ဇလာတန် အီဘရာဟီမိုဗစ် ရဲ့ ဆွီဒင် နိုင်ငံ အသင်း အတွက် ပြန်လည်ကစားပေးမယ်ဆိုတဲ့ ကောလဟာလ တွေကို နိုင်ငံအသင်းနည်းပြ အန်ဒါဆန်က ငြင်းပယ်သွားခဲ့ပါတယ်။ မီလန် အသင်းရဲ့ တိုက်စစ်မှူးတစ်ဦး ဖြစ်တဲ့ အီဘရာဟီမိုဗစ် ဟာ ယခုတစ်ပတ် အစောပိုင်းလောက်က သူ့အနေနဲ့ နိုင်ငံအသင်းကနေ အနားယူရာကနေ ပြန်လည် ကစားတော့မယ်ဆိုတဲ့ အရိပ်အမြွက်တစ်ခု ပေးခဲ့ပါတယ်။ မိုဗစ် ဟာ နိုင်ငံအသင်းကနေ အနားယူထားတာ ၄ နှစ်တောင် ကြာမြင့်နေပြီ ဖြစ်ပါတယ်။

Photo Credit: Express

အီဘရာဟီမိုဗစ်ဟာ ဒီရာသီ စီးရီးအေ အတွက် သူ့ရဲ့ ၈ ဂိုးမြောက် သွင်းဂိုးကို ယူဒီနန်စ် နဲ့ ပွဲစဉ်မှာ သွင်းယူခဲ့အပြီး သူ့ရဲ့ အင်စတာဂရမ်မှာ ဆွီဒင် အသင်း အင်္ကျီနဲ့ ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ အဆိုပါ ပုံရဲ့ ကပ်ပရှင်ကိုလည်း “ မတွေ့ရတာ ကြာပြီ ” ဆိုပြီး ရေးသားထားခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ မိုဗစ်ဟာ ကြာသပတေးနေ့က ကြေညာခဲ့တဲ့ နိုင်ငံအသင်း လူစာရင်းမှာတော့ မပါဝင်ခဲ့ပါဘူး။ ဒါ့အပြင် နည်းပြ အန်ဒါဆန် ကလည်း ကစားသမားတွေ ပြန်လာနိုင်ချေရှိတဲ့ တံခါးပေါက်ကို ပိတ်လိုက်ပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။

Photo Credit: Express

“ တစ်ချို့လူတွေက အဲ့ဒီ ဓာတ်ပုံနောက်ကွယ်မှာ အစီအစဉ်တစ်ခုခု ရှိနေတယ်လို့ ပြောနေကြတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ အဲ့ဒါက ဘာကို ဆိုလိုလဲဆိုတာကို လုံးဝ နားမလည်နိုင်ဘူး။ ကျွန်တော် အဲ့ဒါနဲ့ ပတ်သက်ပြီး အများကြီး မစဉ်းစားချင်ပါဘူး။ သူ့ရဲ့ နိုင်ငံတကာ ကစားသမားဘဝက ပြီးဆုံးသွားခဲ့ပြီလို့ သူကိုယ်တိုင် ပြောခဲ့တာ လေးနှစ်ခွဲ‌တောင်ရှိပါပြီ။ ကျွန်တော်တို့နှစ်ယောက် ဒီအကြောင်းကို ဥရောပချန်ပီယံရှစ် အပြီးမှာ ဆွေးနွေးခဲ့ဖူးပါတယ်။ ကျွန်တော် သူ့ကို ဒီလိုမျိုး ဆုံးဖြတ်ချက်ချတဲ့ ကစားသမားတွေ နဲ့ တန်းတူ အစွမ်းကုန် လေးစားပေးခဲ့ပါတယ်။ ဒါကြောင့်မို့ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်တော် မဖြေချင်တော့ပါဘူး ”