MySport Myanmar

မန်ယူ ကွင်းလယ်ကစားသမား ပါရဲရားကို ခေါ်ယူသွားနိုင်တော့မယ့် ဖူလ်ဟမ်

ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို တစ်ကျော့ပြန် တန်းတတ်လာခဲ့တဲ့ လန်ဒန်အခြေစိုက် ဖူလ်ဟမ်အသင်းဟာ အခုဆိုုရင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား အန်ဒရေယပ်စ်ပါရဲရားကို ခေါ်ယူဖို့အတွက် အလုံးစုံ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်လို့ မကြာခင်မှာပဲ ပါရဲရားကို ဆေးစစ်မှုတွေ ပြုလုပ်သွားတော့မယ်လို့ သိရှိရပါတယ်။

Photo Credit : SPORTbible

ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်ကို တတ်လိုက်ဆင်းလိုက် လုပ်နေတတ်တဲ့ ဖူလ်ဟမ်အသင်းဟာ ဒီတစ်ကြိမ်မှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အချိန်ကြာကြာ တည်ရှိနေနိုင်ဖို့အတွက် အသင်းရဲ့ ကစားသမားအင်အားကို ဖြည့်တင်းလျက် ရှိနေပြီး မကြာသေးခင်ကလည်း စပို့တင်းလစ္စဘွန်းအသင်းက ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ပယ်လင်ညာကိုပါ ခေါ်ယူထားခဲ့ပါတယ်။ အခုလည်း ဖူလ်ဟမ်အသင်းဟာ သူတို့အသင်းနဲ့ သတင်းထွက်နေတဲ့ ယူနိုက်တက် ကွင်းလယ်လူ ပါရဲရားကိုပါ ထပ်မံခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။

Photo Credit : TEAMtalk

အသက်(၂၆)နှစ်အရွယ်ရှိ ဘရာဇီးလ် ကွင်းလယ်ကစားသမား ပါရဲရားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းမှာ အငှားစာချုပ်နဲ့ ပါဝင်ကစားခဲ့တာဖြစ်ပြီး လက်ရှိမှာ အငှားစာချုပ်က ကုန်ဆုံးသွားပြီဖြစ်လို့ ယူနိုက်တက်အသင်းဆီပါ ပြန်လည်ရောက်ရှိနေပါတယ်။ ဒါပေမယ့်လည်း ပါရဲရားဟာ ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်ရဲ့ plan ထဲမှာ မပါဝင်တော့တဲ့ အခြေအနေမျိုး ဖြစ်နေတာကြောင့် အသင်းမှာ ဆက်လက်ထားရှိဖို့ထက် ရောင်းထုတ်လိုက်ဖို့ကိုသာ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ကစားသမားဘဝအတွင်း ဂရန်နာဒါ ဗလင်စီယာ လာဇီယိုနဲ့ ဖလာမင်ဂိုအသင်းတွေမှာ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရတဲ့ ပါရဲရားက ဒီတစ်ကြိမ်မှာတော့ ယူနိုက်တက်နဲ့ အပြီးတိုင် လမ်းခွဲပြီး လန်ဒန်ကလပ်အသင်းဆီကို အပြီးသတ် ပြောင်းရွှေ့နိုင်တော့မှာ ဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းကတော့ ဘရာဇီးလ် ကွင်းလယ်လူ ပါရဲရားကို ပြောင်းရွှေ့ကြေး ပေါင်(၁၀)သန်း အပိုုဆုကြေး ပေါင်(၃)သန်း (၃)နှစ်စာချုပ်နဲ့ ခေါ်ယူသွားမှာဖြစ်ပြီး လက်ရှိမှာ ဒီကမ်းလှမ်းချက်ကို ယူနိုက်တက်ဘက်ကရော ကစားသမားဘက်ကပါ သဘောတူ လက်ခံထားခဲ့တာကြောင့် အပြောင်းအရွှေ့ အပြီးသတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ ပါရဲရား အပါအဝင် အသင်းက ကစားသမား အမြောက်အများကို ဆက်လက် ရှင်းထုတ်သွားဖွယ် ရှိနေပြီး လက်ရှိမှာတော့ ဖီယင်နုအသင်းရဲ့ နယ်သာလန် ဘယ်နောက်ခံလူ မာလာစီယာကို အသင်းအတွက် ခေါ်ယူထားနိုင်ခဲ့ပါတယ်။

Exit mobile version