လက်ရှိဘောလုံးရာသီအပါအဝင် ဘောလုံးနယ်ပယ်အတွင်းမှာ ကျင်လည်နေဆဲရှိတဲ့ ဘောလုံးသမားတွေအနက် အကောင်းဆုံးသော ဘယ်နောက်ခံကစားသမားတွေထဲမှာ ဂျော်ဒီအယ်ဘာ မာဆယ်လို အလာဘာ ဆန်ဒရို လူးကပ်ဟာနန်ဒက်ဇ် ရောဘတ်ဆန်တို့လို ကစားသမားတွေ ပါဝင်နေကြပေမယ့်လည်း နာမည်ကျော် ဘောလုံးဝက်ဆိုဒ်ကြီးတစ်ခုဖြစ်တဲ့ WhoSocred ကနေ ဖော်ပြလာချက်အရ ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံအစွန်လူလေး အယ်ဖွန်ဆိုဒေးဗီးစ်က ဒီရာသီရဲ့အကောင်းဆုံးသော ဘယ်နောက်ခံကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Photo Credit : Getty Images

အသက်၁၉နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက်အရွှယ် ကနေဒါနောက်ခံအစွန်လူ ဒေးဗီးစ်က ကနေဒါဘောလုံးကလပ် ဗန်ကူးဗားကနေ ဘိုင်ယန်အသင်းဆီကို ၂၀၁၉ခုနှစ်ကမှ ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ အသင်းနဲ့ စတင်ပူးပေါင်းခွင့်ရတဲ့နှစ်မှာပဲ သူ့ထက်အတွေ့အကြုံ ရင့်ကျက်လှတဲ့ ကစာသမားကြီးတွေကို ကျော်ဖြတ်ပြီး အသင်းရဲ့ပွဲထွက်ကစားသမားစာရင်းမှာ ပုံမှန်ပါဝင်လာခဲ့ရပြီး အခုဆိုရင် WhoSocred ကနေ ရွေးချယ်သတ်မှတ်လိုက်တဲ့ ဒီနှစ်ဘောလုံးရာသီရဲ့ အကောင်းဆုံးသော ဘယ်နောက်ခံကစားသမား ဖြစ်လာခဲ့ပါတယ်။

Photo Credit : Getty Images

ကနေဒီယန်း ကစားသမားလေး ဒေးဗီးစ်က ဒီရာသီမှာ ဘိုင်ယန်အသင်းအတွက် ဒီရာသီ ဘွန်ဒက်လီဂါပွဲစဉ်ပေါင်း (၁၇)ပွဲအထိကို ကစားခဲ့ပြီး အဲ့ဒီကတည်းကမှ (၁၃)ပွဲကို် ပွဲထွက်ကစားခဲ့ရကာ အဲ့ဒီပွဲတွေအတွင်း အလိမ်အခေါက်ပေါင်းများစွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဒီရာသီ ဘယ်နောက်ခံလူတွေအတွင်းမှာ အလိမ်အခေါက် အကောင်းဆုံးသူ ဖြစ်လို့နေပါတယ်။ ဒါ့အပြင် ပွဲစဉ်(၁)ပွဲအတွင်းမှာ ဘောလုံးဖြတ်ထုတ်မှုပေါင်းကို (၂.၉)ကြိမ် (၃)ကြိမ်နီးပါးလောက်အထိကို စွမ်းဆောင်ထားနိုင်ခဲဲ့ကာ သူရဲ့ခံစစ်စွမ်းရည်ကိုလည်း ပြသထားနိုင်ပါတယ်။ ဒီလို အလိမ်အခေါက်နဲ့ ဖြတ်ထုတ်မှုပိုင်းတွေမှာ တခြားကစားသမားတွေ အားသာလျက်ရှိနေတဲဲ့ ဒေးဗီးစ်ဟာ သာမာန်ဘောလုံးပေးပို့မှု Key Passes ပေးပို့မှုနဲ့ ခံစစ်ပိုင်းအတွင်း အသင်းဖော်တွေနဲ့ ပူးပေါင်းပါဝင်မှုတွေမှာလည်း သာလွန်ကောင်းမွန်နေတာကြောင့် အခုလို WhoSocred ကနေ ဒီရာသီရဲ့ အကောင်းဆုံး နောက်ခံအစွန်လူအဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်။