နဲ့ အူဘားမိယန်းတို့ နှစ်ဦး လက်ဝှေ့ထိုးမယ်ဆိုရင် ဘယ်သူက အနိုင်ရမလဲလို့ အမေးခံလိုက်ရတဲ့ အချိန်မှာ သူက ကိန်း အနိုင်ရမယ်လို့ ပြန်ဖြေသွားခဲ့ပါတယ်။

Photo Credit: Talksport

အန်တိုနီ ဂျော်ရှုက “ကောင်းပြီလေ။ တစ်ယောက်ကို ရွေးဖို့ကတော့ ခက်ခဲတယ်။ ဒါပေမဲ့လည်း ကျွန်တော်ကတော့ ဟယ်ရီကိန်းကို ရွေးပါတယ်”လို့ ဘီဘီစီ သတင်းမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် တိုက်စစ်မှူး အူဘားမိယန်းဟာ အန်တိုနီ ဂျော်ရှုရဲ့ အဖြေကို သိလိုက်တဲ့ အချိန်မှာ ပြန်လည် တုံ့ပြန်သွားခဲ့ပြီး၊ သူက လူမှုကွန်ရက် တွစ်တာမှာ စာရေးပြီး ပြန်တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit: Talksport

အူဘားမိယန်းဟာ လှုမှုကွန်ရက် တွစ်တာမှာ စာရေးပြီး အန်တိုနီ ဂျော်ရှုကို ပြန်တုံ့ပြန်သွားခဲ့ပြီး၊ သူ ရေးခဲ့တာကတော့ “သားကြီး ဂျော်ရှု ငါ စိတ်ပျက်တယ်ကွာ”လို့ ရေးသား တုံ့ပြန်သွားတာပါ။ အူဘားမိယန်းဟာ အန်တိုနီ ဂျော်ရှုကိုသာမက နော်ဝှစ်အသင်းကို (၂-၂) သရေကျခဲ့တဲ့ ပွဲစဉ်မှာ ကလေးကို နှုတ်မဆက်ဘဲ ကျော်သွားခဲ့ကြတဲ့ အသင်းဖော်တွေကိုလည်း ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Talksport

အာဆင်နယ် ကစားသမားတွေဟာ နော်ဝှစ်အသင်းနဲ့ ပွဲစဉ် မတိုင်ခင် အခန်းထဲကို ဝင်လာကြတဲ့ အချိန်မှာ နံရံဘေးမှာ မတ်တပ်ရပ်နေတဲ့ ကလေးကို မနှုတ်ဆက်ဘဲနဲ့၊ ကျော်သွားခဲ့ကြပါတယ်။ သူတို့ရဲ့လုပ်ရပ်က ဗီဒီယိုနဲ့ အွန်လိုင်းပေါ်မှာ ပျံ့သွားတဲ့ အချိန်မှာ အာဆင်နယ် ပရိသတ်တွေ နဲ့ အခြား ဘောလုံး ပရိသတ်တွေက အလွန် ဒေါသထွက်ခဲ့ကြပြီး သူတို့ကို ဝေဖန်ခဲ့ကြပါတယ်။