MySport Myanmar

ချယ်လ်ဆီး ပစ်မှတ်ထားနေတဲ့ ကစားသမားတွေထဲမှာ ဆန်ချိုပါ ပါဝင်လာ

ချယ်လ်ဆီးအသင်းဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင် ဒီရက်ပိုင်းအတွင်းမှာပဲ တိုက်စစ် ကစားသမားတွေကို ပစ်မှတ်ထားနေရာ ချယ်လ်ဆီး ပစ်မှတ်တွေထဲမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂျေဒန် ဆန်ချိုပါ ပါဝင်လျက် ရှိနေပါတယ်။

ချယ်လ်ဆီးက ဘာစီလိုနာအသင်းရဲ့ အန်ဆူ ဖာတီ ၊ ဖယ်ရန်း တောရက်စ် နဲ့ ရာဖင်ဟာတို့ကို ပစ်မှတ်ထားလျက် ရှိနေသလို ပရီးမီးယားလိဂ်ပြိုင်ဘက် ယူနိုက်တက်အသင်းရဲ့ အင်္ဂလန် တိုက်စစ် ကစားသမား ဆန်ချိုကိုပါ အသင်းရဲ့ shortlist ထဲမှာ ထည့်သွင်းထားခဲ့ပါတယ်။

Photo Credit : Chelsea Core

ဈေးကွက်ပိတ်ဖို့ ရက်ပိုင်းလောက်လို ကျန်ရှိနေချိန်မှာ အသင်း တိုက်စစ်ပိုင်းအတွက် ကစားသမားတစ်ဦးခန့် ထပ်မံ အားဖြည့်သွားဖို့ ရှိနေတဲ့ ချယ်လ်ဆီးအသင်းက ဘာစီလိုနာ ကစားသမား (၃)ဦးအပြင် အသက် (၂၃)နှစ်အရွယ် ဒေါ့မွန် ကစားသမားဟောင်း ဆန်ချိုကိုလည်း စိတ်ဝင်စားနေပါတယ်။

ဆန်ချိုက လက်ရှိ ဘောလုံးရာသီမှာ ယူနိုက်တက်အသင်းအတွက် အရန် ကစားသမားအဖြစ်သာ ကစားနေရတာဖြစ်ပြီး ပရီးမီးယားလိဂ် (၃)ပွဲမှာ စုစုပေါင်း (၇၁)မိနစ်ပဲ ကစားထားရကာ ပွဲထွက်ခွင့်ရဖို့ပါ ရုန်းကန်လာနိုင်ပါတယ်။

Photo Credit : We Ain’t Got No History

အင်္ဂလန်မြေမှာ ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်နေရတဲ့ ဆန်ချိုထက် အသင်းပြောင်းဖို့ သေချာသလောက် ရှိနေတဲ့ စပိန် တိုက်စစ်မှူးလေး အန်ဆူ ဖာတီကိုသာ ချယ်လ်ဆီးတို့ ပိုမို ကြိုးပမ်းဖွယ် ရှိနိုင်ပြီး မြို့ခံကလပ် စပါးအသင်းနဲ့ အပြိုင်လုရနိုင်ပါတယ်။

ဖာတီရဲ့ အခြေအနေဟာလည်း အပြောင်းအရွှေ့ နောက်ဆုံးချိန်အထိ ဆက်လက် စောင့်ကြည့်ရဦးမယ့် အခြေအနေ ဖြစ်နေပြီး လက်ရှိမှာတော့ ဖာတီကို လန်ဒန်ကလပ်တွေဖြစ်တဲ့ ချယ်လ်ဆီး နဲ့ စပါးတို့က အလိုရှိနေကြပါတယ်။

Exit mobile version