စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ အန်ဆလော့တီ ကတော့ ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေဟာ သူတို့အသင်းထံ ပြောင်းရွှေ့ချင်စိတ် ရှိမယ်လို့ မျှော်လင့်မိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်သလို ငယ်ရွယ်သေးတာကြောင့် သူ့ကို ခေါ်ယူနိုင်တဲ့ အသင်းတွေဟာ လာမယ့် ဆယ်စုနှစ် တခုကြာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ပိုင်ဆိုင်ခွင့်ရမှာလည်း ဖြစ်ပါတယ်။

Photo Credit: Goal

လက်ရှိမှာတော့ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို ပီအက်စ်ဂျီအသင်းက စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးစားနေပေမယ့် အမ်ဘာပေ ကတော့ သူ့ရဲ့ ငယ်ဘဝ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီသာ ပြောင်းရွှေ့ချင်နေပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကလည်း သူတို့အသင်းရဲ့ ကာလရှည်ပစ်မှတ် အမ်ဘာပေကို ခေါ်ယူဖို့ အဆက်မပြတ် ကြိုးစားနေပြီး ယမန်နေ့မှာတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ နည်းပြ အန်ဆလော့တီက အမ်ဘာပေအနေနဲ့ ရီးရဲလ် မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ချင်စိတ် ရှိမယ်လို့ မျှော်လင့်ထားကြောင်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

အမ်ဘာပေရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အန်ဆလော့တီက – “အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ချင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ရီးရဲလ်မက်ဒရစ်ဟာ ကမ္ဘာ့အကောင်းဆုံးအသင်း ဖြစ်နေလို့ပါ” ဆိုပြီး ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။