MySport Myanmar

ဘာပေဟာ ရော်နယ်လ်ဒိုရဲ့ အဆင့်ကို ရောက်လာနိုင်တယ်လို့ အန်ဆယ်လော့တီ သုံးသပ်

ရီးရဲလ် မက်ဒရစ်နည်းပြ ကားလို အန်ဆယ်လော့တီက ကီလီယန် အမ်ဘာပေဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ မန်ချက်စတာ စီးတီးကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟက်ထရစ် သွင်းယူခဲ့ပြီးနောက် ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ တူညီတဲ့ အဆင့်ကို ရောက်ရှိနိုင်တယ်လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

အဲဒီဂိုးတွေကြောင့် သူ့ရဲ့ ပွဲဦးထွက်ရာသီမှာ အသင်းအတွက် (၃၈)ပွဲမှာ (၂၈)ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ရော်နယ်ဒိုကတော့ (၄၃၈)ပွဲမှာ (၄၅၁)ဂိုးနဲ့ အသင်းရဲ့ အချိန်တိုင်း ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ပါတယ်။

Photo Credit : Firstpost

“သူ့မှာ အဲဒီဂိုးအရေအတွက်ကို ရောက်ရှိဖို့ အရည်အသွေးရှိပါတယ်။ ဒါပေမယ့် ကြိုးစားရပါမယ်။ ဘာလို့လဲဆိုတော့ ခရစ္စတီယာနိုက အမြင့်ဆုံးစံနှုန်းကို သတ်မှတ်ထားလို့ပါ။ ဒါပေမယ့် ဒီမှာ ကစားရတာကို အရမ်းစိတ်လှုပ်ရှားနေပြီး ခရစ္စတီယာနိုရဲ့ အဆင့်ကို ရောက်နိုင်ပါတယ်။ လူတိုင်းက သူ့ရဲ့ ဟက်ထရစ်ကို စောင့်မျှော်နေကြပြီး နောက်ဆုံးမှာ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အမ်ဘာပေ တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ကွာခြားမှုကို ဖန်တီးပေးနိုင်တဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ သူတို့ရဲ့ တစ်ဦးချင်း အရည်အသွေးထက် စုပေါင်းအလုပ်လုပ်မှုနဲ့ ကွာခြားမှုကို ဖန်တီးပေးတာက ထူးခြားပါတယ်။” လို့ အန်ဆယ်လော့တီက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါပေမယ့် ဘာပေက သူရှုဲ အဓိက အာရုံစိုက်မှုဟာ တစ်ဦးချင်း စွမ်းဆောင်မှုတွေထက် အသင်းကို ဘာတွေ အထောက်အကူပြုနိုင်မလဲဆိုတာပေါ်မှာပါ။ ပြင်သစ်လက်ရွေးစင်ဟာ ပီအက်စ်ဂျီအတွက် (၃၀၈)ပွဲမှာ (၂၅၆)ဂိုးသွင်းယူခဲ့ပေမယ့် မက်ဒရစ်မှာ ဆုဖလားတွေရရှိဖို့ကို ပိုပြီး စိတ်ပူနေပါတယ်။

Photo Credit : The News International

“ပြီးခဲ့တဲ့နှစ်က ချန်ပီယံလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်ခဲ့ပေမယ့် ကျွန်တော် ချန်ပီယံလိဂ်ကို ရရှိခဲ့လား။ မရပါဘူး။ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ဖို့ကို ကျွန်တော် ဂရုမစိုက်ပါဘူး။ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ ဂိုးတွေ အများကြီး သွင်းယူခဲ့ပါတယ်။ ဒီဂိုးတွေနဲ့ ဆုဖလားတွေ ရရှိမယ်ဆိုရင် ကျွန်တော့်ရဲ့ သွေးနဲ့တောင် လက်မှတ်ထိုးပါ့မယ်။ ဂိုး(၅၀)သွင်းနိုင်ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်လိုချင်တာက ဆုဖလားတွေ ရရှိဖို့ပါပဲ။” လို့ အမ်ဘာပေက သတင်းထောက်တွေကို ပြောပါတယ်။

ရီးရဲလ် မက်ဒရစ်ဟာ မန်ချက်စတာစီးတီးကို စုစုပေါင်း ၆-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့ပေမယ့် အန်ဆယ်လော့တီက league phase ဇယားအတွင်း ထိပ်ဆုံးရှစ်နေရာအပြင်ဘက်မှာ ရပ်တည်ခဲ့ရပြီး နောက်ထပ်အဆင့်ကို ဖြတ်ကျော်ရတာကို စိတ်ပျက်ခဲ့ပါတယ်။ သူတို့ဟာ သောကြာနေ့မှာ မဲခွဲပွဲအပေါ် မူတည်ပြီး ၁၆ သင်းအဆင့်မှာ ဘိုင်ယန် လေဗာကူဆင် ဒါမှမဟုတ် အက်သလက်တီကို မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

Exit mobile version