ဒီနှစ်ဘောလုံးရာသီအကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မယ့် အာဂျင်တီးနား ဝါရင့်တောင်ပံကစားသမားကြီး အိန်ဂျယ်ဒီမာရီယာဟာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတော့မှာဖြစ်ပြီး သူ့ကိုလည်း ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူသွားဖို့ စီစဉ်နေသလို ကစားသမားရဲ့ အေးဂျင့်နဲ့ပါ တိုက်ရိုက် ဆက်သွယ်မှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ သိရပါတယ်။

Ligue 1: Paris Saint-Germain Winger Angel Di Maria Handed Four-Match  Spitting Ban | Football News

Photo Credit : NDTV Sports

စီးရီးအေထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဟာ စျေးကွက်အတွင်း free agent ကစားသမားတွေကို ခေါ်ယူရာမှာ အလွန်အလုပ်ဖြစ်တဲ့ ကလပ်အသင်းဖြစ်ပြီး လက်ရှိမှာလည်း အတွေ့အကြုံရှိ ဝါရင့် free agent ကစားသမားတစ်ဦးကိုပါ ထပ်မံခေါ်ယူသွားနိုင်မယ့် အခြေအနေမှာ ရှိနေရပါတယ်။ ဒီတစ်ခါ ဂျုဗင်တပ်စ်အသင်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေတဲ့ ကစားသမားက အသက်(၃၄)အရွှယ်ရှိ အာဂျင်တီးနားလက်ရွေးစင် တောင်ပံကစားသမားကြီး ဒီမာရီယာဖြစ်ပြီး ဒီမာရီယာနဲ့ ပီအက်စ်ဂျီအသင်းတိုကြား ချုပ်ဆိုထားတဲ့ စာချုပ်က ၂၀၂၂ခုနှစ် ဇွန်(၃၀)ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်သလို နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ခွင့် ပါဝင်ပေမယ့်လည်း ဒီမာရီယာကိုယ်တိုင်က အသင်းနဲ့ လက်တွဲဖြုတ်လိုက်ဖို့ကိုလည်း ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

La Juventus a sondé Di Maria | espldaily - Football And More

Photo Credit : Espldaily

အာဂျင်တီးနားကလပ် ရိုဆာရီယိုအသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ဒီမာရီယာဟာ ဥရောပ ဘောလုံးနယ်ပယ်ထဲကိုတော့ ၂ဝဝရခုနှစ်မှ စတင်ရောက်ရှိ်လာခဲ့တာဖြစ်ပြီး ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှာ ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကမှ ရီးယဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက်အသင်းတွေဆီ ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ ဒီမာရီယာဟာ ၂၀၁၅ခုနှစ်မှာတော့ သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် ဘောလုံးရာသီ (၇)ရာသီ ဖြတ်သန်းခဲ့ပြီးနောက် ပွဲပေါင်း (၂၉၄)ပွဲကစား (၉၁)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဒီမာရီယာဟာ ဒီနှစ်ဘောလုံးရာသီ အပါအဝင် လီဂူးဖလားကိုပါ (၅)ကြိမ်ထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီမာရီယာဟာ အတွေ့အကြုံသစ်တွေကို ရယူသွားဖို့အတွက် ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲချင်နေပြီး သူမကျင်လည်ဖူးသေးတဲ့ အမှတ်ပေးလိဂ်တစ်ခုကို ပြောင်းရွှေ့ကစားချင်နေပါတယ်။ ဒီအချိန်မှာ ဂျုဗင်တပ်စ်အသင်းကလည်း ဒီမာရီယာကို အသေအချာ ကမ်းလှမ်းမှုတွေ ပြုလုပ်နေတာဖြစ်လို့ လာမယ့်ဘောလုံးရာသီမှာတော့ ဒီမာရီယာကို စီးရီးအေပြိုင်ပွဲအတွင်း မြင်တွေ့လာရဖွယ် ရှိနိုင်ပါတယ်။