MySport Myanmar

ဒဏ်ရာကြောင့် ရာသီအစပိုင်း ပွဲစဉ်တွေကို လွဲချော်ရတော့မယ့် အာမက်

EAST RUTHERFORD, NEW JERSEY - JULY 22: Amad Diallo of Manchester United lies injured during the USA summer friendly game between Arsenal and Manchester United at MetLife Stadium on July 22, 2023 in East Rutherford, New Jersey. (Photo by Matthew Ashton - AMA/Getty Images)

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမားလေး အာမက် ဒီယဲလိုဟာ ရာသီကြို ခြေစမ်းပွဲအတွင်း ရရှိသွားခဲ့တဲ့ ဒဏ်ရာ ပြသာနာကြောင့် လာမယ့် ရာသီအစပိုင်း ပွဲစဉ်တွေကို လွဲချော်ရတော့မယ်လို့ ယူနိုက်တက်က အတည်ပြု ထုတ်ပြန်သွားခဲ့ပါတယ်။

အာမက်က အမေရိကန် ခြေစမ်းပွဲ ခရီးစဉ်အတွင်း အာဆင်နယ်နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိသွားခဲ့ရတာကြောင့် ရီးယဲလ် ဒေါ့မွန်တို့နဲ့ ပွဲတွေကိုပါ ဆက်တိုက် လွဲချော်ခဲ့ရပြီး အခုလည်း ရာသီအစပိုင်းလောက်အထိပါ အနားယူသွားရပါတော့မယ်။

Photo Credit : Daily Mail

အသက် (၂၁)နှစ်အရွယ် အိုင်ဗရီကို့စ် လက်ရွေးစင် winger လေး အာမက်ဟာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကစားသမားလေးတစ်ဦး ဖြစ်ပေမယ့် တောင်ပံ ကစားသမားတွေ ပြည့်နက်နေတဲ့ ယူနိုက်တက်မှာ နေရာ တစ်နေရာရဖို့ မလွယ်ကူနိုင်သေးပဲ အငှားသာ ထွက်ကစားနေရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဆန်းဒါးလန်းအသင်းမှာ အငှား သွားရောက်ကစားရင်း အတော်လေး ခြေစွမ်းပြသနိုင်ခဲ့တဲ့ အာမက်ကို ယူနိုက်တက်က နောက်ထပ် တစ်နှစ်ခန့်လောက် ထပ်မံ အငှားချဖို့ စီစဉ်ထားပေမယ့်လည်း အခု ဒဏ်ရာ အခြေအနေကြောင့် အသင်းမှာပဲ ဆက်ထားရဖွယ်သာ ရှိနေပါတယ်။

Photo Credit : talkSPORT

ယူနိုက်တက်အသင်းက ခြေစမ်းပွဲ ခရီးစဉ်တွေအတွင်း လူငယ် ကစားသမားလေးတွေကို ပွဲကစားခွင့် ပေးခဲ့ရာကနေ အာမက်အပြင် နောက်ထပ် လူငယ် ကစားသမားတစ်ဦးဖြစ်သူ ကွင်းလယ်လူ မိုင်နိုးပါ ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့အသင်းမှာ ပွဲကစားခွင့်တွေ ပိုမို ရရှိလာနိုင်တဲ့ ကစားသမားလေးလို့ အားလုံးက ထင်ကြေးပေးထားရတဲ့ မိုင်နူးဟာလည်း ရီးယဲလ်အသင်းနဲ့ ခြေစမ်းပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာ ပြသာနာကြောင့် အာမက်လို ရာသီအစပိုင်းလောက်အထိ အနားယူနေရတာ ဖြစ်ပါတယ်။

Exit mobile version