ချယ်လ်ဆီးအသင်းဟာ အဲဗာတန်အသင်းရဲ့ တောင်ပံကစားသမား အန်တိုနီဂေါ်ဒွန်ကို ခေါ်ယူသွားဖို့အတွက် ကနဦး ကမ်းလှမ်းမှုအဖြစ် ပေါင်သန်း(၄၀)နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အဲဗာတန်ဘက်က ပယ်ချခဲ့တာကြောင့် ဂေါ်ဒွန်အတွက် နောက်ထပ် ကမ်းလှမ်းမှုတွေ ထပ်မံပြုလုပ်သွားဖို့ ဆွေးနွေးလျက် ရှိနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုက ဖော်ပြထားခဲ့ပါတယ်။

Anthony Gordon: £40m Chelsea bid rejected, but Everton breaking point and striker who could unlock transfer emerge

Photo Credit : TEAMtalk

ချယ်လ်ဆီးအသင်းဟာ နွေစျေးကွပ်ထဲမှာ အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ ဗာနာတို့ကို သူတို့ရဲ့ အသင်းဟောင်းတွေဆီ ပြန်လည်စေလွှတ်ခဲ့ပြီး ဇီယက်ရှ်နဲ့ ပူလီဆစ်တို့ကိုလည်း ရောင်းချသွားဖို့ ရှိနေရာ ဒီကစားသမားတွေရဲ့နေရာမှာ သွေးသစ်လောင်းဖို့အတွက် အဲဗာတန်က လူငယ် တောင်ပံကစားသမားလေး ဂေါ်ဒွန်ကို ပစ်မှတ်ထားလာခဲ့ပါတယ်။ အသက်(၂၁)နှစ်အရွယ် တောင်ပံကစားသမားလေး ဂေါ်ဒွန်ဟာ လီဗာပူးလ် လူငယ်အကယ်ဒမီထွက်ဖြစ်ပြီး ၂၀၂၀ခုနှစ်မှာပဲ အဲဗာတန်စီနီယာအသင်းအတွက် စတင် ကစားပေးခွင့် ရရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဲဗာတန်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း(၄၀)အထိ ကစားခွင့်ရခဲ့တဲ့ ဂေါ်ဒွန်ကို အခုဈေးကွက်အတွင်းမှာပဲ စပါးနဲ့ ချယ်လ်ဆီးအသင်းတွေက စိတ်ဝင်စားလာခဲ့ပြီး ကမ်းလှမ်းမှုတွေလည်း ပြုလုပ်လာခဲ့ကြပါတယ်။

Anthony Gordon was released by Liverpool as a teenager but became Everton's saviour against Premier League relegation and selling England star amid Tottenham transfer interest sends 'the wrong message to fans'

Photo Credit : talkSPORT

ဘယ်တောင်ပံ ညာတောင်ပံ တောင်ပံနှစ်ဖက်လုံးမှာ ကစားတတ်တဲ့အပြင် လိုအပ်ရင် ကွင်းလယ်တိုက်စစ်နေရာမှာလည်း ပါဝင်ကစားတတ်သေးတဲ့ အင်္ဂလန် ယူ-၂၁ ကစားသမားလေး ဂေါ်ဒွန်ဟာ သူရဲ့လက်ရှိကလပ် အဲဗာတန်အသင်းမှာ အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် အဲဗာတန်ဘက်က သူတို့ကစားသမားကို အသင်းကနေ အလွယ်တကူ လက်လွတ်မသွားချင်ပဲ ချယ်လ်ဆီးရဲ့ ပေါင်သန်း(၄၀)တန် ကနဦး ကမ်းလှမ်းချက်ကိုပါ ပယ်ချခဲ့ရပါတယ်။ ဒါပေမယ့် နွေဈေးကွက်ထဲ ကစားသမား ခေါ်ယူမှုတွေမှာ လူငယ်ကစားသမားတွေ ဦးစားပေး ခေါ်ယူထားခဲ့တဲ့ ချယ်လ်ဆီးက ဂေါ်ဒွန်လို အရည်အသွေးမြင့် လူငယ်ကစားသမားမျိုးကို အရခေါ်ယူနိုင်ဖို့ ဆက်လက် လုပ်ဆောင်သွားဦးမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးကိုပါ ထပ်မံ တိုးမြှင့်ကမ်းလှမ်းဖွယ်လည်း ရှိနေပါတယ်။ ချယ်လ်ဆီးနည်းပြဟောင်း လက်ရှိ အဲဗာတန်အသင်းကို ကိုင်တွယ်နေတဲ့ ဖရန့်လမ်းပတ်ကတော့ ဂေါ်ဒွန်ကို မဖြစ်မနေ ရောင်းချရမယ်ဆိုရင် ပြောင်းရွှေ့ကြေးအပြင် ချယ်လ်ဆီးက ကစားသမားတစ်ဦးကိုပါ အလိုရှိနေပြီး လတ်တလောမှာ အဲဗာတန်ဘက်က တိုက်စစ်ကစားသမား လိုအပ်နေတာကြောင့် ချယ်လ်ဆီးမှာ ပုံမှန်ကစားခွင့်မရှိတဲ့ ဘရိုဟာကို တောင်းဆိုဖွယ် ရှိနေပါတယ်။