{Unicode}
အဲဗာတန် နည်းပြသစ် အန်ဆယ်လော့တီက အန်ဖီးလ်ကွင်းမြေမှာ လီဗာပူးလ်အသင်းကို အနိုင်ရဖို့က အဲဗာတန်အသင်းရဲ့ အိပ်မက် ဖြစ်တယ်လို့ အခိုင်အမာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ (၁၉၉၉) ခုနှစ်နောက်ပိုင်း လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းမှာ ပြိုင်ပွဲစုံ (၁) ပွဲမှာ အနိုင်မရခဲ့တော့တာ ဖြစ်ပြီး အခုအပတ်မှာ ပြန်ရင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။
Photo Credit: Sportskeeda
နည်းပြ အန်ဆယ်လော့တီရဲ့ အဲဗာတန်အသင်းဟာ မနက်ဖြန် တနင်္ဂနွေည (၁၀း၃၀) အချိန်မှာ လီဗာပူးလ်အသင်းနဲ့ လီဗာပူးလ်အိမ်ကွင်း အန်ဖီးလ်ကွင်းမှာ ကစားသွားကြရမှာပဲ ဖြစ်ပါတယ်။ နည်းပြ အန်ဆယ်လော့တီက အဲဗာတန် အသင်းဟာ အန်ဖီးလ်ကွင်းမှာ လီဗာပူးလ် အသင်းကို (၁၉၉၉) ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် ပြန်လည် အနိုင်ချင်နေကြတယ်လို့ ပြောခဲ့ပါတယ်။
Photo Credit: Sportskeeda
နည်းပြ အန်ဆယ်လော့တီက “အဲဗာဗန် ပရိသတ်တွေ ဒီပွဲစဉ်ကို ဘယ်လောက် ကြိုက်ကြမလဲ ဆိုတာကို ကျွန်တော် သိပါတယ်။ ကျွန်တေ်ာတို့မှာ တူညီတဲ့ အိပ်မက်ရှိပြီး အဲဒါကတော့ အန်ဖီးလ် ကွင်းမှာ လီဗာပူးလ်အသင်းကို အနိုင်ရဖို့ပါ။ ဒါက ကျွန်တေ်ာတို့ရဲ့ အိပ်မက် နဲ့ အခွင့်အရေးပါ။ ဒါကြောင့် လီဗာပူးလ်အသင်းကို အနိုင်ရအောင် ကြိုးစားသွားမှာပါ”လို့ ကတိပေးသွားပါတယ်။