ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့ပြီး သွင်းဂိုးများစွာကိုလည်း သွင်းယူနိုင်ခဲ့တဲ့ ဖရန့်ဖတ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်ကစားသမား အန်ဒရေဆေးဗားကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေ များစွာရှိလာခဲ့ပြီး ဒီအသင်းတွေထဲမှာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ဘောလုံးအသင်း အာဆင်နယ်လည်း ပါဝင်လာခဲ့ကာ လတ်တလောမှာလည်း ဆေးဗားကို ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းထွက်ပေါ်လို့နေပါတယ်။

Photo Credit : Goal

အသက်(၂၅)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား အန်ဒရေဆေးဗားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေစီမီလန်အသင်းကနေ ဖရန့်တ်အသင်းဆီကို အပြီးသတ်ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘွန်ဒစ်လီဂါပြိုင်ပွဲအတွင်းမှာလည်း သွင်းဂိုး(၂၈)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့တဲ့အထိကို ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဆေးဗားဟာ လက်ရှိမှာလည်း ပေါ်တူဂီအသင်းနဲ့အတူ ယူရို-၂၀၂ဝပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲနေရတာဖြစ်ပြီး သူရဲ့တိုက်စစ်စွမ်းရည်ကောင်းတွေကြောင့် ဥရောပထိပ်သီး ကလပ်အသင်းများစွာကနေ စိတ်ဝင်စားလာခဲ့ကြတာဖြစ်ပါတယ်။

Photo Credit : Pain in the Arsenal

Transfer Window Podcast ကနေ ဖော်ပြလာချက်တွေအရ လက်ရှိမှာ အန်ဒရေဆေးဗားကို အာဆင်နယ်အသင်းကနေ ခေါ်ယူသွားချင်နေတာကြောင့် ဆွေးနွေးမှုတွေကိုပါ လုပ်ဆောင်လျက်ရှိနေတယ်လို့ သိရှိရပါတယ်။ အာဆင်နယ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူ အူဘာမီယန်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွင်းမှာ သွင်းဂိုး(၂၉)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့်လည်း အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ပြီးနောက် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ သူရဲ့ဂိုးသွင်းစွမ်းရည်က မထင်ထားလောက်အောင် ကျဆင်းသွားခဲ့ရကာ သွင်းဂိုး(၁၅)ဂိုးသာ ရှိခဲ့ရပါတယ်။ ဒီလို အူဘာမီယန်းရဲ့ ဂိုးသွင်းစွမ်းရည် ကျဆင်းလာမှုကြောင့် နွေစျေးကွက်အတွင်းမှာ တိုက်စစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ရတာဖြစ်ပြီး ဖရန့်ဖတ်အသင်းမှာ ခြေစွာလို့နေတဲ့ တိုက်စစ်မှူးဆေးဗားကို မျက်စိကျလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆေးဗားကို အာဆင်နယ်တစ်သင်းတည်းကသာ စိတ်ဝင်စားနေတာမဟုတ်ပဲ မန်ချက်စတာယူနိုက်တက်အပါအဝင် ကလပ်အသင်းများစွာကနေ ပစ်မှတ်ထားနေသလို သူရဲ့ပြောင်းရွှေ့ကြေးကိုလည်း ဖရန့်ဖတ်အသင်းဘက်ကနေ ယူရို(၃၅)သန်းဝန်းကျင်ခန့် သတ်မှတ်လို့ထားပါတယ်။