မန်ချက်စတာယူနိုက်တက်အသင်းကနေ လိဂ်ချန်ပီယံရှစ်ကလပ် ပရက်စတန်အသင်းမှာ အငှားနဲ့ သွားရောက် ကစားနေရတဲ့ စပိန် ဆယ်ကျော်သက် နောက်ခံအစွန်လူ ကစားသမားလေး အဲဗာရိုဖာနန်ဒက်ဇ်က သူရဲ့ကလပ်အသင်းဟောင်း ရီးယဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်အသင်းကြားက ကွာခြားမှုတွေအကြောင်းကို ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၁၉)နှစ်အရွယ်ရှိ လူငယ် ဘယ်နောက်ခံကစားသမားလေး ဖာနန်ဒက်ဇ်ဟာ ၂၀၂၀ခုနှစ်ကမှ ရီးယဲလ်ကနေ ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက် လူငယ်အသင်းမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီတုန်းက ယူနိုက်တက် ယူ-၂၃အသင်းရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးထားခဲ့ရတဲ့ ဖာနန်ဒက်ဇ်ဟာ ၂၀၂၂ခုနှစ် နွေရာသီမှာပဲ ပရက်စတန်အသင်းဆီ တစ်နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပြီး လိဂ်ချန်ပီယံရှစ် ပွဲစဉ်တွေ အပါအဝင် ပြိုင်ပွဲစုံ (၂၁)ပွဲအထိကို ကစားထားနိုင်ခဲ့ပါတယ်။

Photo Credit : Manchester Evening News

ဖာနန်ဒက်ဇ်က “ရီးယဲလ်မက်ဒရစ်မှာက ကျွန်တော်ဟာ အခြား ကစားသမားတစ်ယောက်လိုပါပဲ။ မန်ချက်စတာယူနိုက်တက်မှာကျတော့ သူတို့က ကျွန်တော့်ကို ထူးခြားစေတယ်။ ရီးယဲလ်မှာ ကျွန်တော်တို့က အကယ်ဒမီ ကစားသမားတွေပါ။ အားကစားခန်းမမှာ လေ့ကျင့်ခဲ့ရတာ်။ မနက်စာကိုလည်း ကလပ်အသင်းရဲ့ အဆောက်အဦးမှာ စားရတယ်။ ကာရင်တန်မှာကျတော့ ကျွန်တော် မနက်စားဖို့ သွားရင် ဘေးနားမှာ ဒီဂီယာရဲ့ ဖရက်ဒ်တို့ ရှိနေတယ်။ ရီးယဲလ်မှာက ရီးယဲလ်အရန်အသင်းကို ရောက်ရှိဖို့အတွက် ကစားသမား အရေအတွက် (၈)သိန်းလောက် ရှေ့မှာ ရှိနေပါတယ်။ ကျွန်တော်ကတော့ ပထမနှစ် လူငယ်ကစားသမားတစ်ယောက် ဖြစ်ခဲ့တယ်။ ယူနိုက်တက်မှာကျတော့ (၂)လလောက်ကြာပြီးနောက်မှာပဲ ကျွန်တော်က အရန်အသင်းမှာ ပါဝင်နေရပြီ။ အဲရစ်ဂါဆီယာ ပီကေးနဲ့ ကာဗာဟယ်တို့က စပိန်ကို ပြန်လာကြပြီး သူတို့ရဲ့ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းကြတယ်။ စတင်ခဲ့နေရာကို ပြန်သွားရတာက အမြဲတမ်း ကောင်းမွန်ပေမယ့် လက်ရှိမှာတော့ ကျွန်တော် မန်ချက်စတာယူနိုက်တက်မှာ ပျော်ရွင်နေပါတယ်။ အသင်းအတွက်လည်း ပါဝင်ကစားပေးချင်နေပါပြီ” လို့ ပြောဆိုလာခဲ့ပါတယ်။