သူမဟာ တင်းနစ်လောကရဲ့ အကောင်းဆုံးတင်းနစ်မယ်တစ်ဦးလည်းဖြစ်ပါတယ်။ သူမရဲ့ တင်းနစ်အပေါ်ယုံကြည်ချက်နဲ့ ဘ၀ဖြစ်စဉ်လေးတွေကို တချက်လောက်ကြည့်လိုက်ရအောင်။

Source: wallpapercave.com

သူမကိုတော့ စက်တင်ဘာ (၂၆) ရက် (၁၉၈၁)  ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကိုတော့ (၁၉၉၅) ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး သူမရရှိတဲ့ ဆုကြေးငွေအားလုံးပေါင်းဟာ ဒေါ်လာ (၈၆) သန်းကျော်ရှိနေပြီလည်းဖြစ်ပါတယ်။

Source: wallpapercave.com

သူမဟာ တင်းနစ်ရိုက်ရာမှာထူးခွန်းလှပြီး အမဖြစ်သူ Vemus နဲ့အတူ (၁၉၉၀) ခုနှစ်ရဲ့ အကောင်းဆုံးနေရာတွေကို ဆုပ်ကိုင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ Grand Slam Double titles ကို  ၁၄ ခါနဲ့ single title ကို ၂၃ ခါရယူထားတာဖြစ်ပါတယ်။

Source: wallpapercave.com

သူမဟာ ပွဲကို အကောင်းဆုံးချဉ်းကပ်တတ်ပြီး တစ်ဖက်သားရဲ့ အားနည်းချက်ကိုလည်း အကောင်းဆုံးသိမြင်နိုင်တာဖြစ်ပါတယ်။ သူမဟာ (၂၀၁၇) ခုနှစ်တုန်းကဆိုရင် ကိုယ်ဝန်ရှိရက်နဲ့တောင်ပြိုင်ပွဲကို ၀င်ပြိုင်ကာ ဆုတံဆိပ်အချို့ ရယူနိုင်ခဲ့ပါတယ်။

သူမဟာ အမျိုးသမီးတင်းနစ်မယ်တွေထဲမှာတော့ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်ကို မထင်မှတ်ထားတာတွေ အမြဲလုပ်ပြတတ်ပြီး အကောင်းဆုံးနေရာကို ဆုပ်ကိုင်ထားတာလည်းဖြစ်ပါတယ်။