MySport Myanmar

ထိုင်းခြေစမ်းပွဲမှာ ခြေစမ်းပြသွားခဲ့ ချာလီဆာဗေ့ချ်ကို အင်ဒီကိုး ချီးမွမ်းပြောဆို

မနေ့ညက ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၂ခုနှစ် ဘန်ကောက်နှစ်တစ်ရာ ဖိတ်ခေါ်ဖလား ခြေစမ်းပွဲမှာ မန်ချက်စတာယူနိုက်တက်က ပြိုင်ဘက် လီဗာပူးလ်အသင်းက (၄)ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူခဲ့ပြီး အသင်းအတွက် ကစားသမား အများအပြား ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ယူနိုက်တက် ကသားသမားကြီး အင်ဒီကိုးကတော့ လူငယ်ကစားသမားလေး ချာလီဆာဗေ့ချ်ကို ချီးကျူးစကား ပြောဆိုလာကြပါတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်အသင်းဟာ ထိုင်းခြေစမ်းပွဲစဉ် ပထမပိုင်းမှာ စီနီယာ ကစားသမား အများအပြားကို ထုတ်သုံးခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ လူငယ်ကစားသမားလေးတွေကို နေရာပေးခဲ့ပြီး ကွင်းလယ်လူ ဆာဗေ့ချ်ပါ ပါဝင်လာခဲ့ရပါတယ်။ ဝေးလ်စ်ကစားသမားဟောင်းကြီး ရော်ဘီဆာဗေ့ချ်ရဲ့ သားဖြစ်သူ ချာလီဆာဗေ့ချ်ဟာ မနေ့ညကပွဲမှာ ယူနိုက်တက်အတွက် (၄၅)မိနစ်ခန့် ကစားခွင့်ရခဲ့ပြီး ယူနိုက်တက် ပရိသတ်တွေ သဘောကျလောက်အောင် ကစားပြနိုင်ခဲ့သလို ပွဲကစားခွင့်ရချိန်မှာလည်း အသင်းနည်းပြ တန်ဟက်ဂ် သတိထားမိအောင်လည်း စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

Photo Credit : The Sun

ချာလီဆာဗေ့ချ်နဲ့ ပတ်သက်ပြီး ယူနိုက်တက် ကစားသမားဟောင်းကြီး အင်ဒီကိုးက “ဒီလူငယ်လေးကို အခွင့်အရေးပေးတာ ကျွန်တော် သဘောကျပြီး သူကလည်း တကယ်ကို ကစားပုံကောင်းခဲ့တယ်လို့ ထင်မိပါတယ်။ သူက လီဗာပူးလ်အသင်းနဲ့ ကစားခဲ့တာပါ။ သူက ရွှယ်တူတွေနဲ့ ကစားခဲ့ချိန်ကလည်း သူ အကောင်းဆုံး လုပ်ဆောင်နိုင်တာကို ကျွန်တော် သိထားတယ်။ ဒါပေမယ့် ဒါက ရာသီကြိုပွဲစဉ်ဖြစ်ပြီး ဒါက သူ့အတွက် သူလိုချင်တဲ့ နေရာကို ရောက်ရှိလာအောင် ကြိုးစားဖို့ အခွင့်အရေးပေးနေပါတယ်။ သူ အသင်းအတွက် ပါဝင်ကစားရချိန်မှာ သူ ကစားတာ တကယ်ကောင်းခဲ့တယ်လို့ ကျွန်တော် ထင်မိပါတယ်။ သူက အသင်းကွင်းလယ်ပိုင်းမှာ ကွင်းလယ်လူတစ်ဦး လုပ်ဆောင်ရမယ့် အရာတွေကို အတိအကျ လုပ်ဆောင်နိုင်ခဲ့တယ်” လို့ အမွှမ်းတင် ပြောဆိုသွားခဲ့ပါတယ်။ အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကစားသမားလေး ယူနိုက်တက် လူငယ်အကယ်ဒမီမှာ ငယ်စဉ်ကတည်းက ပါဝင်နေတာဖြစ်ပြီး ၂၀၂၁ခုနှစ် ဧပြီလကမှ ယူနိုက်တက်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုခဲ့သလို ပြီးခဲ့တဲ့ရာသီ ယူနိုက်တက်အသင်းရဲ့ ယန်းဘွိုင်းစ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ မိနစ်အနည်းငယ်လေး ပါဝင်ခဲ့ရကာ သူရဲ့ ယူနိုက်တက် စီနီယာ ကစားသမားဘဝ ပထမဆုံးပွဲကို ကစားခွင့်ရခဲ့ပါတယ်။

Exit mobile version