
Photo Credit: Metro.com


Photo Credit: Metro.com


Photo Credit: Metro.com


ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကတော့ အသင်းကို ယခင်ကလို အောင်မြင်မှုတွေ ရရှိမှုတွေ ရရှိဖို့အတ​ွက် ပြန်လည်တည်ဆောက်မှုတွေ ပြုလုပ်နေပြီး လက်ရှိမှာတော့ အသင်းရဲ့ ဖွဲ့စည်းပုံကို ပြန်လည် ပြုပြင်နေကာ အသင်းရဲ့ သမိုင်းတစ်လျှောက် တစ်ခါမှ မရှိဖူးတဲ့ အားကစားဒါရိုက်တာဆိုတဲ့ ရာထူးကို အသင်းမှာ ခန့်အပ်ဖို့ လုပ်ဆောင်နေပါတယ်။

Photo Credit: Metro.com

ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ပထမဦးဆုံး အားကစားဒါရိုက်တာအဖြစ် ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှာ အားကစားဒါရိုက်တာရာထူးနဲ့ လုပ်ကိုင်ဖူးတဲ့ အန်တီရို ဟင်းနရစ်ကို ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ စတင် နေပြီလို့ သိရှိရပါတယ်။

Photo Credit: Metro.com

ဟင်းနရစ်ဟာ ပီအက်စ်ဂျီအသင်းအတွက် အထင်ကရ ခေါ်ယူမှုနှစ်ခုဖြစ်တဲ့ နေမာကို ဘာစီလိုနာအသင်းကနေ ခေါ်ယူမှုနဲ့ မိုနာကိုအသင်းမှ အမ်ဘာပေကို ကနဦး တစ်ရာသီအငှားနဲ့ ခေါ်ယူမှုစတာတွေကို ဦးဆောင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ယူနိုက်တက်အသင်းအတွက် အကျိုးရှိစေမယ့် အားကစားဒါရိုက်တာဖြစ်ကြောင်း ဘောလုံး သုံးသပ်သူတွေက သုံးသပ်ထားကြပါတယ်။

Photo Credit: Metro.com

လက်ရှိမှာ ယူနိုက်တက်အသင်းရဲ့ လူဝယ်ယူမှုတွေကို ဦးဆောင်ကာ လုပ်ကိုင်နေတဲ့ ဒုတိယ ဥက္ကဌ အက်ဝုဒ်ဝက်ကတော့ ပရိသတ်တွေရဲ့ ဒေါသထွက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အပေါ် အတော်လေး စိတ်ပျက်နေပြီး ဟင်းနရစ်ကို အားကစားဒါရိုက်တာအဖြစ် ခပ်မြန်မြန် ခန့်အပ်ဖို့ အလိုရှိနေကာ သူ့အနေနဲ့ အသင်းရဲ့ စီးပွားရေးပိုင်းကိုပဲ ဦးဆောင်ကာ လုပ်သွားဖို့ ဆန္ဒရှိနေကြောင်း နီးစပ်သူတွေက ဖွင့်ဟထားခဲ့ကြပါတယ်။