မနေ့ညက ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်မှာ လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းက အိမ်ရှင်ဆဲလ်တစ်အသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့်လည်း ပထမပိုင်းပွဲချိန်အတွင်းမှာတော့ သူတို့အသင်းက ရုန်းကန်ခဲ့ရတယ်လို့ ရီးယဲလ်နည်းပြကြီး ကားလို့အန်စလော့တီက ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

Celtic struggled in the second half where they conceded three goals as keeper Joe Hart throws the ball after conceding

Photo Credit : Daily Mail

ရီးယဲလ်အသင်းဟာ ဒုတိယပိုင်း ပွဲချိန်မှာ ဗင်နီစီယပ်စ် မိုဒရစ်နဲ့ လူစားဝင် ကစားသမား ဟာဇက်တို့ရဲ့ သွင်းဂိုးတွေနဲ့ စကော့တလန်မြေမှာ ဂိုးပြတ် အနိုင်ရခဲ့တာ ဖြစ်ပေမယ့်လည်း ပထမပိုင်းမှာ အိမ်ရှင်အသင်းရဲ့ ကစားဟန်ကြောင့် ရီးယဲလ်အသင်း ရုန်းကန်ခဲ့ရတယ်လို့ နည်းပြအန်စလော့တီက ပြောဆိုသွားခဲ့ပါတယ်။ ပြိုင်ဘက်အသင်းနဲ့ ပတ်သတ်ပြီး အန်စလော့တီက “ဆဲလ်တစ်က အသင်းကောင်းတစ်သင်းပါ။ ရိန်းဂျားစ်နဲ့ပွဲမှာ သူတို့ ဘယ်လောက်အထိ လုပ်ပြထားနိုင်သလဲဆိုတာ သိထားလို့ ဒီပွဲကို ကျွန်တော်တို့ စိုးရိမ်ပူပန်ခဲ့ရတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ အနည်းငယ် ဒုက္ခရောက်ခဲ့ရပေမယ့် ဒီနေရာမှာ ဒီလို ခံစားရတာ ပုံမှန်ပါပဲ”

Real Madrid boss Carlo Ancelotti admitted his side 'suffered in the first half' against Celtic

Photo Credit : Daily Mail

“ကွင်းထဲမှာ ပရိသတ်တွေရဲ့ အားပေးမှုက တကယ့်ကို ရင်သပ်ရှုမောစရာပါပဲ။ ဒီလို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဘောလုံးပွဲကောင်းတစ်ပွဲ ဖြစ်အောင် ပြသနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပေမယ့် ကျွန်တော့်အသင်းအပေါ်ကို ကျွန်တော် စိတ်မကွက်မိဘူး။ ကျွန်တော်တို့ ရုန်းကန်ခဲ့ရတယ်ဆိုတာ မှန်ပေမယ့် အဆုံးသတ်မှာတော့ ကျွန်တော်တို့တွေ လိုချင်တဲ့ ရလဒ်အတိုင်း ဖော်ဆောင်နိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တယ်။ ကျွန်တော်တို့အသင်း အပါအဝင် အသင်းတိုင်းက ရုန်းကန်ရနိုင်ပေမယ့် အဆုံးသတ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ပွဲကို အကောင်းဆုံး ပြန်ကစားနိုင်အောင် လုပ်ဆောင်ဖို့သာ လိုအပ်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဒီပွဲမှာ ရီးယဲလ်ရဲ့ အရေးပါဆုံးသော ကစားသမားဖြစ်သူ တိုက်စစ်မှူး ကာရန်ဘန်ဇီမာ ဒူးဒဏ်ရာ ပြသာနာကြောင့် ပထမပိုင်း ပွဲချိန် မိနစ်(၃၀)မှာပဲ ဟာဇက်နဲ့ လူစားလဲခဲ့ရပြီး ဟာဇက်ကလည်း ဒုတိယပိုင်းအတွင်းမှာ မိုဒရစ်ရဲ့သွင်းဂိုးကို ဖန်တီးခဲ့သလို အသင်းရဲ့ တတိယမြောက်ဂိုးကိုပါ ဟာဇက်က သွင်းယူသွားခဲ့ပါတယ်။ အန်စလော့တီကိုယ်တိုင်ကပါ ဟာဇက်ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးသွားခဲ့ပြီး ဟာဇက်က သူပါဝင်ကစားရဖို့နဲ့ အသင်းအတွက် တစ်ခုခု လုပ်ပြဖို့ စိတ်အားထက်သန်နေတဲ့ ကစားသမားတစ်ဦးလို့ပါ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။