MySport Myanmar

ကလော့ပ်ရဲ့ အမှားကြောင့် လီဗာပူးကို နိုင်ခဲ့တာပါလို့ ပြောလာတဲ့ အန်ဆလော့တီ

FOTOMONTAGE:Vorschau zum Champions League Finale FC Liverpool - Real Madrid am 28.05.2022 in Paris. v.lI.Carlo ANCELOTTI Trainer Madrid trifft auf Juergen KLOPP Trainer Liverpool. *** PHOTOMONTAGE Preview of the Champions League Final FC Liverpool Real Madrid on 28 05 2022 in Paris v lI Carlo ANCELOTTI Coach Madrid meets Juergen KLOPP Coach Liverpool

စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ နည်းပြချုပ် ဖြစ်သူ အန်ဆလော့တီက ယနေ့မနက် အစောပိုင်းမှာ လီဗာပူးနဲ့ ယှဉ်ပြိုင် ကစားခဲ့ရတဲ့ ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ လီဗာပူးကို အနိုင်ရခဲ့တာဟာ လီဗာပူးနည်းပြ ကလော့ပ်ရဲ့ နည်းစနစ်ရဲ့ အားနည်းချက်ကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးတို့က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံး ၅နှစ် အတွင်းမှာ ၄ကြိမ် အထိ ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ အသင်းတွေ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က ၂၀၁၈နဲ့ ၂၀၂၂ ချန်ပီယံလိဂ် ဗိုလ်လုပွဲတွေမှာ လီဗာပူးကို အနိုင်ရကာ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့သလို ၂၀၂၁ခုနှစ်မှာလည်း လီဗာပူးကို ရှုံးထွက်အဆင့် ကနေ ဖြုတ်ချနိုင်ခဲ့ပါတယ်။

Photo Credit: Euro Sports

ယခုတကြိမ် ထိပ်တိုက် တွေ့ဆုံမှုမှာလည်း ရီးရဲလ်မက်ဒရစ်က ပထမအကျော့ အဖြစ် လီဗာပူးကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၂-၅ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့သလို ယနေ့မနက် အစောပိုင်းမှာ ဒုတိယအကျော့ အဖြစ် လီဗာပူးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ထပ်မံ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၆-၂နဲ့ ထိုက်ထိုက်တန်တန် အနိုင်ရကာ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ် ၁-၀ လီဗာပူး ပွဲစဉ်မှာ အိမ်ရှင် ရီးရဲလ်မက်ဒရစ်က ဧည့်သည် လီဗာပူးကို ပွဲစပွဲဆုံး ကစားကွက် အသာစီးနဲ့ ဆော့ကစားနိုင်ခဲ့ပြီး ပွဲချိန် ၇၈မိနစ်မှာ သွင်းယူခဲ့တဲ့ အဓိက တိုက်စစ်မှူး ကာရင် ဘန်ဇီမာရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ အဖိုးတန်နိုင်ပွဲကို ရရှိခဲ့တာပါ။

Photo Credit: Euro Sports

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆလော့တီက သူတို့အသင်းဟာ ကလော့ပ် အသုံးပြုလေ့ ရှိတဲ့ High Pressing ကစားဟန်ရဲ့ အားနည်းချက်ကို အသုံးချကာ လီဗာပူးကို အနိုင်ယူခဲ့တာ ဖြစ်ပြီး ကလော့ပ်ရဲ့ ကစားကွက်ဟာ လီဗာပူးကို ရှုံးနိမ့်စေခဲ့တဲ့ အရာတခု ဖြစ်ကြောင်း ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

အန်ဆလော့တီက – “ကျွန်တော်တို့ကို High Pressing လာဆော့တာက လီဗာပူးကို ရှုံးနိမ့်စေခဲ့တဲ့ အကြောင်းအရင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ မိုဒရစ်နဲ့ ခရူးစ်က High Pressingနဲ့ လာဆော့တဲ့ အသင်းတွေ ဆိုရင် အကောင်းဆုံး ထိန်းချုပ် ကစားနိုင်လို့ပါ။ မိုဒရစ်နဲ့ ခရူးစ်က နောက်တန်းကနေ ရောက်လာမယ့် ဘောလုံးကို လက်ခံ ရယူဖို့ မကြောက်ကြပါဘူး။ ဒီအချက်ကပဲ လီဗာပူးကို ရှုံးပွဲ ကြုံစေခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version