ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြကြီး ကားလို့အန်စလော့တီက ရက်ပိုင်းလေးအတွင်းမှာပဲ ပြန်လည် ဖွင့်လှစ်သွားတော့မယ့် ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ရီးယဲလ်အသင်းအတွက် ကစားသမားအဝင် မရှိတော့ပဲ ကစားသမားအထွက်သာ ရှိလာနိုင်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Photo Credit : Defensa Central

လာလီဂါထိပ်သီး ကလပ်အသင်း ရီးယဲလ်အသင်းဟာ နွေဈေးကွက်တုန်းက ခံစစ်မှူး ရူဒီဂါနဲ့ ကွင်းလယ်လူ ချူအာမန်နီတို့ကို ခေါ်ယူထားခဲ့ပြီး ဒီလထဲမှာလည်း ဆယ်ကျော်သက် ဘရာဇီးလ် ကစားသမားလေး အန်းဒရစ်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိထားခဲ့ပါသေးတယ်။ ရီးယဲလ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လာလီဂါပြိုင်ပွဲမှာ ဘာစီလိုနာရဲ့အောက် (၂)မှတ်အကွာနဲ့ အဆင့်(၂)နေရာ ရောက်ရှိနေပြီး ချန်ပီယံလိဂ်ဘက်မှာဆိုရင်လည်း ရှုံးထွက်(၁၆)သင်းအဆင့်ဆီ တတ်လှမ်းထားနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ရီးယဲလ်အသင်းက တိုက်စစ်ကစားသမား မာရီယာနိုဒီးယက်ဇ်ကလွဲပြီး ကျန်တဲ့ ကစားသမားတွေက fitness ကောင်းမွန်နေသလို အသင်းရဲ့ အဓိက player ဘန်ဇီမာလည်း အသင်းအတွက် ပြန်လည် ကစားပေးဖို့ အသင့်ဖြစ်လို့နေပြီ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

ဒါကြောင့် ရီးယဲလ်နည်းပြ အန်စလော့တီက ဆောင်းဈေးကွက်ထဲ ကစားသမား ခေါ်ယူစရာ မလိုတော့ကြောင်း “ဇန်နဝါရီလထဲမှာ ကျွန်တော်တို့ ကစားသမား ခေါ်ယူစရာ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ ဈေးကွက်က ပိတ်ပါပြီ။ တချို့ကစားသမားတွေကတော့ ထွက်ခွာဖို့ ရှိနေတာမို့ စောင့်ကြည့်ရပါမယ်။ ကျွန်တော်တို့ ထိပ်တန်း အရည်အသွေးရှိသူ အန်းဒရစ်ကို ခေါ်ယူခဲ့ပါတယ်။ ကျွန်တော် သူ့ကို မနှစ်က တွေ့ထားခဲ့ပြီး ကျွန်တော်တို့တွေ စကားနည်းနည်း ပြောဖြစ်ခဲ့ပါတယ်။ သူက ၂၀၂၄ခုနှစ်မှာ ကျွန်တော်တို့အသင်းဆီ ပူးပေါင်းလာမှာပါ။ ဒီအတွက် ကျွန်တော်တို့ စိတ်လှုပ်ရှားပြီး ပျော်ရွှင်နေပါတယ်” ဆိုပြီး ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် နည်းပြအန်စလော့တီက ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် “ကျွန်တော် မသိပါဘူး။ ကျွန်တော်ကို ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဘက်ကနေ ချိတ်ဆက်လာတာမျိုး မရှိခဲ့သလို ကျွန်တော်ကိုယ်တိုင်ကလည်း ရီးယဲလ်မက်ဒရစ်အသင်းမှာပဲ ဆက်လက် ရှိနေချင်ပါတယ်။ ကျွန်တော် ဒီအသင်းကနေ ထွက်ခွာဖို့ကိုလည်း ဘယ်တုန်းကမှ မတောင်းဆိုထားခဲ့ဖူးပါဘူး” လို့ ရှင်းလင်း ပြောကြားလာခဲ့ပါတယ်။