စပယ်ရှယ်ဝမ်း နည်းပြကြီး ဂျိုဆေးမော်ရင်ဟို ကိုင်တွယ်နေတဲ့ နာမည်ကျော် စီးရီးအေကလပ် ရိုးမားအသင်းဟာ ဂျုဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတဲ့ စီးရီးအေရဲ့ တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့သလို အခုလည်း နောက်ထပ် စီးရီးအေ ထိပ်သီး တိုက်စစ်မှူး ဘယ်လော့တီကိုပါ free transfer နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါတယ်။

Arsenal & Roma-linked Belotti has 'very big' extension offer on the table  at Torino, reveals club president Cairo | Goal.com United Arab Emirates

Photo Credit : Goal

အသက်(၂၈)နှစ်အရွယ်ရှိ အီတလီလက်ရွေးစင် တိုက်စစ်ကစားသမား ဘယ်လော့တီဟာ နှစ်အတန်ကြာ ကျင်လည်ခဲ့တဲ့ စီးရီးအေကလပ် တိုရီနိုအသင်းနဲ့ ဒီနွေမှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး အသင်းလက်မဲ့ ကစားသမားတစ်ဦး ဖြစ်သွားခဲ့ရပါတယ်။ စီးရီးအေမှာ ဆယ်စုနှစ် တစ်ခုလောက် ဖြတ်သန်းခဲ့ပြီး စီးရီးအေသွင်းဂိုး (၁၃၆)ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဘယ်လော့တီကို စီးရီးအေ ကလပ်အသင်းတွေအပြင် ပရီးမီးယားလိဂ်နဲ့ လီဂူးကလပ်အသင်းတွေကလည်း အလိုရှိခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ မော်ရင်ဟိုရဲ့ ရိုးမားအသင်းက အခြားအသင်းတွေထက် လက်ဦးမှု ရယူခဲ့ပြီး ဘယ်လော့တီကို ခေါ်ယူသွားဖို့ သဘောတူညီမှု ရယူသွားနိုင်ခဲ့ပါတယ်။

Report: Andrea Belotti Agrees to Three-Year Deal With Roma - Chiesa Di Totti

Photo Credit : Chiesa Di Totti

ဒီနှစ် နွေဈေးကွက်ထဲ ဆာဘီးယား ဝါရင့် ကွင်းလယ်လူ နီမန်ဂျာမာတစ်နဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားတို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားခဲ့တဲ့ ရိုးမားအသင်းဟာ အခုလည်း အီတလီ တိုက်စစ်ကစားသမား ဘယ်လော့တီကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်လာခဲ့တာ ဖြစ်ပါတယ်။ ရိုးမားအသင်းဟာ ဘယ်လော့တီအတွက် တစ်နှစ်ကို ယူရို(၃.၂)သန်းနဲ့ (၃)နှစ်စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပြီး ဘယ်လော့တီ ရောက်ရှိလာခြင်းက အသင်းရဲ့ တိုက်စစ်ပိုင်းကို အရင်ကထက် ပိုမို အားကောင်းလာစေတော့မှာ ဖြစ်ပါတယ်။ ရိုးမားတိုက်စစ်မှာ အေဘရာဟမ်နဲ့ ဒီဘားလားတို့ ရှိနေသလို ဘယ်လော့တီလို စီးရီးအေ အတွေ့အကြုံရင့် ကစားသမားတစ်ဦးပါ ထပ်မံရောက်ရှိလာခြင်းက စိတ်ဝင်စားဖို့ကောင်းတဲ့ တိုက်စစ်အစုအဖွဲ့မျိုး ဖြစ်လာစေရပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပထမဆုံးအကြိမ် ကျင်းပခဲ့တဲ့ ယူရိုပါကွန်းဖရန့်လိဂ်မှာ ဗိုလ်စွဲခဲ့အထိ အောင်မြင်ခဲ့ရတဲ့ ရိုးမားအသင်းဟာ ဒီရာသီမှာတော့ ယူရိုပါလိဂ်ကို ဝင်ရောက်ဆင်နွဲ့ရမှာဖြစ်လို့ ယူရိုပါလိဂ်မှာ အောင်မြင်မှု ရယူနိုင်ဖို့နဲ့ စီးရီးအေမှာပါ top 4 အတွင်း ဝင်ရောက်နိုင်ဖို့အတွက် ဈေးကွက်အတွင်း ကစားသမား(၄)ဦးထိ ခေါ်ယူထားခဲ့ပြီး ဒီထဲကမှ (၃)ဦးကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူထားနိုင်တာ ဖြစ်ပါတယ်။