ရီးယဲလ်မက်ဒရစ်အသင်းဟာ အိုဆာဆူနာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စပိန်လာလီဂါ ပွဲစဉ်မှာ အသင်းရဲ့ အကယ်ဒမီထွက် လူငယ်ကစားသမား အဲလ်ဗာရိုရိုဒရီဂွက်ဇ်ကို စတင် ပွဲထုတ်လာခဲ့ပြီး ဒီချာတိတ်လေးကလည်း သူရဲ့ အရည်အသွေးတွေကို ပြသသွားနိုင်ခဲ့ပါတယ်။

Photo Credit : Football Espana

အိုဆာဆူနာအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရတဲ့ လာလီဂါပွဲအတွင်း ကွင်းလယ်လူ ဗယ်လ်ဗာဒီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေချိန် အသင်း အကယ်ဒမီထွက် ဥရုဂွေး လူငယ် တိုက်စစ်ကစားသမားလေး အဲလ်ဗာရိုကို ပွဲချိန် အနည်းငယ် စတင် အသုံးပြုလာခဲ့ပါတယ်။ အသက်(၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ တောင်အမေရိက talent ကစားသမားလေးဟာ သူ ဝင်ကစားခဲ့ရတဲ့ မိနစ်အနည်းလေးအတွင်းမှာပဲ ဂိုးဖန်တီးမှု (၂)ကြိမ်ထိ စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပထမဆုံးသော သူရဲ့ဖန်တီးမှုက ဗင်နီစီယပ်စ် ကန်သွင်းနိုင်ခဲ့ပဲ ကံဆိုးပြီး လူကျွံသွားခဲ့ရကာ အဆန်စီယိုအတွက် ဖန်တီးမှုကတော့ ဂိုးဝင်သွားခဲ့ရပါတယ်။

Photo Credit : Football Talent Scout

ပွဲကစားချိန် (၈၈)မိနစ်မှာ ဝင်လာတဲ့ ကစားသမားတစ်ဦးအနေနဲ့ ဒီလောက် အချိန်လေးအတွင်းမှာပဲ ဂိုးဖန်တီးမှု (၂)ကြိမ်ထိ လုပ်ဆောင်နိုင်ဖို့ မလွယ်ကူနိုင်သလို လာလီဂါမှာ ပထမဆုံးအကြိမ်အဖြစ် ကစားခွင့်ရချိန်မှာ ဒီလို စွမ်းဆောင်နိုင်တာက တကယ်ကို အထင်ကြီးစရာပါ။ စပိန်နိုင်ငံမှာ မွေးဖွားခဲ့တဲ့ ဥရုဂွေး ကစားသမားလေး အဲလ်ဗာရိုဟာ ၂၀၂၀ခုနှစ်ကမှ ရီးယဲလ် လူငယ် အကယ်ဒမီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ရီးယဲလ်အသင်းအတွက် ဒီရာသီမှသာ ရီးယဲလ်အတွက် စတင် ကစားပေးခွင့် ရရှိခဲ့တာဖြစ်ပြီး ကိုပါဒယ်ရေးပွဲစဉ်မှာ ပထမဆုံးအကြိမ် ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ La liga debut ကိုတော့ အိုဆာဆူနာအသင်းနဲ့ ပွဲစဉ်မှာ စတင် ကစားခဲ့ရတာဖြစ်ပြီး မိနစ်အနည်းလေးသာ ကစားခဲ့ရကာ ဂိုးဖန်တီးမှုတွေ လုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။ ဒီလို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အဲလ်ဗာရိုအနေနဲ့ လာမဲ့ ပွဲစဉ်တွေမှာ ရီးယဲလ်အတွက် ပါဝင်ကစားခွင့်တွေ ပိုမို ရရှိလာဖွယ်လည်း ရှိနေပါတယ်။

Image

Photo Credit : Twitter

လက်ရှ်ိမှာတော့ ရီးယဲလ်အသင်းဟာ လာမဲ့ ကြားရက်ထဲ လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်ကို ဆင်နွဲသွားရတော့မှာဖြစ်ပြီး ဒီပွဲပြီးတာနဲ့ အသက်လက်တီကိုနဲ့ လာလီဂါပွဲစဉ် ဘာစီလိုနာနဲ့ ကိုပါဒယ်ရေးပွဲစဉ်တွေပါ ဆက်တိုက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။