MySport Myanmar

မန်ယူရဲ့ ဘယ်ခြမ်းခံစစ် နေရာအတွက် ပစ်မှတ်တွေထဲမှာ ဘန်ချီဝဲလ်ပါ ပါဝင်လာ

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ဘယ်ခြမ်းခံစစ်နေရာအတွက် ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲမှာ မနှစ်က အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ဆာဂျီယို ရယ်ဂီလွန် ၊ ဂျီရိုနာ ဘယ်နောက်ခံ မီဂွယ်လ် ဂူတီယာရက်ဇ်နဲ့ ချယ်လ်ဆီးအသင်းရဲ့ ဘယ်နောက်ခံကစားသမား ဘန်ချီဝဲလ်ပါ ပါဝင်လာခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူတွေဖြစ်တဲ့ လုခ်ရှောနဲ့ တိုင်လာ မာလာစီယာတို့ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဒဏ်ရာပြသာနာတွေ ကိုယ်စီ ရရှိခဲ့ကြပြီး လုခ်ရှောဆိုရင် ပြိုင်ပွဲစုံ (၁၅)ပွဲသာ ကစားနိုင်ခဲ့သလို နယ်သာလန် ဘယ်နောက်ခံလူ မာလာစီယာဆိုရင်လည်း တစ်ရာသီလုံး အနားယူနေခဲ့ရပါတယ်။

Photo Credit : Football Transfer

ဒါကြောင့် ယူနိုက်တက်က ပြီးခဲ့တဲ့ရာသီမှာ စပါး ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို အငှားနဲ့ ခေါ်ယူခဲ့သလို ရယ်ဂီလွန်ကို စပါးအသင်းဆီ ပြန်ပို့လိုက်ရချိန်မှာလည်း ညာနောက်ခံလူတွေဖြစ်တဲ့ ဒါလော့ နဲ့ ဝမ်ဘစ်ဆာခါတို့ကို ဘယ်ခြမ်းခံစစ်တွေမှာ ပြောင်းလဲ အသုံးပြုခဲ့ရပါသေးတယ်။

ဒီလို အခြေအနေတွေကြောင့် ယူနိုက်တက်က လုခ်ရှောရော မာလာစီယာပါ ဒဏ်ရာကနေ သက်သာလာခဲ့မယ်ဆိုရင်တောင် ဒီကစားသမားတွေရဲ့ ကြံခိုင်မှု အခြေအနေက စိတ်မချရတာကြောင့် ဘယ်ခြမ်းခံစစ်နေရာအတွက်ပါ ကစားသမား ဖြည့်တင်းချင်လာခဲ့ပြီး ပရီးမီးယားလိဂ် ပြိုင်ဘက်ကလပ် ချယ်လ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူ ဘန်ချီဝဲလ်ပါ ယူနိုက်တက်ရဲ့ ရေဒါထဲ ပါဝင်လာခဲ့ပါတယ်။

Photo Credit : Chelsea News

အသက် (၂၇)နှစ်အရွယ် လက်စတာ ကစားသမားဟောင်း ဘန်ချီဝဲလ်ဟာ ယူနိုက်တက်ရဲ့ ပစ်မှတ်ဟောင်းဖြစ်ပြီး ချယ်လ်ဆီးနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။ ဘန်ချီဝဲလ်ဟာလည်း injury prone ကစားသမားတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီကဆိုရင်လည်း ဒဏ်ရာပြသာနာ ပေါင်းစုံကြောင့် ရက်ပေါင်း (၁၅၀)လောက်အထိ အနားယူခဲ့ရပါသေးတယ်။

ဒါကြောင့် ယူနိုက်တက်နဲ့ လက်ရှိ သတင်းထွက်နေတဲ့ ဘယ်နောက်ခံကစားသမားတွေထဲမှာ ဖြစ်နိုင်ခြေ အရှိဆုံးက ရယ်ဂီလွန်ဖြစ်ပြီး ကစားသမားကိုယ်တိုင်က စပါးကနေ ထွက်ခွာချင်နေသလို စပါးအသင်းဘက်ကလည်း ရယ်ဂီလွန်ကို အပြီးသတ် ရောင်းချသွားချင်နေပါတယ်။ ရယ်ဂီလွန်က စပါးနဲ့ ၂၀၂၅မှာ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာမို့ သူ့ကို cut-price နဲ့ ခေါ်ယူသွားနိုင်မှာလည်း ဖြစ်ပါတယ်။

Exit mobile version