ကုန်ဆုံးသွားတဲ့ နွေအပြောင်းအရွှေ့အတွင်းမှာ အီတလီ စီးရိးအေ ကလပ် အတ္တလန်တာအသင်း ကနေ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းဟာ စပိန်ကလပ် ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမား ဖြစ်တဲ့ လီယွန်နယ် မက်ဆီလို တောက်ပလာမယ့် ကစားသမား အဖြစ် သတ်မှတ် ခံထားရပါတယ်။ ထရာအိုရေးဟာ လက်ရှိအချိန်မှာ အလုပ်ပါမစ်ကိစ္စကြောင့် အသင်းသစ် မန်ယူအသင်းနဲ့ ပူးပေါင်းနိုင်ခြင်း မရှိသေးပေမယ့် မန်ယူအသင်းဟာ အသက်၁၈နှစ်သာ ရှိသေးတဲ့ ထရာအိုရေးအတွက် အတ္တ္လလန်တာထံ ပြောင်းရွှေ့ကြေး ယူရို ၂၅သန်း ပေးချေခဲ့ရပြီး အပိုဆုကြေးတွေပါ ပေါင်းလိုက်ရင် ပြောင်းရွှေ့ကြေး ပမာဏဟာ စုစုပေါင်း ယူရို ၄၅သန်း အထိ မြင့်တက် သွားနိုင်ချေ ရှိပါတယ်။

Photo Credit: Talksport

အသက် ၁၈နှစ် အရွယ်သာ ရှိသေးသလို စီနီယာ အသင်းကြီးမှာ ၃ပွဲသာ ပါဝင် ကစားထားရသေးတဲ့ လူငယ် ကစားသမား တစ်ဦးအတွက် ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းဆိုတာ အလွန်များပြားတဲ့ ပမာဏတစ်ခု ဒဖြစ်ပေမယ့် မန်ယူအသင်းရဲ့ ကင်းထောက်တွေဟာ ထရာအိုရေးကို အသင်းထံ ခေါ်ယူနိုင်ခဲ့တာကြောင့် ပျော်ရွှင်နေကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ ဒါ့အပြင် ဥရောပရဲ့ နာမည်ကြီး သတင်းထောက်တွေ ဖြစ်တဲ့ ဒီမာဇီယို ၊ ဖာဘရီဇီယို ရိုမာနိုတို့ကလည်း မန်ယူအသင်းအနေနဲ့ ထရာအိုရေးကို ခေါ်ယူနိုင်ခဲ့တာဟာ အရမ်းကောင်းတဲ့ အပြောင်းအရွှေ့ တစ်ခုကို ပြုလုပ်နိုင်ခဲ့တာ ဖြစ်ကြောင်း သုံးသပ် ထားကြသလို ထရာအိုရေးဟာ မက်ဆီလက်သစ် ဖြစ်လာနိုင်တဲ့သူ ဖြစ်ကြောင်း ရိုမာနိုက ဆိုပါတယ်။

 

Photo Credit: Talksport

ထရာအိုရေးရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သတ်ပြီး ရိုမာနိုက “ ပါပူ ဂိုမက်စ်(အတ္တလန်တာ တိုက်စစ်မှူး)က ကျွန်တော့်ကို ထရာအိုရေးရဲ့ အကြောင်း ပြောပြခဲ့ဖူးပါတယ်။ ကိုယ့်လူရေ သူကတော့ အနာဂတ်ရဲ့ ကြယ်ပွင့်ပဲ။ ငါ့ကိုယုံကြည်ပါ။ ငါတို့ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေမှာ သူက မက်ဆီလိုပဲကွာ။ မင်းက သူ့ကို တားဆီးလို့ မရဘူး။ သူက လုံးဝကို ယုံကြည်နိုင်စရာ မရှိအောင် ကောင်းလွန်းတယ်။ ငါတို့အသင်းရဲ့ ခံစစ်မှူးတွေ သူ့ကြောင့် အရမ်းကို ဒုက္ခရောက်ခဲ့ကြတယ်။ ဒီကောင်လေးက အရမ်းကောင်းတယ် ဆိုပြီး ပြောခဲ့တာပါ “ လို့ သူ့ရဲ့ လူမှု ကွန်ယက်အကောင့်မှာ တင်သွားခဲ့ပါတယ်။