လီဗာပူးလ်အသင်းရဲ့ ဘယ်အစွန် နောက်ခံ ကစားသမား ရော်ဘတ်ဆန်ဟာ အင်စတာဂရမ်မှာ သူ့ရဲ့ ပရိသတ်တွေနဲ့ တိုက်ရိုက် အမေးအမြေ ပြုလုပ်ကြတဲ့ အချိန်မှာ အများကြီး ပြောသွားတဲ့ အထဲက ကျောနံပါတ် (၂၆) ကို ရွေးချယ်ရတဲ့ အကြောင်းအရင်း နဲ့ လီဗာပူးလ်အသင်းမှာ တိုက်စစ်မှူး ဖာမင်နိုက ဘောလုံး အကျွမ်းကျင်ဆုံး ဖြစ်တယ်လို့ ပြောကြားသွားလိုက်ပါတယ်။ ရော်ဘတ်ဆန်က (၂၀၁၇) ခုနှစ် ဇူလိုင်လမှာ ဟူးလ်စီးတီးအသင်းကနေ လီဗာပူးလ်အသင်းကို ပေါင် (၈) သန်းနဲ့ ပြောင်းရွေ့လာခဲ့ပြီး ကာလရှည် စာချုပ်ကို ချုပ်ဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Liverpoolehco

ရော်ဘတ်ဆန်ဟာ အရင်က စကော့တလန် ပရီးမီးယားရှစ် ပြိုင်ပွဲက ဒွန်ဒီအသင်းမှာ (၁) နှစ်ကြာ ကစားခဲ့ပြီး လီဗာပူးလ်အသင်းမှာ ကျောနံပါတ် (၂၆) ရွေးချယ်ရတဲ့ အကြောင်းအရင်းကတော့ ဒွန်ဒီအသင်းမှာ ကစားခဲ့စဉ်က တစ်ခုတည်း ရှိတော့တဲ့ ကျောနံပါတ် ဖြစ်လို့ပါလို့ ဆိုပါတယ်။ ရော်ဘတ်ဆန်ဟာ လီဗာပူးလ် ကစားသမားတွေထဲမှာ ဘယ်သူက ဘောလုံး အကျွမ်းကျင်ဆုံး ဖြစ်မလဲလို့ အမေးခံရတဲ့ အခါမှာတော့ တွေဝေခြင်း မရှိဘဲ လီဗာပူးလ် နဲ့ ဘရာဇီး တိုက်စစ်မှူး ရော်ဘတ်တို ဖာမင်နို ဖြစ်တယ်လို့ သူ့ရဲ့ ပရိသတ်တွေကို ပြန်လည် ဖြေကြားသွားခဲ့ပါတယ်။

Photo Credit: Liverpoolehco

လီဗာပူးလ် နောက်ခံလူ ရော်ဘတ်ဆန်ဟာ အင်စတာဂရမ်မှာ သူ့ရဲ့ ပရိသတ်တွေနဲ့ တိုက်ရိုက် အမေးအဖြေ ပြုလုပ်ခဲ့ပြီး ဘာကြောင့် လီဗာပူးလ်အသင်းမှာ ကျောနံပါတ် (၂၆) ကို ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့လဲလို့ အမေးခံရတဲ့ အချိန်မှာ သူက “ကျောနံပါတ် (၂၆) ဝတ်ရတဲ့ နောက်ကွယ်မှာ အခြား အဓိပ္ပါယ်တော့ မရှိပါဘူး။ ဒါက ကျွန်တော် ဒွန်ဒီယူနိုက်တက်အသင်းမှာ ကစားတုန်းက တစ်ခုတည်းသော လက်ကျန် ကျောနံပါတ်ပါ။ အဲဒီနေ့က (၂၆) ရက်နေ့ ဖြစ်ပြီး ကျွန်တော့်သား မွေးတဲ့ ရက် ဖြစ်တော့ အများကြီး အဓိပ္ပါယ် ရှိသွားပါတယ်”လို့ ပြန်ဖြေသွားခဲ့တာပဲ ဖြစ်ပါတယ်။ သူဟာ လီဗာပူးလ်အသင်းမှာ ဘယ်သူက ဘောလုံး အကျွမ်းကျင်ဆုံးလဲလို့ အမေးခံလိုက်ရတဲ့ အချိန်မှာ သူက “ရော်ဘတ်တို ဖာမင်နို” ဖြစ်တယ်လို့ ပြန်လည် ဖြေကြားသွားတာ ဖြစ်ပါတယ်။