စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ ကာရင် ဘန်ဇီမာ ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန် ကိုပါဒယ်ရေး ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဘီလ်ဘာအိုကို ရှုံးနိမ့်ခဲ့ရတာက အသင်းရဲ့ အဓိက တိုက်စစ်မှူး ဘန်ဇီမာ မပါဝင်နိုင်ခဲ့လို့ ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ကိုပါဒယ်ရေး ကွာတားဖိုင်နယ် ပွဲစဉ်အဖြစ် ဘီလ်ဘာအိုကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ တိုက်စစ်ပိုင်း အားနည်းချက်တွေကြောင့်ပဲ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။

Photo Credit: AS English

အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ရဲ့ ကွင်းလယ်နဲ့ ခံစစ်ပိုင်းက ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ခဲ့ပေမယ့် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဘန်ဇီမာ မပါဝင်လာတဲ့ တိုက်စစ်ပိုင်း ကတော့ ပုံမှန်ခြေစွမ်း ရဖို့ ရုန်းကန်ခဲ့ရပြီး တိုက်စစ်ပိုင်း ညံ့ဖျင်းမှုကြောင့်ပဲ ရီးရဲလ်မက်ဒရစ်ဟာ ဘီလ်ဘာအိုကို အရေးနိမ့်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်ခဲ့တဲ့ ဘီလ်ဘာအိုကတော့ စပိန်စူပါဖလား ရှုံးကြွေးကို ပြန်ဆပ်နိုင်ခဲ့သလို ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ် နှစ်သင်းစလုံးကို အနိုင်ယူ ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့ ပထမဦးဆုံးအသင်း အဖြစ် မှတ်တမ်းကောင်း တရပ်လည်း ရရှိခဲ့ပါတယ်။

Photo Credit: AS English

ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ ဘီလ်ဘာအိုကို အရေးနိမ့်ခဲ့ရတာက အဓိက တိုက်စစ်မှူး ဘန်ဇီမာကို လက်လွှတ်ခဲ့ရတာကြောင့်ပါ လို့ ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

အန်ဆလော့တီက – “ကျွန်တော်တို့က ရှိသမျှ ဆုဖလား အားလုံးကို အနိုင်ရချင်လို့ အခုလိုမျိုး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ အတွက် နာကျင်ရပါတယ်။ ဒီပြိုင်ပွဲကနေ ထွက်ခွာခဲ့ရလို့ ကျွန်တော်တို့တွေရဲ့ ရလဒ်ပိုင်းတွေ ယိမ်းယိုင်သွားမယ်လို့တော့ မထင်ပါဘူး။ ဒါ့အပြင် ဒီပြိုင်ပွဲကနေ ထွက်ခွာခဲ့ရလို့ ကျွန်တော်တို့တွေ ပိုပြီး အင်အားကောင်းလာဖို့ပဲ ရှိပါတယ်။ ကျွန်တော်တို့တွေမှာ ကာရင်(ဘန်ဇီမာ)လိုမျိုး အရည်အသွေးမြင့် ကစားသမားတွေ မရှိခဲ့ပါဘူး။ ကျွန်တော်တို့တွေ ကစားကွက်ကိုလည်း မပြောင်းနိုင်ခဲ့ဘူး။ ဘန်ဇီမာ မပါဝင်နိုင်လို့ ကျွန်တော်တို့ရဲ့ တိုက်စစ်ပိုင်းက အသက်မဲ့သွားပြီး နောက်တန်းမှာသာ အချိန်ကုန်ခဲ့ရလို့ မိနစ်၇၀ နောက်ပိုင်းမှာ အားလုံးက မောပန်းသွားကြရပါတယ်။ ဘီလ်ဘာအိုရဲ့ ဖိအားပေးမှုတွေကလည်း အတော်လေးကို ကောင်းခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။